Monday, February 8, 2016

Relative Strength Index (RSI) အကြောင်းသိကောင်းစရာ (၅)

မင်္ဂလာပါ ….
          Traders များ အားလုံး မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝကြပါစေ။ ဒီ Post မှာတော့ ကျွန်တော်တို့ Relative Strength Index (RSI) နဲ့ ပက်သက်ပြီးတော့ ပြီးခဲ့တဲ့ Post မှာ ပြောခဲ့တဲ့ အတိုင်း Trend ID ကို ဆက်လက် လေ့လာသွားမှာ ဖြစ်ပါတယ်။

Trend ID
Professional Trading လုပ်ရန် အတွက် Technical Analysis ထဲမှာ ဒီ oscillators တွေကို 0 နဲ့ 100 အကြား  မှ ပိုမထွက်သွားအောင်နဲ့ လျော့မသွားအောင် ဖန်တီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ RSI အတွက် bull market range and bear market range တွေ identify ဘယ်လို လုပ်ထားသလဲ ဆိုတာကို ဆက်လက် လေ့လာပါမယ်။ 40-50 zones ကို Support ဖြစ်ပြီးတော့  40 နဲ့ 90 အကြား fluctuate (ဈေးအတက်အကျ) ဖြစ်နေတဲ့ အခြေအနေဆိုရင်  RSI ဟာ bull market (uptrend) ကို  ဦးတည်နေတာလို့ ဆိုပါတယ်။ အဲ့ဒီ  Ranges တွေဟာ RSI parameters တွေ၊ Trend ရဲ့ အားကောင်းမှု နဲ့ underlying security price ရဲ့ မတည်ငြိမ်မှု အပေါ်မှာ အလွန်မှီခိုနေရမှာ ဖြစ်ပါတယ်။
Chart 9 ကတော့ 2003 ကနေ 2007 ခုနှစ်တိုင်အောင် bull market ဖြစ်တဲ့ အချိန်အတွင်းမှာ SPY အတွက် 14 week RSI ကို ပြသထားတာ ဖြစ်ပါတယ်။ RSI ဟာ 2003 နောက်ပိုင်းမှာ 70 အထက်ကို တဟုန်ထိုး တက်သွားပါတယ်။ ပြီးတော့ bull market range ဖြစ်တဲ့ (40-90) ဆီကို ရွေ့သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ July 2004 မှာတော့ 40 လိုင်းအောက်မှာ overshoot တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း RSI ဟာ 40-50 zone ထဲမှာ ၂၀၀၅ January ကနေပြီးတော့ 2007 October (အစိမ်းရောင် မြား) ထိ တိုင်အောင် အနည်းဆုံး  5 - ကြိမ်ခန့် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ သတိထားရမှာကတော့ အဲ့ဒီ zone ကို ပြန်လာတဲ့ pullbacks တွေဟာ Uptrend မှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ low risk entry points တွေအဖြစ် ထောက်ပံ့ပေးတယ်ဆိုတာကိုပါပဲ။ ဆိုလိုတာကတော့ ကျွန်တော်တို့ Uptrend တွေရဲ့ Pullbacks တွေမှာ Trade အတွက် Long entry တွေ ၀င်လို့ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ 


အပြန်အလှန်အားဖြင့် 50-60 zone ကို Resistance အဖြင့် ထားပြီး 10 နဲ့ 60 အကြားမှာ fluctuate (ဈေးအတက်အကျ) ဖြစ်နေတဲ့ အခြေအနေဆိုရင် RSI ဟာ bear market (downtrend) ဘက်ကို ဦးတည်နေတာ ဖြစ်ပါတယ်။ Chart 10 ကတော့ US Dollar Index ($USD) 2009 downtrend အတွင်း 14 Days RSI ကို ပြသထားတာဖြစ်ပါတယ်။ RSI ဟာ March လအတွင်း bear range signal ကိုစတင်ဖို့ အတွက် 30 ကို ရွှေ့ပါတယ်။ 40-50 zone ဟာ နောက်ပိုင်း resistance အဖြစ် နေပြီးတော့ December မှာတော့ breakout ဖြစ်သွားပါတယ်။ ဒီမှာလည်း zone ကို ပြန်လာတဲ့ Pullback တွေမှာ short လုပ်နိုင်တဲ့ Entry တွေကို ရရှိနိုင်ပါတယ်။ 
 

ကျွန်တော်တို့ Trend ID များကို အသုံးချပြီးတော့ အမြတ်များများ ရှာနိုင်ပါကြပါစေ။

 အောင်မြင်ပါစေ

No comments:

Post a Comment