Sunday, May 22, 2016

The Official Supply And Demand Trading Guide

The Official Supply And Demand Trading Guide
--------------------------------------------------------------
လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က အစပြုပြီးတော့ ကျွန်တော်တို့ forex traders တွေ အကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာတဲ့ Trading method တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ Supply and demand trading System ပါပဲ။
Supply and demand trading ဆိုတာကို ယခုလို ရှင်းပြထားပါတယ်။ ကျွန်တော်တို့ ဈေးကွက် တစ်ခုထဲမှာ ဘယ်ဈေးနှုံးတွေမှာ Strong advance or decline ဖြစ်ပေါ်လာသလဲ ဆိုတဲ့ အချက်အလက် တွေကို ရှာဖွေပြီး အဲ့ဒီ areas တွေကို Supply and demand zones တွေအဖြင့် rectangles တွေနဲ့ ရေးဆွဲ ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ Zones တွေကို အသုံးပြုပြီး trading လုပ်တဲ့ method ဆိုတာကတော့ Supply and demand trading method ပါပဲ။
ဈေးနှုံးတစ်ခုမှာ Trader တွေဟာ Strong advance တစ်ခု ဖြစ်ပေါ်စေတယ်ဆိုရင် ဒီ point ဟာ Demand Zone လို့ ခေါ်ဆိုနိုင်ပါတယ်။ ။ အပြန်အလှန်အား ဖြင့် Sharp decline တစ်ခု ဖြစ်ပေါ်စေတယ်ဆိုရင်တော့ ဒါဟာ Supply Zone ပဲ ဖြစ်ပါတယ်။ New supply and demand zone trading system ရဲ့ယူဆပုံ မပြောခင်မှာ Supply and demand Zone Old trading System ရဲ့ယူဆပုံလေး အရင်ပြောချင်ပါတယ်။ ဒီနေရာမှာ သေချာနားလည်အောင် ဖတ်ပေးပါလို့ ပြောပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ အဟောင်းနဲ့ အသစ်ဟာ ယူဆပုံဟာ အတော်များများ ကွဲပြားသွားလို့ပဲ ဖြစ်ပါတယ်။
ကဲ အဟောင်းကလေးကို အရင်စလိုက်ကြရအောင်… tongue emoticon
ဈေးကွက်ထဲမှာ price ဟာ sharp တစ်ခုလို move up or down ဖြစ်ပေါ်လာတဲ့ အချိန်မှာ banks/hedge funds တို့ကဲ့သို့ large institutions တွေဟာ ဈေးကွက်မှာ သူတို့လိုချင်တဲ့ trades ပမာဏ ပြည့်ဝဖို့ အတွက် မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကို သူတို့ ဟာ အဲ့ဒီနေရာ zone မှာ price နောက်တစ်ကြိမ် ပြန်လာတဲ့ အခါမှာ သူတို့ရဲ့ order တွေကို ပြည့်ဖို့အတွက် pending orders တွေကို ချန်ထားခဲ့ကြလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ Supply and demand trading ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းအရာပဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ Supply and demand trading အကြောင်း ကောင်းကောင်းမသိသေးတဲ့ Trader သစ် တစ်ယောက်ဟာ ကျွန်တော် အထက်ပါ ရှင်းပြတဲ့ theory (အဟောင်း ယူဆချက်) ယူဆချက် ကို ကောင်းကောင်း သိချင်မှ သိခဲ့ပါလိမ့်မယ်။ (နောက်ပိုင်းမှာ ယူဆချက်တွေ ကွဲလွဲလာတဲ့ အတွက် ဖြစ်ပါတယ်။) ထားပါတော့။ ကျွန်တော်တို့ ဆက်ပြောပါမယ်။ ခုနက large institutions တွေ pending orders တွေကို ချန်ထားခဲ့တယ်ဆိုတဲ့ ယူဆချက်ပါ။ ဒါဟာ အဓိက ပြသနာ တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ အထက်ပါ Theory ဟာ forex market အမှန်တကယ် အလုပ်လုပ်ပုံနဲ့ လုံးဝကို မှားယွင်းနေတာပါပဲ။ 90% သော supply and demand traders တွေ အားလုံးဟာ Supply and Demand Zones တွေမှာ Trade လုပ်ကြပါတယ်။ large institutions တွေ ဟာ pending orders တွေကို အဲ့ဒီ Zones တွေမှာ ချန်ထားခဲ့တယ် ဆိုတဲ့ အထက်ပါ idea နဲ့ market တွေ returns ပြန်ဖြစ်လာတဲ့အခါမှာ ပေါ့။ ဒါဟာ လုံးဝကို မှားယွင်းနေတဲ့ ယူဆချက်လို့ ဆိုပါတယ်။ ဘယ်လို ထပ်ရှင်းထားသလဲ ဆိုတော့ Institutions တွေဟာ သူတို့ နှစ်သက်တဲ့ ဈေးနှုံး တစ်ခုမှာ pending orders တွေ ထားခဲ့ကြတယ် ဆိုပါတော့၊ ဒီ order တွေ ကို price ထိသွားတဲ့ အချိန်မှာ price ဟာ ဘယ်ကိုမှ ရွှေ့ရှားမသွားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ pending orders တွေဟာ market price ကို ပြောင်းလဲစေနိုင်တဲ့ အကြောင်းအချက် မဟုတ်လို့ပါပဲ။ Price ကို ရွှေ့ရှားစေတာကတော့ market order တွေသာလျှင် market price ကို ပြောင်းလဲ စေတာပဲ ဖြစ်ပါတယ်။
ဒီ အကြောင်းအရာတွေ ဘာကြောင့် ဘယ်လို ဆိုတာကို နားလည်နိုင်ဖို့ အတွက် ကျွန်တော်တို့ Liquidity အကြောင်းကို ဆက်ပြီးလေ့လာပါမယ်။
What Is Liquidity ?
Liquidity ဆိုတာကတော့ ငွေဖြစ်လွယ်မှုကို ခေါ်ဆိုတာပါ။ ဆိုလိုတာကတော့ ကျွန်တော်တို့ market ထဲမှာ တစ်စုံတစ်ခုကို ရောင်းလိုက်မယ်၊ ဒါမှမဟုတ် ရောင်းချင်တယ် ဆိုတဲ့အခါမှာ ၀ယ်သူ အဆင်သင့်ရှိနေတဲ့ သဘောပါ။ ထို့ အတူ တစ်စုံတစ်ခုကို ၀ယ်ချင်တယ် ဆိုရင်လည်း အရန်သင့် ရောင်းမယ့်သူ ရှိနေတာပဲ ဖြစ်ပါတယ်။ liquidity ရှိနေတယ် ဆိုရင် ရောင်းသူ၊ ၀ယ်သူ ကျေနပ်နေကြတဲ့ အတွက် ဈေးနှုံး price ဟာ ပြောင်းလဲ မှု မရှိပါဘူး။ ဒါကြောင့်မို့ chart ထဲမှာ ရွှေ့ရှားမှု မရှိပါဘူး။ ဒါကြောင့်မို့ liquidity ဆိုတာက ကျွန်တော်တို့ ကြီးမားတဲ့ ဈေးနှုံး အပြောင်းအလဲမရှိပဲ အ၀ယ် (သို့မဟုတ်) အရောင်း အချို့ ပြုလုပ်နိုင် တဲ့ စွမ်းရည်ပဲ လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဈေးနှုံး ရွှေ့ရှားမှု မရှိရင် liquidity ရှိနေလို့ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် market မှာ price ကို ရွှေ့ရှားနေတာကို မြင်တွေ့ရတယ်ဆိုရင်တော့ ငွေဖြစ်လွယ်မှု liquidity ကင်းမဲ့နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ရောင်းသူထက် ၀ယ်သူများတဲ့ အခြေအနေတွေ၊ ၀ယ်သူထက် ရောင်းသူ များနေတဲ့ အခြေအနေ တွေကြောင့်ပဲ ဖြစ်ပါတယ်။
Trader တစ်ယောက်ဟာ market order တစ်ခုကို ဈေးကွက်ထဲကို ၀င်လိုက်တာဟာ liquidity ကို လျော့နည်း စေအောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရသော် liquidity ကို ဖယ်ရှားနေတာပါ။ ဘာကြောင့်လည်းဆိုတော့ market order ကို ၀င်လိုက်တဲ့ trader ဟာ သူ့ရဲ့ ရောင်းဖို့ သို့မဟုတ် ၀ယ်ဖို့ တောင်းဆိုချက်ကို ရရှိဖို့အတွက် အခြားတဖက်မှာ ရှိနေတဲ့ အခြားသူ တစ်ယောက်ရဲ့ Pending order နဲ့ match ဖြစ်ဖို့လိုသလို ဖြစ်လည်း ဖြစ်သွားလို့ပါပဲ။ ဆိုလိုတာက market order ဖွင့်လိုက်တဲ့ အခါမှာ broker ဟာ ဖွင့်ဈေးနဲ့ တူတဲ့ pending order တွေကို ရှာပါတယ်။ တွေ့ရင် match ဖြစ်တဲ့ အတွက် ဈေးမလှုပ်ပါ။ သို့သော်လည်း အဲ့ဒီဈေးမှာ ထား ထားတဲ့ pending order လျော့နည်းသွားတဲ့ အတွက် liquidity လျော့နည်းသွားတာ ဖြစ်ပါတယ်။ အကယ်၍ market order ဖွင့်လိုက်တဲ့ အခါမှာ broker ဟာ ဖွင့်ဈေးနဲ့ တူတဲ့ pending order ကို ရှာမတွေ့တဲ့ အခါမှာ ဈေး အနီးစပ်ဆုံး ရှိနေတဲ့ pending order ကို ရှာပါတယ်။ ပြီးတော့ အဲ့ဒီ pending order နဲ့ match လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ market order ထားတဲ့သူဟာ သူတောင်းဆိုတဲ့ ဈေးနဲ့ မရပဲ အနည်းငယ်ပြောင်းလဲ သွားနိုင်တဲ့ ဈေးနဲ့သာ ရရှိတော့တာဖြစ်ပါတယ်။ ဒါဟာ liquidity မရှိတော့ပဲ ဈေးကွက်ကို လှုပ်စေခဲ့တဲ့ အခြေခံ အကြောင်းအရာပဲ ဖြစ်ပါတယ်။
အကယ်၍များ market order ရဲ့ size ဟာ ဆန့်ကျင်ဘက် pending order ထက်ကို ပိုကြီးနေတဲ့ အခြေအနေ ဆိုရင် ဘာဖြစ်မလဲ ဆိုတော့ market order ရဲ့ အစိတ်အပိုင်း အချို့ ဟာ အရင် ပြည့်ဝသွားပါမယ်။ ဒီအချိန်မှာ မပြည့်သေးတဲ့ order တွေဟာ rest လုပ်ပါတယ်။ ဒါကြောင့်မို့လို့ market ဟာ အခြားမတူညီတဲ့ ဈေးနှုံးကို ရွှေ့ရှားသွားရပါမယ်။ ထပ်တိုး pending orders ရှာဖွေဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါဟာ ကျန်ရှီနေသေးတဲ့ market order တွေကို ထပ်မံပြီး ဖြည့်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ အခြေခံအားဖြင့် ဘာအဓိပ္ပါယ် သက်ရောက်မှု ရှိသလဲ ဆိုတော့ pending orders တွေဟာ market ထဲကို liquidity ကိုပေါင်းထည့်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့နဲ့ matched ဖြစ်လာမယ့် market orders တွေထဲက orders တွေ ပဲ ဖြစ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ လိုမျိုး retail traders တွေဟာ market price ကို သက်ရောက်မှု၊ လှုပ်ရှားမှု ရှိအောင် လုံလောက်တဲ့ ကြီးမားတဲ့ lot size တစ်ခုကို trade လုပ်နိုင်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ရဲ့ placing and exiting trades တွေဟာလည်း ဒီလိုဈေးကွက် လှုပ်ရှားမှု မျိုးဖြစ်အောင် သီးခြား စွမ်းဆောင်နိုင်လိမ့်မယ် လို့ မတွေးတော မိသလို ထင်လည်း မထင်မိပါဘူး။ သို့သော်လည်း ကြီးမားတဲ့ large institution တွေ ရဲ့ ဒီလိုမျိုး Placing trades တွေပဲ ဖြစ်ဖြစ်၊ Exiting trades တွေပဲ ဖြစ်ဖြစ် ရှိနေတာကတော့ liquidity ကို လျော့ကျ ကွယ်ပျောက်စေပြီး ဈေးကွက်ကို လှုပ်ရှားစေတာကတော့ အမှန်ပဲ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ထားတဲ့ trades တွေဟာ သိပ်ကြီးမားတာကြောင့် ဖြစ်ပါတယ်။ professional trader တစ်ယောက် ရဲ့ ပထမအဆင့် ပန်းတိုင်တွေ ထဲက တစ်ခုဟာ ဈေးကွက်ထဲ ရှိဖြစ်နိုင်တဲ့ market price အပေါ်မှာ အနည်းငယ်သော အကျိုးသက်ရောက်မှု နဲ့ပဲဖြစ်ဖြစ် trade ၀င်နိုင်တဲ့ နေရာ တစ်ခု ရရှိနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့ ဈေးကွက်ထဲမှာ ရှာဖွေနေတဲ့ နေရာ ဖြစ်တဲ့ အနည်းငယ်သော liquidity exist ဖြစ်မယ့် နေရာပဲ ဖြစ်ပါတယ်။ liquidity နဲ့ အတူ market order , pending order တွေရဲ့ အကျိုးသက်ရောက်မှုတွေ အကြောင်းကို အတော်အသင့် တီးမိခေါက်မိပြီးလို့ ထင်ပါတယ်။ ကျွန်တော်တို့ supply and demand zone အကြောင်းကို ပြန်သွားပါမယ်။
Why Would The Institutions Wait To Get Their Order Placed ?
The Institutions တွေဟာ သူတို့ရဲ့ order တွေကို ထား နိုင်ဖို့ အတွက်ကို ဘာကြောင့် စောင့်နေကြပါသလဲ။ pending order အဖြင့်ပေါ့။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီ ကျွန်တော်တို့ supply and demand zone ရဲ့ new trading system ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ မရရှိခင်မှာပဲ ကျွန်တော် စဉ်းစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ စိတ်ကူးတွေပေါ်က အချို့သော ယခင်ယူဆခဲ့သော အယူအဆ ပေါ့ပေါ့ပါးပါး အရာတွေကို ပယ်ဖျောက်ပစ်ရပါမယ်။ ဘယ်လို အရာတွေလည်း ဆိုတော့ institutions တွေဟာ ဈေးကွက်ကွက်ထဲမှာ Supply and demand zones တွေမှာ သူတို့ရဲ့ pending orders တွေကို Price ပြန်လာရင် ထိနိုင်ဖို့ အတွက် ထားခဲ့တယ်ဆိုတဲ့ အထင်အမြင်တွေကိုပဲ ဖြစ်ပါတယ်။ Zone တစ်ခုမှာ အရောင်း သို့မဟုတ် အ၀ယ် အော်ဒါ အဟောင်းတွေ အမှန်တကယ် ရှိနေတက်တယ်ဆိုတဲ့ ထင်မြင်ချက်မျိုး ကျွန်တော်တို့ ရှိနေလို့ မရပါဘူး။ အဓိပ္ပါယ် ကတော့ supply zone တစ်ခု ဟာ သုံးနှစ် ရှိခဲ့ပြီး၊ အဲ့ဒီ အတိတ် သုံးနှစ် အတွင်း market ဟာ အဲ့ဒီကို ပြန်လှည့်တာလည်း မရှိခဲဘူး ဆိုရင် ဒါကို အမှန်တကယ် စိတ်ထဲမှာ သိနေတာက banks တွေဟာ အဲ့ဒီ zone မှာ အရောင်း pending order တစ်ခု ထားရှိနေမှာလား ဆိုတာကိုပေါ့။ အထက်ပါအတိုင်း ဆိုပါတော့ bank တွေဟာ ဈေးကွက် ဘယ်သွားမလဲဆိုတာကို သိနေသလိုကြီး ဖြစ်နေမှာပေါ့။ ဘယ်လို လုပ် သိနိုင်မှာပါလဲ။ ဒါကို သိဖို့ နည်းလမ်း မရှိပါဘူး။ အကယ်၍ market ဟာ zone ကို ပြန်လာမယ် ပြန်မလာဘူး ဆိုတာကိုပေါ့။ ဒါကြောင့် ပထမနေရာမှာ order တစ်ခုကို ဘာကြောင့် သူတို့ ထားမှာပါ ပါလဲ။ သေသေချာချာ စဉ်းစားတွေးခေါ်ကြည့်နိုင်ပါတယ်။
Time Spent Away From Zone
Supply and demand traders တွေ အတိုင်း အတာ တစ်ခုအထိ အသုံးပြုတဲ့ ယခင်က ချမှတ်ခဲ့တဲ့ စည်းကမ်း တစ်ခုကတော့ Zone တစ်ခုဟာ Zone ကနေ ခပ်ဝေးဝေးကို အချိန်ယူကြာကြာ ထွက်သွားတဲ့ အချိန် ပိုကြာရင် ပိုပြီး ဖြစ်နိုင်ခြေ မြင့်မြင့်မားမား အောင်မြင်အောင် အလုပ်လုပ်နိုင်ပါတယ် ဆိုထား တာပါပဲ။ နောက်ထပ်ပြီးတော့ သိရသလောက်ကတော့ supply and demand teachers တွေရဲ့ အဆိုအရ supply or demand zone ကနေ ဝေးဝေး နဲ့ ကြာကြာထွက်သွားပြီး ပြန်ရောက်လာတဲ့ market ဟာ ပြန်လှည့်လာနိုင်ဖို့ ပိုမို ကောင်းမွန်တဲ့ အခွင့်အရေး ရှိတဲ့ market ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပြောကြားချက်တွေကို ထပ်ပြီးတော့ အားနည်းချက်တွေကို တွေးကြည့်ရအောင်
ရောင်းဖို့ အတွက်ပဲ ဖြစ်ဖြစ် ၀ယ်ဖို့ အတွက်ပဲ ဖြစ်ဖြစ် pending order တစ်ခုကို bank ဟာ ထားထားမယ်ဆိုပါတော့။ ဘယ်အချိန်မှာ supply or demand zone ကို ရောက်လာဖို့ ပြန်လှည့်လာဖို့ ဈေးကွက်ဟာ မျှော်လင့်ထားသလို ဖြစ်လာဖို့ အတွက် သူတို့ ဟာ အမှန်တကယ် အချိန်ကြာကြာ ဘယ်လောက်ထိ စောင့်နိုင်ကြမှာပါလဲ။
Chart 1 မှာ ကြည့်ပါ။

 ဒီမှာ ကျွန်တော်တို့ နှိုင်းယှဉ်ပြထားတာကတော့ Old supply and demand zones တွေကို အပြာရောင် ခြယ်ပြထားပါတယ်။ နောက် မကြာသေးမှီက ဖြစ်ခဲ့တဲ့ zones တွေကိုတော့ လိမ္မော်ရောင် ခြယ်ပြထားပါတယ်။ ဒါဟာ အလွယ်တကူ မြင်တွေ့နိုင်စေတာကတော့ trading zones တွေဟာ မကြာသေးမှီက ဖန်တီးထားတာ ဖြစ်ပါက ကြာမြင့်စွာက ဖြစ်ပေါ်ခဲ့တဲ့ trading zones တွေထက်ကို အမြတ် ရနိုင်ခြေ ပိုများတာ အလွယ်တကူ တွေမြင်နိုင်ပါတယ်။ ဖော်ပြပါ ပုံအရ ကျွန်တော်တို့ Trade လုပ်ခဲ့မယ် ဆိုရင် recent zones 6ခု ရဲ့ အဖြေဟာ အောင်မြင်တဲ့ trade အဖြစ် ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ သို့သော်လည်း older zones တွေမှာ ဆိုရင် တော့ သူတို့ ထဲက တစ်ခုသာလျှင် အမြတ်ရအောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ ဥပမာက ကျွန်တော်တို့ ကို supply or demand zone ကို အမြန်ပြန်လှည့်လာတဲ့ ဈေးကွက်က successful trade တစ်ခု ရရှိဖို့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင်အရေး ရှိနေတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ Older zone တွေကို မကြာခဏ တွက်ထုတ်ဖို့အတွက် ဂရုမစိုက်ပါနဲ့လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ trade တွေကို သိပ် မကြာသေး ခင်က create လုပ်ခဲ့တဲ့ zone ထဲမှာ ထားခဲ့မယ်ဆိုရင် ပိုပြီး အောင်မြင်ဖို့ အတွက် ဖြစ်ကောင်းပါတယ်လို့ ဆိုနိုင်ပါတယ်။
The Strength Of The Move Away
Old method မှာ Supply and demand trading လုပ်ဖို့ အတွက် အခြေခံကျတဲ့ စည်းမျဉ်း တစ်ခုကတော့ “ Zone တစ်ခုက အဝေးကို ထွက်သွားသော Stronger ဟာ ပိုမို မြင့်မားတဲ့ အခွင့်အရေး ရှိပါတယ်။ နောက်ဆုံး ပြန်လာတဲ့ အခါမှာ ခပ်ဝေးဝေး ကို သွားနိုင်တယ်။ အဲ့ဒီအခြေအနေမျိုးဟာ market ဟာ strong move away ရှိတယ်ပေါ့။ အဲ့သလိုဆိုခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ရဲ့ charts ပေါ်မှာ Zone တစ်ခုကို သတ်မှတ်ထားမယ်၊ အဲ့ဒီ zone က strong move away တစ်ခု ရှိနေမယ် ဆိုရင် ဘယ်လို အောင်မြင်မယ့် trade တစ်ခု ကျွန်တော်တို့ အတွက် ရလဒ် ဘယ်လို ဖြစ်လာမှာပါလဲ၊ ဘာကြောင့်လဲ၊ ဘယ်လို ကြီးမားတဲ့ ရွှေ့ရှားမှု တစ်ခုကို zone ကနေပြီးတော့ ဖန်တီးပြီး ထောက်ပံ့မလဲ ဆိုတာကိုပါပဲ။ စဉ်းစားစရာပါ။ နည်းနည်းတော့ အဓိပ္ပါယ် မရှိသလို ဖြစ်နေတာပါ။ နောက်ပြီး အကယ်၍ ကျွန်တော်တို့ အနေနဲက စည်းမျဉ်းတွေအရ multiple bearish large range candles တွေပါဝင်တဲ့ huge drop တစ်ခု ရှိတဲ့ supply zone တစ်ခုကို သတ်မှတ်ခဲ့တယ်ဆိုရင် zone မှာ အောင်မြင်အောင် အလုပ်လုပ်နိုင်တဲ့ အစစ်အမှန် မြင့်မားတဲ့ အခွင့်အရေး တစ်ခု ရှိတယ်လို့ ဆိုပါတယ်။ အကယ်၍ ကျွန်တော်တို့ အနေနဲ့ ဆုံးဖြတ်ချက် ချခဲ့ရင် အဲ့ဒါကို ပဲ trade ရမယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် supply and demand zone ရဲ့ ဖြစ်နိုင်ချေကတော့ Strong ဖြစ်ဖြစ် မဖြစ်ဖြစ် zone ရဲ့ အပြင်ဘက်ကို ရွှေ့ရှားသွားတာနဲ့ ဘယ်လို အချက်များ ပြည့်စုံဖို့ မလိုပဲ successful trade တစ်ခု ပေးနေနိုင်တယ် ဆိုတာကိုပါပဲ။
Chart 2 ကို ကြည့်ပါ။

 Supply and demand ဆရာတွေက အများအားဖြင့် သင်ပြပေးလိုက်တာကတော့ ဒါဟာ strong area ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ market ဟာ ဒါကို မရပ်ပဲနဲ့တောင်မှ ကတိဖျက်တာကို ကို မြင်နိုင်ပါတယ်။ နောက် point အပေါ်မှာ ကျွန်တော်တို့ မှတ်မိစေပါမယ်။
How To Determine Which Zones Are Stronger Than Others
ဘယ် Zones တွေဟာ အခြားဟာတွေထက်ကို Stronger ဖြစ်တယ်ဆိုတာကို ဘယ်လို သတ်မှတ်မလဲ?
ယခု ကျွန်တော်တို့ဟာ Supply and demand zone ကနေပြီးတော့ ကြီးမားတဲ့ ရွှေ့ရှားမှု တစ်ခုဟာ ဖြစ်ပေါ်လာတယ် ဆိုပါစို့။ အဲ့ဒီအခါမှာ အမြတ်ရမယ် မရဘူးဆိုတဲ့ ဖြစ်နိုင်ချေ တစ်ခုကို တွက်ထုတ်နိုင်တယ် လို့ ယခင်က သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခြေအနေမှာတော့ ဒီအဖြစ်အပျက်မျိုး အပေါ်မှာ အခြား အကျိုးသက်ရောက် နိုင်မှု တစ်စုံတစ်ရာ မရှိဘူး ဆိုတာကို သိခဲ့ရပြီး ဖြစ်ပါတယ်။ အဲ့ဒီတော့ “ ဘယ် Zone တွေဟာ အခြားဟာတွေ ထက် ပိုပြီး strong ဖြစ်တယ်ဆိုတာကို ဘယ်လို သတ်မှတ်မလဲ “ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ကျွန်တော်တို့ လိုအပ်လာတာပဲ ဖြစ်ပါတယ်။
အဖြေကတော့ ဘယ်နေရာမှာ Zone ဟာ trend ကို ဆက်သွယ်ဆက်ဆံပါသလဲ ဆိုတာပါပဲ။
Chart 3 ကို ကြည့်ပါ။

 ဒီ Demand zone ကို EUR/USD daily chart အပေါ်မှာ စစ်ဆေးထားတာ ဖြစ်ပါတယ်။
အတော်များများဟာ ဈေးကွက် ကျဆင်းလာတဲ့ အခါမှာ ၀ယ်ဖို့၊ တက်သွားတဲ့ အခါမှာ ရောင်းဖို့ အတွက် သူတို့ရဲ့ အစွန့်လွတ်နိုင်ဆုံးသော ရင်းနှီးမြုပ်နှံဖို့ အတွက် ငွေလုံးငွေရင်း တော်တော်များများ ထားရှိကြပါတယ်။ Trending movement တစ်ခု အဖြင့် length အနေနဲ့ မြင့်တက်လာတဲ့အခါမှာ လူတွေ ပိုမို ပိုမိုပြီးတော့ တူညီတဲ့ လားရာတွေကို trading လုပ်ကြလေ့ရှိကြပါတယ်။ ဒါဟာ demand zone မဖြစ်ပေါ်မှီမှာ chart ပေါ်မှာ နောက်ဆုံး drop တစ်ခုကို ကျွန်တော်တို့ မြင်နိုင်တာကို ကြည့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ drop ဖြစ်တဲ့ အချိန်မှာ ထောင်ပေါင်းသောင်းချီတဲ့ traders တွေဟာ ကျဆင်းလာတဲ့ ဈေးအပေါ်မှာ ဆက်လက် ကျဆင်းဖို့ မျှော်လင့်ထားတဲ့ အတွက် short ၀ိုင်းလုပ်နေကြပါတယ်။ Short ၀ိုင်းလုပ်နေတဲ့ နည်းတူ ဒါတွေကို ပြန်ဝယ်ဖို့လည်း buy order တွေလည်း ဈေးကွက်ထဲမှာ လိုနေပြန်ပါတယ်။ ဒီအတွက် ဈေးကွက်ဟာ ကြီးမားတဲ့ ငွေပမာဏ ကိုရယူပါတယ်။ Billions of dollors မဟုတ်ရင်တောင်မှ ဖြစ်နိုင်တာကတော့ ရာပေါင်းများစွာပေါ့။
Market ဟာ နောက်ဆုံးမှာတော့ ပိုမိုနိမ်ကကျ ဆင်းလာနေတာတွေဟာ ရပ်တန့်သွားပြီး ပြန်လည် တိုးတက်မြင့်မားလာ ဖို့ စတင်လာပါတယ်။ Chart 3 ပုံမှာ demand zone ကို marked လုပ်ပြီး creating လုပ်ပါတယ်။ ဒီ zone မှာတော့ အလွန် မြင့်မားတဲ့ successful trade တစ်ခု အဖြစ် ကျွန်တော်တို့ကို ပေးနိုင်စွမ်း မြင့်မားတဲ့ ဖြစ်နိုင်စွမ်း ရှိနေပါတယ်။ strong move away တစ်ခု ရှိလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သိသွားလိုက်တာက ဒီ zone creating ဖြစ်တဲ့ အချိန်မှာ ဘယ်သူဟာ ဈေးကွက်ထဲကို ငွေများများ နဲ့ ရင်းနှီးမြုပ်နှံဖို့ ၀ယ်ချ ဖို့ စဉ်းစားလိုက်တာလဲ ဆိုတာကိုပါ။
တကယ်လို့ ဈေးကျသွားဖို့ သူတို့ဟာ မျှော်လင့်နေမယ် ဆိုရင် ထောင်ပေါင်းများစွာသော traders ဆီက အရောင်းအော်ဒါတွေ အားလုံးကို ၀ယ်ဖို့အတွက်ကို ဘာကြောင့် တစ်စုံတစ်ယောက်ဟာ ကမ်းလှမ်းလာမှာလဲ ဆိုတာကိုပါပဲ။
အခြား ဥပမာအနေနဲ့ပြပါဦးမည်။ chart 4 ကို ကြည့်ပါ။

 EUR/USD 1 hour chart ကို ရယူထားပါတယ်။
အထက်မှာ ဖေါ်ပြခဲတဲ့ ဥပမာ အရ Timeframe ပြောင်းလဲမှု အချို့ဟာ ကျွန်တော်တို့ ယခင်က ကြည့်ရှု့ခဲ့တဲ့ အရာတွေအတိုင်း အလွန်ဆင်တူပါတယ်။ ပထမ အနေနဲ့ ကျွန်တော်တို့ မှာ chart အပေါ်မှာ တစ်ခါကြည့်ရုံနဲ့ လူအများ အလွယ်တကူ မြင်တွေနိုင်တဲ့ အရေးပါသော downtrend တစ်ခု ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ Strong ဖြစ်သော အနီးကပ်ဆုံး vertical move up တစ်ခု ရှိနေပါတယ်။ ဒီ move up ဟာ ကျွန်တော်တို့ကို ဘာကိုပြောနေသလဲ ဆိုတော့ လူအချို့ဟာ ဈေးကွက်ထဲကို ၀င်လာပြီးတော့ downtrend အဖြစ်ကို ရောင်းသွားနေတဲ့ traders တွေ အားလုံးရဲ့ အရောင်းအော်ဒါတွေကို ၀ယ်တင်လိုက်တာပဲ ဖြစ်ပါတယ်။
ထပ်ပြီးတော့ အကယ်၍ သူတို့ဟာ downtrend ကို ဆက်သွားအုံးမယ်လို့ မျှော်လင့် နေတယ်ဆိုရင် တစ်စုံတစ်ယောက်ဟာ ဈေးကွက်ထဲကို ဘာကြောင့်ဝင်လာပြီး အရောင်းဘက်ကို သွားနေတဲ့ traders တွေအားလုံး ဆီကမှ ၀ယ်ရတာလဲ။
Highest probability of working out successfully ရှိတဲ့ Supply and demand zones ဟာ trend reversals မှာ ရှာဖွေတွေ့ရှိလေ့ရှိတက်ပါတယ်။ တွေ့လည်းတွေ့ပါတယ်။ long duration of time တစ်ခုအတွက် ကျဆင်းသွားပြီးခဲ့တဲ့ market ဖြစ်ပေါ်ပြီးနောက် ဖန်တီးခဲ့တဲ့ Demand zone တစ်ခုမှာ Down move ရဲ့ အစမှာ ဖြစ်ပေါ်လာတဲ့ demand zone ထက်ကို working out profitably chance ဟာ အခွင့်အရေး ပိုမိုများပြားစွာ ရှိနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်လည်း ဒါဟာ supply zones တွေအတွက်လည်း တူတူပဲ ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာ တက်နေတဲ့ market အနေအထား တစ်ခုမှာ၊ အထက်ကို တက်နေတဲ့ သက်တမ်း အထဲမှာ နောက်ကျစွာ ဖြစ်ပေါ်လာတဲ့ supply zone တစ်ခုဟာ bottom of the move up တစ်ခုမှာ created လုပ်လာတဲ့ zone ထက်ကို အောင်မြင်တဲ့ trade တစ်ခု အတွက် ရရှိလာတဲ့ ပိုမို ဝေးကွာကောင်းမွန်တဲ့ အခွင့်အလမ်း တစ်ခု ရှိပါတယ်။
Time Taken To Return To The Zone
Zone ကို ပြန်လာဖို့ အချိန်ယူခြင်း
ဒီနေရာမှာ trading institutions ကုန်သွယ် အဖွဲ့အစည်းများ ပါဝင်ဆောင်ရွှက်နေတဲ့ အမျိုးအစား နှစ်မျိုး ရှိတယ်လို့ ဆိုပါတယ်။ ပထမ အနေနဲ့ intra-day trading အကြောင်းပြောပါမယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော်တို့ ဈေးကွက် အလှုပ် နည်းနည်းမှာ အမြန်နည်းနည်းယူတဲ့ နည်းစနစ်ကို သုံးပါတယ်။ ဒီ့အတွက် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ Intra-day trade တဲ့ Bank traders တွေဟာ သူတို့ရဲ့ trades တွေကို အဲ့ဒီနေ့ အတွင်းသာလျှင် ထားချင်နေကြတာ ဖြစ်ပါတယ်။ သူတို့ မဟုတ်တဲ့သူတွေကတော့ သူတို့ရဲ့ positions တွေကို ညလွန်သွားတဲ့ အထိ ကိုင်ထားတက် ပါလိမ့်မယ်။ ဒီအဓိပ္ပါယ်ကတော့ market makers တွေဟာ အဲ့ဒီ intra-day traders တွေ ရောင်းချင် ၀ယ်ချင်တဲ့ အချိန်တွေမှာ သူတို့ရဲ့ trade တွေကို ထားဖို့ ရှိနေတဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာတွေ ရဲ့ အများစုကတော့ supply and demand zones များပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဲ့ဒီ intra-day traders ဟာ trades တွေကို ညသိပ် မကိုင်ထားဘူး ဆိုတာကို ကျွန်တော်တို့ဟာ သိခဲ့လို့ရှိရင် ဒါဟာ ဘာနဲ့တူသလဲ ဆိုတော့ အကယ်၍ 24 Hour time frame တစ်ခု အတွင်း ဒီ zones တွေကို market ဟာ ပြန်လှည့်မလာဘူး ဆိုရင် ဒီ zone တွေဟာ lower probability of working out ဖြစ်သွားတဲ့ဘက်ကို ပိုမို ဦးတည်သွားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ 24 hours အတွင်း ပြန်လာရန် ထိန်းချုပ်နိုင်တဲ့ market trade zones ကိုသာလျှင် Trade သင့်ပါတယ်။ ဒါကတော့ တနာရီ chart မှာ အဓိကအားဖြင့် trade တဲ့ supply and demand traders အတွက် စည်းမျဉ်း တစ်ခုပဲ ဖြစ်ပါတယ်။
24 နာရီ အတွင်း chart ပေါ်မှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ Supply or demand zone သို့ ပြန်လှည့်လာဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် zone ဟာ သက်တမ်းလွန်သွားပြီးလို့ သတ်မှတ်ရပါမယ်။ ကျွန်တော်တို့အနေနဲ့ ဒါကိုထပ်ပြီး trade မလုပ်ရန်ပဲ ဖြစ်ပါတယ်။ သူ့နဲ့ ဘယ်လိုမှ ထူးခြားသက်ဆိုင်မှု မရှိတော့ဟု သတ်မှတ်ရပါမယ်။
ကျွန်တော်အနေနဲ့ ဒီအပေါ်မှာ lots တော်တော်များများ စမ်းသပ်ခဲ့ပြီးပါပြီး။ 24 hours အမြင့်ဆုံးပါပဲ ။ အကယ်၍များ ဒီထက်ကျော်လွန်သွားခဲ့တယ် ဆိုရင်တော့ zone ရဲ့ ဖြစ်နိုင်စွမ်း ဟာ သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။
အကယ်၍ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ daily chart အပေါ်မှာ ရှိနေတဲ့ supply and demand zones မှာ trade ဖို့ ဖန်တီးနေတယ်ဆိုရင် market ဟာ တစ်လ အတွင်းမှာ Zone ကို ပြန်လာခဲ့ရမှာ ဖြစ်ပါတယ်။ အကယ်၍ လရဲ့ အကုန်မတိုင်ခင် ပြန်မလာခဲ့ဘူးဆိုရင် ဒီ level ဟာလည်း သက်တမ်းကုန်ဆုံးပြီးလို့ ယူဆရပါမယ်။ ပြီးတော့ ကျွန်တော်တို့ market ဟာ ပြန်လှည့်ခဲလျှင် လည်း trade ဖို့ မကျိုးစားရတော့ပေ။ ဒါဟာ ဒုတိယ အမျိုးအစား ဖြစ်တဲ့ ဘဏ်များပါဝင်ဆောက်ရွက်နေတဲ့ long term position trading ပါ။
Forex market အားလုံးထဲမှာ အလုပ်လုပ်နေကြတဲ့ large institutions တွေဟာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ဈေးကွက်ကို ရယူဖို့နဲ့ ပြီးတော့ ဈေးနှုံးကို လှည့်ဖြားကစားဖို့ သူတို့ အစီအစဉ် ချထားတဲ့ လားရာအတိုင်း သွားဖို့ကို ပူးပေါင်းဆောင်ရွက်ကြတာပါ။ သူတို့ရဲ့ Trades တွေထားပြီး သွားစေချင်တဲ့ နည်းလမ်း ကို လူတိုင်း ဆန့်ကျင်ဘက် ကိုသွားနေတယ်လို့ ထင်အောင် လုပ်တာလို့ ဆိုပါတယ်။
Chart 5 ကိုကြည့်ပါ။

 သည်မှာတော့ ကျွန်တော်တွေ့ရှိထားတဲ့ USD/JPY ပေါ်က ဥပမာတစ်ခုပါ။
ပထမဦးစွာ သတိထားရမှာက လွန်ခဲ့သော သုံးနှစ်နီးပါးက နေထား ထားတဲ့ point အားဖြင့် အရေးပါတဲ့ downtrend တစ်ခု ဘယ်လို ဖြစ်ပေါ်လာသလဲ။ အဲ့ဒီအချက်ကြောင့် ဈေးကွက်ဟာ အချိန်ကြာကြာ ဆင်းသွားခဲ့ပြီးပြီး ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့ market ထဲမှာ ရှိနေတဲ့ trader အများစုဟာ short လုပ်နေကြနေတယ် ဆိုတာပါပဲ။
ထို့နောက် တစ်နေရာမှာ ကျွန်တော်တို့ ရုတ်တရတ် အထက်ကို တက်သွားတာကို သိလိုက်တယ်။ ဒါဟာ အရေးပါပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ downtrend ဟာ ဘယ်လောက်ကြာကြာ ဖြစ်ပေါ်ပြီးခဲ့သလဲ ဆိုတာပါပဲ ။ လူတွေအတော်များများ ဟာ ဒီ downtrend မှာ USD/JPY မှာ အရောင်းအော်ဒါတွေ ဖွင့်နေကြလို့ပါပဲ။ ဈေးကွက်မှာ ရုတ်တရတ် အထက်ကို တက်သွားတဲ့ အဓိပ္ပါယ်ကတော့ ဘဏ်တွေဟာ ဈေးကွက်ထဲကို ၀င်လာပါတယ်။ ပြီးတော့ အရောင်းအော်ဒါတွေ ဖွင့်နေတဲ့ traders တွေအားလုံး ကို ကြီးမားတဲ့ အ၀ယ်ဘက်ကနေပြီးတော့ ချိုးဖြတ်လိုက်တာပဲဖြစ်ပါတယ်။
ဘဏ်တွေဟာ ဘယ်လောက်လိမ်မာ ပါးနပ်သလဲဆိုရင် အတော်အသင့် တက်သွားပြီးတဲ့ နောက်မှာ သူတို့ဟာ ဈေးနှုံးကို ပြန်လည် ကျဆင်းစေပါတယ်။ ဒါဟာ ဘာဖြစ်စေသလဲ ဆိုတော့ လူတိုင်းလူတိုင်းဟာ downtrend ဟာ ဆက်ပြီးသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ထပ်ရောင်းဖို့ စကြပြန်ပါတယ်။ market ဟာ မူလ banks တွေဝယ်တဲ့ နေရာကို ပြန်လှည့်လာသောအခါ သူတို့ဟာ ထပ်ပြီး ၀ယ်ပြန်ပါတယ်။ ဒုတိယ အကြိမ် ၀ယ်ခြင်းဟာ အရေးပါတဲ့ မြင့်မားမှုကြောင့် ဈေးကွက် ရပ်သွားတဲ့အတွက် အရောင်းအော်ဒါတွေ ဖွင့်ခဲ့တဲ့ Traders တွေရဲ့ losing position တွေကို trader တွေကိုယ်တိုင် ပြန်လည် စားရင်းဖျက်သိမ်းလိုက်တဲ့ lots တွေနဲ့ ပူးတွဲ ပါဝင်လာပါတယ်။ ဒါဟာ trending ကို ပြန်လည် စတင်စေတာလည်း ဖြစ်ပါတယ်။
Large institutions တွေဟာ ဈေးကွက်ထဲမှာ trades တွေကို ထားတဲ့ အခါမှာ သူတို့ဟာ သူတို့ရဲ့ trades တွေအားလုံးကို တူညီတဲ့ price range နှိုင်းယှဉ်မှု တစ်ခုမှာ ၀င်လိုကြပါတယ်။ သူတို့ဟာ နေရာ တစ်ခုမှာ trade တစ်ခုကို မထားပါဘူး။ ပြီးတော့ ဒုတိယ တစ်ခုကို မထားမှီမှာ သူတို့ဟာ ဈေးကွက် သူတို့ရဲ့ ပထမ trade မှ အဝေးသို့ ရွှေ့ရှားသွားသည့်တိုင်အောင် စောင့်ပါတယ်။ ဒါဟာ ပုံမှာ ပြထားတဲ့ အတိုင်း daily demand zone ကို ဈေးကွက်ဟာ ဘာကြောင့်ပြန်လာ ရသလဲ ဆိုတဲ့ အချက်ပါပဲ။
Trend Direction
Forex trading strategies အများစုနဲ့ အတူ supply and demand traders တွေဟာ နည်းပညာအရ ပေါင်းစပ်ကြပါတယ်။ trend ရဲ့ အယူအဆတွေကို သူတို့ရဲ့ ဈေးကွက် သုံးသပ်ချက်တွေ ပြုလုပ်တဲ့ အခါမှာ ပြသနာက traders တွေဟာ trend ရဲ့ အယူအဆတွေကို အကောင်အထည်ဖော်နေတဲ့ နည်းလမ်းတွေကို အသုံးပြုနေလို့ပဲ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် daily chart အပေါ်မှာ trader တစ်ယောက် ဘာလုပ်သွားသလဲ ဆိုတာ လိုက်ပုံဖော်နေတာ ပါ။ daily မှာ trend ဟာ down ဖြစ်နေတယ် ဆိုတာ မြင်တယ်။ ဒါကြောင့် သူတို့ဟာ supply zones တွေမှာသာလျှင် trades တွေကို ရယူဖို့ သွားဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ daily trend ရဲ့ direction အတိုင်း Trade ဖို့ သိခဲ့သလို ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေရတာဟာ Trader ဟာ daily chart မှာ trades တွေ ရယူထွက်တာဟာ ကာလအတော် ကြရှည်စွာ ဘယ်တော့မှ မမှားတဲ့ အယူအဆ ဖြစ်လို့လည်း ဖြစ်ပါတယ်။ အဲ့ဒီမှာ ပြသနာ ကစတော့တာပါပဲ။ အကယ်၍ trader ဟာ lower time-timeframe မှာ trades off လုပ်မယ်ဆိုရင် ပြသနာက ပေါ်ပေါက်လာနိုင်ပါတယ်။ သူတို့ဟာ အမြဲတမ်း သူတို့ trades off လုပ်တဲ့ time frame ပေါ်က trend ဟာ daily time frame ပေါ်က trend နဲ့ ပြောင်းပြန်ဖြစ်နေတယ် ဆိုရင် လက်ရှိ Timeframe ပေါ်က trend ကို ဆန့်ကျင်ပြီးတော့ trading လုပ်နေကြမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် trader ဟာ 1 hour chart မှာ trades off ယူမယ်ဆိုရင် သူတို့ဟာ multiple trades တွေ အပေါ်မှာ မလိုအပ်ပဲ အရှုံးတွေဆီကိုသွားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ဟာ သူတို့ daily trend ရဲ့ direction အတိုင်း trading လုပ်သင့်တယ်လို့ယုံကြည်နေလို့ ပဲ ဖြစ်ပါတယ်။ Trend ကိုဂရုမစိုက်ပဲ 1 hour chart ပေါ်မှာ Up ပါ။
ကျွန်တော်တို့ဟာ trades off တွေအားလုံး ထားထားတဲ့ time frame ပေါ်က trend ဟာ တစ်ခါပဲ ကျွန်တော်တို့ အနေနဲ့ လိုက်ပါသင့်တယ် ဆိုတာကို သဘောမပေါက်ကြပါဘူး။ အကယ်၍ daily chart မှာ ကျွန်တော်တို့ trade ရင် daily trend ရဲ့ direction အတိုင်း trading လုပ်သင့်ပြီးတော့ အကယ်၍ 1 hour chart မှာ trade တယ်ဆိုရင် 1 Hour trend ရဲ့ direction အတိုင်း trading လုပ်သင့်ပါတယ်။
နားပါဦးမယ်
****Nonentity Trader

No comments:

Post a Comment