Sunday, September 6, 2015

Winning trading plan တစ်ခု တည်ဆောက်ရန် အဆင့် ၁၀ ဆင့်


Winning trading plan တစ်ခု တည်ဆောက်ရန် အဆင့် ၁၀ ဆင့်
-------------------------------------------------------------
စီးပွါးရေး နယ်ပယ် ထဲမှာ ပြောနေကြ စကားဟောင်း တစ်ခွန်း ရှိပါတယ်..။ အဲ့ဒါကတော့ "Fail to plan and you plan to fail." ဆိုတာပါပဲ..။ ဒါဟာ ရွန်းရွန်းဝေအောင် ပြောတက်သော အဆွယ်ကောင်းသော စကားသံပါပဲ..။ သို့သော်လည်း Traders တွေ ပါဝင်တဲ့ အောင်မြင်မှုတွေ ဖြစ်တည်ဖို့ အကြောင်း အလေးအနက် ထားသူတွေ တို့ရဲ့ အသံ လည်းဖြစ်ပါတယ်..။ ကျောက်ဆိုင်ကျောက်ခဲ ထဲမှာ ထွင်းထားသလိုမျိုး ဒီ စကားလုံး ရှစ်လုံး မှတ်ထားသင့်ပါတယ်..။ မပြောင်းလဲသော အခြေခံသဘောတရား တစ်ခု အပေါ်မှာ ငွေရှာခဲ့တဲ့ traders တွေကို မေးကြည့်ပါက သူတို့ဟာ ကျွန်တော်တို့ကို ပြောပါမယ်..။ ကျွန်တော်တို့ မှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်..။ ကျွန်တော်တို့ အနေနဲ့ သေသပ်တဲ့ plan တစ်ခု ရေးဆွဲမလား သို့မဟုတ် ကျရှုံးမလား ဆိုတာကိုပါ..။
အကယ်၍ ကျွန်တော်တို့မှာ trading သို့မဟုတ် investment plan တစ်ခုရေးထားတာ ရှိရင် ၀မ်းမြောက်စရာပါပဲ..။ ဒါဆိုရင်တော့ ကျွန်တော်တို့ဟာ လူနည်းစု ထဲမှာ ရှိနေတာပါ.။ ဒါဟာ အောင်မြင်ဖို့ အကြွင်းမဲ့ အာမခံချက် မရှိစဉ် မှာပဲ အဓိကပိတ်ဆို့မှု တစ်ခုကို ဖယ်ရှား လိုက်တာ ဖြစ်ပါတယ်.။ အကယ်၍ ကျွန်တော်တို့ရဲ့ Plan ဟာ ချို့ယွင်းနေတဲ့စနစ် သို့မဟုတ် ကြိုတင်ပြင်ဆင် ထားတာမဟုတ်ပဲ အသုံးပြုမယ် ဆိုရင် အောင်မြင်မှုတွေဟာ ခပ်မြန်မြန် ရမှာ မဟုတ်ပါဘူး..။ သို့သော်လည်း plan ရှိနေတဲ့ အတွက် အနညှ်းဆုံး ကျွန်တော်တို့ဟာ အစီအစဉ်ဆွဲရန် အနေအထား တစ်ခု ထဲမှာ ရှိနေပြီး ကျွန်တော်တို့ရဲ့ လမ်းကြောင်းကို ပြင်ဆင်မွမ်းမံရပါမယ်.။ အစီအစဉ်တွေကို မှတ်တမ်းမှတ်ရာ များဖြင့် မှတ်တမ်းတင်ခြင်း အားဖြင့် ထပ်တလဲလဲ ကုန်ကျစေမယ့် အမှားတွေကို ဘယ်လို ရှောင်ရှားရမယ် ဆိုတာနဲ့ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ရမှာ ဖြစ်ပါတယ်..။
ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ plan ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ. ဒီမှာရှိတဲ့ စိတ်ကူးတစ်ချို့ ဟာ အစီအစဉ်တွေနဲ့ အတူ ကူညီဖို့ပဲ ဖြစ်ပါတယ်..။
ဖြစ်နိုင်ခြေရှိတဲ့ ဘေးအန္တရယ် ကို ရှောင်ခြင်း
Trading ဆိုတာ business တစ်ခုပါပဲ..။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် ဒါကို ထိတွေ့ ဆက်ဆံရမှာ ဖြစ်ပါတယ်..။ စာအုပ်အချို့ကို ဖတ်ခြင်း၊ charting program တစ်ခုကို ၀ယ်ခြင်း၊ brokerage account တစ်ခုကို ဖွင့်ခြင်း နှင့် Trade သို့ စတင်ခြင်း တွေဟာ business plan တစ်ခု မဟုတ်ပါဘူး..။ ဒါဟာ အန္တရယ် ဖြစ်ဖို့အတွက် ဆေးဖော်စပ်နည်း ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ Trading plan တစ်ခုမရေးခဲဘူး ဆိုလျှင် market သို့ဝင်လိုက်တာနဲ့ အန္တရယ် တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်..လို့ the T-3 Fibs Protrader Program ရဲ့ developer တစ်ယောက်လည်း ဖြစ်၊ အတွေ့အကြုံ ရင့်ကျက်သော trader တစ်ယောက်လည်း ဖြစ်တဲ့ John Novak က ပြောခဲ့ပါတယ်..။
Trader တစ်ယောက်ဟာ ဈေးကွက်ဟာ ဘယ်နေရာမှာ ရပ်မယ်၊ ပြန်လှည့်မည့် အလားအလာ ရှိမယ် ဆိုတာကို တစ်ခါလောက် သိတာနဲ့ သူတို့တွေဟာ သင့်လျော်သလို ဘာလုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ပါတယ်။ ကျွန်တော်တို့ဟာ trade လုပ်နေစဉ်မှာ ခိုင်ခိုင်မာမာ plan တစ်ခု ရေးဆွဲ သင့်ပါတယ်..။ သို့သော်လည်း ဈေးကွက် တခါပိတ်တာနဲ့ ဒီကိစ္စရပ်တွေကို တစ်ခါပြန်လည် သုံးသပ်ရမှာပါ..။ ဒါဟာ ဈေးကွက် အခြေအနေ နှင့် အတူ ပြောင်းလဲ လာတဲ့ Trader ရဲ့ ကျွမ်းကျင် တိုးတက်မှု Level ပါပဲ..။ trader တစ်ယောက်စီဟာ သူတို့ရဲ့ ကိုယ်ပိုင် အကောင့် ဖြင့် Trade လုပ်သော အယူအဆ နှင့် ရည်မှန်းချက် ထဲကမှ မိမိတို့ရဲ့ ကိုယ်ပိုင် plan ကို ရေးဆွဲသင့်ပါတယ်.။ တယောက်ယောက် plan ကို အသုံးပြုခြင်းဟာလည်း ကျွန်တော်တို့ရဲ့ Trading ပုံစံ များကို ထိခိုက်စေမှာ မဟုတ်ပါဘူး..။
စံထားလောက်တဲ့ Master Plan တည်ဆောက်ခြင်း
Trading plan ကောင်းကောင်း တစ်ခုရဲ့ အစိတ်အပိုင်းတွေဟာ ဘာတွေပါလဲ..။ ဒီမှာကတော့ plan တိုင်းမှာ ပါဝင်သင့်တဲ့ ပဓာန ကျတဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးပါမယ်..။ သို့သော်လည်း ဒါဟာ အကောင်းဆုံးမဟုတ်ဘူး ဆိုတာတော့ မှတ်ထားပေးပါ..။

1. ကျွမ်းကျင်စွာ အကဲဖြတ်ခြင်း - Skill Assessment
ကျွန်တော်တို့ဟာ Trade လုပ်ဖို့ အဆင်သင့် ဖြစ်ပြီလား ..။ ကျွန်တော်တို့ရဲ့ system တွေကို paper trading ဖြင့် စမ်းသပ် စစ်ဆေး ပြီးပြီလား..။ ပြီးတော့ ဒါတွေ လုပ်ဖို့ ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှု ရှိပါသလား..။ တုံ့ဆိုင်းခြင်း ချီတုံချတုံ မရှိပဲ ကျွန်တော်တို့ရဲ့ signals တွေနောက်ကို လိုက်နိုင်ပြီးလား။ markets တွေထဲမှာ Trading လုပ်ခြင်းဟာ အပေးနဲ့ အယူ တို့ရဲ့ တိုက်ပွဲ တစ်ခုပါပဲ..။ ကြီးမားသောအမှားတွေဖြင့် ငွေတွေကို ဆုံးရှုံးစေပြီး plan တစ်ခုကို မျှ မရှိတဲ့ Traders အများစု အနားယူချိန်ကျမှ Pros အစစ်တွေဟာ အဆင်သင့် ပြင်ဆင်ပြီးတော့ အမြတ်တွေကို ရယူကြပါတယ်..။
2. စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း - Mental Preparation
ကျွန်တော်တို့ ဘယ်လိုခံစားရပါသလဲ..။ ကောင်းသော ညတစ်ညရဲ့ အိပ်စက်ခြင်းကို ကျွန်တော်တို့ ရရှိပါ၏ လော..။ ရှေ့လျှောက် စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ဘယ်လို ခံစားမှာလဲ။ အကယ်၍ ကျွန်တော်တို့ဟာ စိတ်ထိခိုက် လွယ်တက်ပြီး markets အတွင်းသို့ တိုက်ပွဲ ၀င်ရန် စိတ်ဓါတ်ရေးရာ အဆင်သင့် မဖြစ်သေးဘူး ဆိုလျှင် အဲ့ဒီနေ့ကို အနားယူလိုက်တာ အကောင်းဆုံးပါပဲ..။ အခြားနည်းဖြင့် ဆိုရလျှင် ကျွန်တော်တို့ရဲ့ ရှုံ့းနေတဲ့ အရာကို ရပ်တန့်ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်..။ Traders အများစု မှာ နေ့တစ်နေ့ မစတင်ခင်မှာပဲ ဈေးကွက် ဂါထာ မန္တရား တစ်ခု ထပ်ခါတလဲလဲ ရွတ်ဆိုဖို့ ကို အဆင်သင့် ဖြစ်နေပါတယ်. ။ ဒါဟာ Trading zone ထဲမှာ ကျွန်တော်တို့ ရှိနေဖို့ကို ဖန်တီး လိုက်ပါတာ ဖြစ်ပါတယ်။
3. Risk Level ထားပါ - Set Risk Level
ဘယ် trade မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ရဲ့ risk ကို ဘယ်လောက် ထားသင့်ပါသလဲ..။ သတ်မှတ်တဲ့ trading day တစ်နေ့တာ အပေါ်မှာ ကျွန်တော်တို့ရဲ့ အရင်းအနှီး ရဲ့ ၁% မှ ၅% ထိ ဘယ် လောက်ကိုမဆို ထားနိုင်ပါတယ်.။ ဆိုလိုတာက အဲ့ဒီနေ့မှာ ဘယ်အမှတ်မှာ မဆို ဒီပမာဏ ဆုံးရှုံးခဲ့မယ် ဆိုရင် ကျွန်တော်တို့ Tradking desk မှ ထွက်သွားရမယ်.. ပြီးတော့ ငြိမ်နေရပါမယ်..။ ဒါဟာ ကျွန်တော်တို့ရဲ့ Trading style နှင့် risk သည်းခံနိုင်မှု အပေါ်မှာ မှီခိုနေပါလိမ့်မယ်..
4. ရည်ရွယ်ချက် ပန်းတိုင် ထားပါ - Set Goals
Trade တစ်ခုကို မ၀င်မှီမှာ တိုးသာ ဆုတ်သာ တဲ့ အမြတ်ရရှိနိုင်တဲ့ ပစ်မှတ် နှင့် အရှုံး-အနိုင် အချိုး ကို ထားပါ..။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ အနည်းဆုံး အရှုံး-အမြတ် ဟာ ဘာပါလဲ ..။ Traders အများစုဟာ အနည်းဆုံး လျာထားချက် အမြတ်ဟာ အရှုံးထက် သုံးဆ မရှိပဲနဲ့ trade တစ်ခုကို ၀င်မှာ မဟုတ်ပါဘူး..။ For example, ဥပမာအားဖြင့် ရှယ်ယာ တစ်ခုမှာ တစ်ဒေါ်လာ အရှုံး အနေနဲ့ Stop loss ထားမယ် ဆိုရင် သူ့ရဲ့ ပန်းတိုင်းကတော့ သုံးဒေါ်လာ မြတ်ဖို့ပါပဲ..။ အပတ်စဉ်၊ လစဉ် နှင့် နှစ်ပတ်လည် အမြတ် ပန်တိုင် ကို ဒေါ်လာပမာဏ သို့မဟုတ် ရင်းနှီးငွေရဲ့ ရာခိုင်နှုံး တစ်ခု အဖြစ် ထားပါ..။ သူတို့ကို ပုံမှန် ထပ်ပေါင်း ထည့်ပါ..။
5. ကျွန်တော်တို့ရဲ့ အိမ်စာတွေကို လုပ်ပါ - Do Your Homework
ဈေးကွက် မဖွင့်ခင်မှာ ကမ္ဘာ တစ်ဝန်းလုံးမှာ ဘာတွေ သွားနေလဲ..။ ပြည်ပဈေးကွက်တွေဟာ တက်နေလား ကျနေလား ..။ The S&P 500 or Nasdaq 100 exchange-traded funds ကဲ့သို့သော အနာဂတ် ရည်ညွန်းကိန်း တွေဟာ အကြို ဈေးကွက် ထဲမှာ တက်နေသလား ကျနေသလား..။ အနာဂတ် ရည်ညွန်းကိန်း ဆိုတာ ဈေကွက်မဖွင့်ခင်မှာ ဈေးကွက် အတိုင်းအတာ ဘယ်လို ဖြစ်မလဲဆိုတာကို ပြသနိုင်တဲ့ ကောင်းမွန်တဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်..။ စီးပွါးရေး သို့မဟုတ် လုပ်ခလစာ ဘယ်လို အချက်အလက်တွေဟာ ဘယ်အချိန် မှာ ထွက်ပေါ်လာမလဲ.ပေါ့.။ ကျွန်တော်တို့ ရဲ့ အရှေ့မှာ စာရင်းတစ်ခု ချိန်ဆွဲထားပြီးတော့ အရေးကြီးတဲ့ စီးပွားရေး သတင်းပို့ချက် တစ်ခု မတိုင်မှီ Trade လုပ်ချင်ပါက ဆုံဖြတ်ချက် ချပါ..။ Trader အများစု အတွက် report ထွက်လာသည့်တိုင်အောင်စောင့်တာက မလိုအပ်တဲ့ ဆုံးရှုံးမှုတွေကို ရယူတာထက် ပိုမို ကောင်းမွန်ပါတယ်..။ Pros တွေဟာ probabilities အပေါ်အခြေခံ၍ Trade လုပ်ကြပါတယ်..။ သူတို့ဟာ လောင်းကစား မလုပ်ကြပါဘူး..။
6. Trade ပြင်ဆင်ခြင်း - Trade Preparation
Trading day မတိုင်ခင်မှာ ကျွန်တော်တို့ရဲ့ကွန်ပြုတာကို resident memory တွေကို ရှင်းလင်းဖို့အတွက် reboot ပြန်ချပေးပါ.။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသုံးပြုတဲ့ trading system and program တွေ၊ support and resistance levels တွေရဲ့ major and minor label တွေ၊ entry and exit signals တွေ အတွက် ထားထားတဲ့ alerts တွေ နှင့် သေသေချာချာ ပြုလုပ်ထားတဲ့ signals အားလုံးဟာ အလွယ်တစ်ကူ မြင်နိုင်အောင် သို့မဟုတ် ရှာဖွေ တွေ့ရှိနိုင်အောင် ကြည်ကြည်လင်လင် မြင်လွယ် ကြားလွယ် နိုင်အောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်..။ ကျွန်တော်တို့ရဲ့ Trading area ဟာ စိတ်ပျံ့လွင့်စေခြင်းတွေ မရရှိနိုင်တဲ့ နေရာ ဖြစ်သင့်ပါတယ်..။ ဒါဟာ စီးပွါးရေး တစ်ခု ဖြစ်တယ်ဆိုတာကို သတိထားပါ..။ စိတ်ပျံ့လွင့် စေခြင်းသည် တန်ဖိုး ကြီးနိုင်ပါတယ်..။
7. ထွက်ရမည့် စည်းကမ်းဥပဒေ ထားခြင်း - Set Exit Rules
Traders အများစုဟာ အာရုံစိုက်မှုရဲ့ ၉၀ရာခိုင်းနှုံး အမှားများကို ပြုလုပ်ပါတယ်....။ Buy signals တွေကို ရှာဖွေနေစဉ်မှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်နိုင်မှု ထက်ကို ပိုပြီးတော့ကို အလုပ် လုပ်ပါတယ်..။ . ဒါပေမယ့် ဘယ်အချိန် နှင့် ဘယ်နေရာ ထွက်မယ်ဆိုတာကတော့ အလွန် နည်းနည်းပဲ ဂရုစိုက်ကြပါတယ်..။ Traders အများအပြားဟာ သူတို့ဟာ ဈေး ကျနေခဲ့လို့ရှိရင် မရောင်းနိုင်ကြပါဘူး..။ ဘာလို့လဲဆိုတော့ သူတိုဟာ အရှုံးတစ်ခုကို မလိုချင်ကြလို့ပါပဲ..။ ဒါကို ကျော်ဖြတ်ပါ သို့မဟုတ် ကျွန်တော်တို့ဟာ ဒါမျိုးဆိုရင်တော့ သမာရိုးကျ trader တစ်ယောက်ကဲ့သို့ မလုပ်ရပါဘူး..။ ကျွန်တော်တို့ရဲ့ stop ကို ထိသွားတာဟာ ကျွန်တော်တို့ မှားနေတယ် ဆိုတဲ့ အဓိပ္ပါယ် ပါပဲ..။ ဒါကို ကိုယ်တိုင် မရယူပါနဲ့ ..။ Professional traders တွေဟာ သူတို့နိုင်တာထက်ကို ရှုံးတာက ပိုများပါတယ်.. ဒါပေမယ့် ငွေကြေး စီမံခန့်ခွဲခြင်း နှင့် အရှုံးတွေကို ကန့်သတ်ခြင်း အားဖြင့် သူတို့ဟာ နောက်ဆုံးမှာတော့ အမြတ်တွေကို ရှာဖွေမိပါတယ်..။
ကျွန်တော်တို့ဟာ Trade တစ်ခုထဲကို မ၀င်ခင်မှာပင် ထွက်ရမယ့် နေရာတွေကို သိသင့်ပါတယ်..။ ဒါဟာ Trade အားလုံးအတွက် အနည်းဆုံး နှစ်နေရာ ရှိပါတယ်..။ ပထမ နေရာကတော့ အကယ်၍ Trade ဟာ ကျွန်တော်တိုကို ဆန့်ကျင်ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ stop loss ဟာ ဘယ်နေရာမှာ ထားမလဲ..။ ဒါကို ချရေးရပါမယ်..။ စိတ်ကူးယဉ် stops တွေကို အားမထားရပါ..။ ဒုတိယ ကတော့ Trade တိုင်းမှာ profit target တစ်ခုစီ ရှိနေရပါမယ်.။ ဒီနေရာ မှာ တစ်ကြိမ်မျှလောက် ရပြီး ဆိုရင် ကျွန်တော်တို့ရဲ့ position ကို အပိုင်းခွဲပြီး ရောင်းပါ.. ပြီးတော့ ကျွန်တော်တို့ရဲ့ Stop loss ကို ကျွန်တော်တို့ ဆန္ဒရှိရင် ရှိသလို့ အရင်းရသည့် နေရာဖြစ်တဲ့ ကျွန်တော်တို့ရဲ့ position ရပ်နားရာ နေရာပေါ်သို့ ရွေ့နိုင်ပါတယ်..။ အထက်ပါ ဆွေးနွေးခဲ့သကဲ့သို့ ဘယ် Trade မှာမဆို အရှုံးဟာ ကျွန်တော်တို့ ရဲ့ ရင်းနှီးငွေ ရဲ့ သတ်မှတ်ထား သော ရာခိုင်နှုံးထက် ကို ဘယ်တော့မှ မကျော်လွန်စေရပါ..။
8. ၀င်ရမည့် စည်းကမ်းဥပဒေကို သတ်မှတ်ခြင်း - Set Entry Rules
ဒီခေါင်းစဉ်ဟာ Exit rules ရဲ့ ခေါင်းစဉ်အောက်မှာ လာရတဲ့ အကြောင်းကတော့ exits တွေဟာ entries တွေထက်ကို ပိုမိုအရေးကြီးလို့ပါပဲ..။ စံပြုထိုက်တဲ့ entry rule တစ်ခု ကိုစကားလုံး ရွေးချယ် သုံးနှုံးရမယ် ဆိုရင် (signal A ဟာ ပစ်လိုက်တယ်..။ သူဟာ အနိမ့်ဆုံး ပစ်မှတ်တစ်ခု ကို သုံးကြိမ် ထိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Stop loss ဟာ အကောင်းဆုံး ဖြစ်ပြီးတော့ ကျွန်တော်တို့ဟာ Support မှာရှိနေပြီ ဆိုတာပါပဲ..။ ထို့နောက် X အဆက်သွယ်တွေ သို့မဟုတ် shares တွေကို ဒီမှာ ၀ယ်ပါတယ်..။ ) ကျွန်တော်တို့ရဲ့ system ဟာ ထိရောက်မှု ရှိစေရန် လုံလုံလောက်လောက် ရှုတ်ထွေးနေသင့်တယ်..။ သို့သော်လည်း လွယ်ကူချောမွေ့စေသော ဖျက်လက်သော ဆုံးဖြတ်ချက်များ ချမှတ်ရန် ဖူလုံသော ရိုးရှင်းမှု ရှိရပါမယ်..။ အကယ်၍ ကျွန်တော်တို့မှာ အများစုဟာ subjective ဖြစ်ပြီးတော့ တွေ့ဆုံရမည့် ကန့်သတ်ချက် ၂၀ ရှိတယ် ဆိုရင် အမှန်တကယ် trades တွေ ပြုလုပ်ရန်မဖြစ်နိုင် တဲ့အတွက် ကျွန်တော်တို့ဟာ ဒါကို ခက်ခက်ခဲခဲ ရှာဖွေရပါလိမ့်မယ်.။ ကွန်ပြူတာတွေဟာ မကြာခဏ လူတွေထက်ကို ပိုမိုကောင်းမွန် တဲ့ Traders အဖြစ် ပြုလုပ်ပါတယ်..။ ဘာကြောင့်လဲ ဆိုတာ computer –program generated ဖြစ်တဲ့ New York Stock Exchange အပေါ်မှာ ယခု တွေ့ရှိနေရတဲ့ Trades အားလုံးရဲ့ ၅၀ ရာခိုင်နှုံး နီးပါးက ရှင်းပြပါတယ်..။ ကွန်ပြူတာတွေဟာ trade တစ်ခုကိုလုပ်ရန် တွေးတောရန် သို့မဟုတ် ကောင်းကောင်းခံစား တာတွေ မရှိပါဘူး..။ အခြေအနေတွေ ပြည့်စုံတယ်ဆိုရင် သူတို့ဟာ ၀င်ပါတယ်..။ Trade ဟာ မှားတဲ့ နည်းလမ်းတွေကို သွားတဲ့ အခါ သို့မဟုတ် အမြတ် အမှတ် ကို ထိတယ် အခါမှာ သူတို့ ဟာ ထွက်ပါတယ်..။ သူတို့ဟာ ဈေးကွက်မျာ ဒေါသထွက်တာတွေ မရှိပါဘူး..။ သို့မဟုတ် ကောင်းတဲ့ trades အနယ်ငယ် ရရှိပြီးချိန်တွင် လည်း ခံစားချက် ကင်းမဲ့ပါတယ်..။ ဆုံးဖြတ်ချက် တိုင်းဟာ ဖြစ်နိုင်စွမ်း တွေ ရှိတဲ့ အပေါ်မှာ အခြေခံပါတယ်..။ (To learn more, see
9. ပိုမိုကောင်းမွန်သော မှတ်တမ်းများကို ထိမ်းသိမ်းခြင်း - Keep Excellent Records -
အားလုံးသော traders ကောင်းတွေဟာ မှတ်တမ်း ထိမ်းသိမ်းကောင်းတဲ့သူတွေ လည်းပဲ ဖြစ်ကြပါတယ်.. သူတို့ဟာ Trade တစ်ခုကို အောင်မြင်ခဲ့လျှင် သူတို့ဟာ ဘာကြောင့် နှင့် ဘယ်လို ဆိုတာကို တိတိကျကျ သိချင်ကြပါတယ်.။ ပိုမို အရေးကြီးတာကတော့ သူတို့ ရှုံးတဲ့ အခါမှာလည်း တူညီစွာ သိချင်ပါတယ်.. ထိုကြောင့် သူတို့ဟာ မလိုလားအပ်တဲ့ အမှားတွေ ထပ်ရောက်မလာစေချင်ကြပါဘူး.။ ပစ်မှတ်၊ trade တစ်ခုစီရဲ့ entry and exit ၊ အချိန်၊ support and resistance levels ၊ နေ့စဉ် opening range ၊နေ့စဉ် market အဖွင့် နှင့် အပိတ်၊ နှင့် ဘာကြောင့် Trade ကို လုပ်ရတယ်.. ဆိုတာနဲ့ သင်ခန်းစာ သင်ယူခဲ့ပုံ အကြောင်းတွေ ရဲ့ မှတ်ချတ် မှတ်တမ်း တွေကဲ့သို့သော အရာတွေကို အသေးစိပ် ရေးချပါ.။ အသေစိပ် system တစ်ခုအတွက် အရှုံး သို့မဟုတ် အမြတ်ကို စီစစ် ဖို့နဲ့ ပြန်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Trading records တွေကို လည်းပဲ သိမ်းဆည်းသင့်ပါတယ်..။ trading system တစ်ခုကို အသုံးပြုခြင်းကြောင့် trade တစ်ခုစီအတွက် ရှုံးသွားတဲ့ ပမာဏ ပြမယ့် draw-downs ၊ အချိန်တိုတိုနဲ့ အကျိုးများတဲ့ trade တွေကို တွက်ချက်ဖို့ လိုအပ်တဲ့ trade တစ်ခုစီအတွက် ပျဉ်းမျှ အချိန် နှင့် အရေးကြီးသော အခြား အရာများ၊ နှင့် buy and hold strategy တစ်ခု နှင့် သူတို့ကို နှိုင်းယှဉ်ပါ..။ ဒါဟာ စီးပွါးရေး တစ်ခုဆိုတာနှင့် ကျွန်တော်တို့ဟာ စရင်းကိုင်များ ဖြစ်ကြတယ်ဆိုတာကို အမှတ်ရပါ..။
10. Post-mortem တစ်ခု ပြီးမြောက်စေခြင်း - Perform a Post-Mortem
Trading day တစ်ရက် ပြီးတိုင်းမှာ အမြတ် သို့မဟုတ် အရှုံးတွေ ပေါင်းထည့် ခြင်းဟာ ဘာကြောင့် နှင့် ဘယ်လို ဆိုတာ သိနေရန် အတွက်က အဓိက အကြောင်းရင်းမဟုတ်သေးပါဘူး..။ ကျွန်တော်တို့ရဲ့ trading journal မှာ သာ ကောက်ချက် ရေးချရမှာ ဖြစ်ပါတယ်..။ သို့မှသာ နောက်တစ်ကြိမ်မှာ သူတို့ကို ကျွန်တော်တို့ ကိုးကားနိုင်မှာ ဖြစ်ပါတယ်..။
The Bottom Line
ကျွန်တော်တို့ဟာ real money ဖြင့် Trading စတင် လုပ်တဲ့ အခါမှာ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေ ရရှိလာတဲ့အခါမှာ ကစားပွဲထဲသို့ emotions တွေလည်းဝင်လာပါတယ်..။ successful paper trading ဟာ အာမခံချက် မပေးပါဘူး..။ သို့သော်လည်း successful trading ဟာ system ကို တကယ့် အလုပ်မှာ အသုံးပြုသွားတဲ့ အခါ ရရှိတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုမျိုး trader ကို ပေးပါတယ်..။ System ပေါ်မှာ ဆုံဖြတ်ချက် ချခြင်းဟာ လုံလောက်သော ကျွမ်းကျင်မှုကို ရရှိခြင်းထက် အနည်းငယ် အရေးကြီးပါတယ်..။ ဒါကြောင့်မို့ သံသယဖြင့် ဆုံးဖြတ်ချက်များ သို့မဟုတ် မှန်းဆမှု စက္ကန့်များ မရှိပဲနဲ့ trades တွေကိုပြုလုပ်ရန် ကျွန်တော်တို့ဟာ ကျွမ်းကျင်လာပါတယ်.။
Trade တစ်ခုမှာ ငွေရရှိဖို့ အတွက် အာမခံတဲ့ နည်းလမ်းမရှိပါဘူး..။ Traders တွေရဲ့ အခွင့်အရေးကတော့ winning and losing system နှင့် သူတို့ရဲ့ ကျွမ်းကျင်မှု အပေါ်မှာ အခြေခံပါတယ်..။ အရှုံးမရှိပဲ အနိုင်ရနေတယ့် အရာ ဆိုတာ မရှိပါဘူး ..။ Pros traders တွေဟာ trade တစ်ခုကို မ၀င်ခင်မှာ သိရမှာက ကံကြမ္မာ ဆိုတာ သူတို့ရဲ့ မျက်နှာသာ ပေးမှု ထဲမှာ ရှိနေပါတယ်..။ သို့မဟုတ် သူတို့တွေဟာ ဒီမှာ မရှိပါဘူး.။ သူတို့ရဲ့ အမြတ်တွေကို ဆက်လက်ခွင့်ပြုခြင်း အားဖြင့် စီးဆင်းစေ၍ အရှုံးတွေကို တိုတိုနဲ့ ဖြတ်နေပါတယ်..။ trader တစ်ယောက်ဟာ အချို့သော စစ်ပွဲလေး တွေမှာ ရှုံးရမယ်..။ ဒါပေမယ့် သူတို့ ဟာ စစ်ပွဲကြီး မှာ နိုင်ပါလိမ့်မယ်.။ traders အများစုနဲ့ investors အများစုဟာ ဒါကို ဆန့်ကျင်ဘက် ပြုလုပ်နေကြပါတယ်..။ ဒီအကြောင်းတွေဟာ သူတို့ကို ဘယ်တော့မှ ငွေဖြစ်မလာစေပါဘူး..။
အပြောင်းအလဲ မရှိစွာ နေနိုင်နေတဲ့ Traders တွေဟာ Trading ကို စီးပွါးရေး တစ်ခု ကဲ့သို့ ဆက်ဆံ ထိတွေပါတယ်..။ အပြောင်းလဲ မရှိစွာ အောင်မြင်မှု နှင့် Trading game မှာ အသက်ရှင်ကျန်ရစ်မှု ဖြစ်လာစေချင်ရင်တော့ plan တစ်ခု ရှိခြင်းဟာ အရေးပါပါတယ်..။ ဒါဟာ အာမခံချက် မရှိစဉ်မှာပဲ သူတို့ဟာ ငွေလုပ်နိုင်ပါလိမ့်မယ်..။
အောင်မြင်ကြပါစေ။ smile emoticon
*** Nonentity Trader

Slippage အကြောင်း သိကောင်းစရာ

Slippage အကြောင်း သိကောင်းစရာ
-------------------------------------------------------------------------------------------------------
ဒီနေ့ XAUUSD မှာ Trade တစ်ခုကို ကျွန်တော် T/P နှင့် တကွ S/L ကို ထားပြီး Buy Trade တစ်ခုကို Long လုပ်ထားဖြစ် ခဲ့ပါတယ်။ အဲ့ဒီမှာ Price ဟာ ရုတ်တရတ် ထိုးကျဆင်းသွား ခဲ့ပြီး pips တော်တော်များများကို ဆင်းသွားခဲ့ပါတယ်။ ဥပမာ S/L ကို 1081 မှာ ထား ထား တာကို 1073 ရောက်သွားတဲ့ အချိန် ကျမှ Stop Out ဖြစ်သွားပါတယ်။ ကိုယ် အရှုံးခံ နိုင်တာကို အကန့်အသတ် အနေဖြင့် ထားတဲ့ Risk ထက်ကို ပိုပြီး အတော်များများ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကျွန်တော်တို့ ရဲ့ account ဟာ leverage အတော်များများ ဖြင့် Trading လုပ်နေတယ် ဆိုပါက မိမိတို့ ရဲ့ account ကိုပါ ဆုံးရှုံး သွားရဖို့ ရာခိုင် နှုံး အတော်များ နိုင်ပါတယ်။ ဒီလိုမျိုး ဘာကြောင့် ဖြစ်ရပါသလဲ ဆိုတာကို ကျွန်တော်တို့ မေးခွန်း ထုတ်စရာပါ။
ပထမဦး ဆုံးအနေနဲ့ ဆန်းစစ် ကြည့်ရမှာကတော့ ကျွန်တော်တို့ သုံးနေတဲ့ Platform ကိုပြန် စစ်ဆေး ရပါမယ်။ ရုတ်တရတ် ထိုးကျသွားတဲ့ Price ဟာ ကိုယ်သုံးနေတဲ့ Platform မှာ ရောက်ခဲ့တဲ့ နေရာသို့ အခြားအခြားသော Platform တွေမှာရော ရောက်ခဲ့သလား ဆိုတာကို ပြန်စစ်ကြည့်ပါ။ Broker platform ပေါ်မူတည်ပြီးတော့ ကွဲပြားတက်ပါတယ် ။ အထူး သဖြင့် volatile ဖြစ်တဲ့ အခါဆိုရင် ပိုးဆိုးတက်ပါတယ်။ ဈေး တက်လိုက်ကျလိုက် အချိန်တိုတို အတွင်းမှာ ဈေး အရမ်း ကစားတဲ့ အချိန်မှာ ဖြစ် တာကို ဆိုလိုပါတယ်။ တစ်ခါ တစ်လေ Market အဖွင့်မှာ gap up တို့ gap down ဆိုတဲ့ ဈေးခုန်ကျော်တဲ့ အခါ လည်း ဖြစ်တက်ပါတယ်။
အဲ့ဒီတော့ ကျွန်တော်တို့ ရဲ့ account ကို စိတ်ချနိုင်ဖို့ အတွက် ယေဘုယျ အားဖြင့် S/L ကို 100% ယုံကြည် ထားလို့ မရနိုင်တော့ပါဘူး ။ အထက်ပါ ဖေါ်ပြခဲ့သော ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အဖြစ်အပျက် အတွက်ပါ ထည့် စဉ်းစားဖို့ လိုလာပြီး ဖြစ်ပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို ၀ိုင်းစဉ်းစားကြဖို့ လိုပါတယ်။ ကျွန်တော်တို့ Broker တိုင်းကို ယုံကြည်လို့ မရပါဘူး။ အချို့ ဈေးပေါပေါ spread ပေးတဲ့ လူလိမ် ပွဲစားတွေ အများကြီး ရှိပါတယ်။
Stock ပဲ ဖြစ်ဖြစ် ၊ Forex ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ထား လိုက်တဲ့ S/L တို့ T/P ရောက်တဲ့ အခါကျလျှင် အခြား တစ်ဖက်က ကိုယ်နဲ့ ဆန့် ကျင်ဘက်မှ ရောင်းမယ့်သူ ၀ယ်မယ့်သူ လုံလုံလောက် လောက် ရှိနေဖို့ လိုပါတယ်။ ကိုယ်က ရောင်းမယ်ဆိုရင် တဖက်က ၀ယ်သူရှိရမယ်။ ကိုယ်က ၀ယ်မယ် ဆိုရင် ရောင်းသူရှိရမယ်။ ဥပမာ - ကျွန်တော်တို့က ၀ယ်ထားတဲ့ Trade တစ်ခုကို S/L တို့ T/P တို့ ရောက်လျှင် ပြန်ရောင်းမယ် ဆိုပြီး သတ်မှတ်ထားသော်လည်း အဲ့ဒီ Price ကို ဖြတ်ဆင်း သွားတဲ့ အချိန်က သိတ်မြန် တာရယ် ၀ယ်မယ့်သူ လုံလုံလောက်လောက် မရှိသေးတဲ့ အခါမှာ ဈေးထက်ကျပါတယ်။ အဲ့ဒီလို ဈေးထက်ကျတဲ့အခါမှာ ကျွန်တော်တို့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ Price အောက်ကို နိမ့်ကျ ကျော်လွန် သွားပြီးမှ ၀ယ်သူ ပေါ်လာတဲ့ အခါမှာ ကိုယ်ရောင်းချင် တဲ့ ဈေးနဲ့ မရတော့ပဲ ပိုနိမ့်ကျတဲ့ ဈေးနဲ့ မှ အရောင်းအ၀ယ် ဖြစ်သွားတဲ့ သဘောပါ။ ဒါဟာ အမှန်တကယ် ဖြစ်တာလဲ ရှိနိုင်သလို အချိန်အားဖြင့် စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက် ဖြစ်တဲ့ အတွက် Broker က နေပြီးတော့ ဖန်တီး လုပ်ယူလိုက် တာလည်း ရှိပါတယ်။ တခြား Broker တွေနဲ့ ယှဉ်ကြည့် လိုက်ရင်တော့ အဲ့ဒီ အချိန်မှာ အဲ့ဒီဈေးကို မရောက်တက်တာလည်း ရှိပါတယ်။ (မရောက်တဲ့ ဈေးကို Broker က ဖန်တီးယူလိုက်တဲ့ သဘောပါ။)
နောက်တစ်ခုက illiquidity ကြောင့် လို့ ဆိုပါတယ်။ ဆိုလိုတာက ၀ယ် မည်၊ ရောင်းမည့် သူနည်းပါးတဲ့ အချိန်မှာ ဖြစ်တက်ပါတယ်။ Trading ဆိုတာက နှစ်ဖက် ရောင်းသူ ၀ယ်သူ ရှိမှ အလုပ်ဖြစ် တက်တာပါ။ Forex လိုမျိုး တကမ္ဘာ လုံး က အချိန်နဲ့ တပြေးညီ Trading လုပ်နေကြတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်မျိုးက မဖြစ်လိုပါဘူး။ ရံဖန်ရံခါသာ ဖြစ်တက်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခု ပေါ်လာရင် ဒါကို အခွင့်ကောင်းယူပြီးတော့ Broker အချို့ ကလည်း ရယူ အသုံးချ တက်ပါတယ်။ (ဥပမာ ဈေးတစ်ခု ဟာ လျှင်လျှင်မြန်မြန် ကျသွားတယ်။ ဒီနေရာမှာ Broker က ကျသွားတဲ့ ဈေး ထက်ကို ပိုမိုနိမ့်ကျတဲ့ ဈေးနဲ့ ကိုယ့်ရဲ့ အရောင်း order တွေကို ဈေးဖြတ်ပေးလိုက်တဲ့ သဘောပဲ။) သိပ်ကို မြန်ဆန်တဲ့ အတွက်ကြောင့် Trader တွေဟာ ပြန်စစ်ဆေးလို့ မရနိုင်ပါဘူး။ သိပ်ကို မြန်တဲ့ အတွက်ကြောင့် Broker က ဘယ်လို ဖန်တီး နိုင်မလဲ လို့ မေးစရာ ရှိပါတယ်။ ကွန်ပြူတာ system တွေနဲ့ ကြိုတင် ဖန်တီး ထားတာ ဖြစ်လို့ အဲ့ဒီလို မလုပ်နိုင်ဘူးလို့ မထင်ပါနဲ့ ။ ဒါကြောင့်မို့ Broker ရွေးချယ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် ရွေးချယ် နိုင်ဖို့ လိုပါတယ်။
အဲ့ဒီလို ကိုယ် ၀ယ်/ရောင်း မယ်လို့ သတ်မှတ်ထားတဲ့ ဈေး နဲ့ အမှန်တကယ် အရောင်း/အ၀ယ် ဖြစ်ခဲ့တဲ့ ဈေး ဟာ ကွာခြားသွားနိုင်ပါတယ်။ ဒီလို သတ်မှတ်ဈေး နဲ့ အလုပ်ဖြစ်သွားတဲ့ ဈေးနဲ့ ကွာခြားသွားတာကိုပဲ Slippage လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ order တစ်ခုကို ဈေးနှုံး တစ်ခုနဲ့ broker ဆီမှာ request လုပ်လိုက်တယ် ဆိုပါတော့။ သေချာ သတိထား မိရင် ချက်ချင်း မ၀င်ပါဘူး။ အနဲ ဆုံး စက္ကန့် ပိုင်းလေးတော့ စောင့်ရတာပါပဲ ။ ဒါကတော့ ကျွန်တော်တို့ request လုပ်လိုက်တဲ့ order နဲ့ ဆန့်ကျင်ဘက် အပိုင်းက (ရောင်းမယ် ဆိုရင် ၀ယ်မယ့်သူ ၊ ၀ယ်မယ် ဆိုရင် ရောင်းမယ့်သူ ) တွေရဲ့ order တက်လာတဲ့ အခါမှာ ချိတ်ဆက် ပေးတာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ် order ဖွင့်လိုက်တဲ့ ဈေးဟာ တဖက်က ပြန်တက်တဲ့ order တွေရဲ့ ဈေးနဲ့ တူနေရင်တော့ ကိုယ်ဖွင့်လိုက်တဲ့ ဈေးနဲ့ broker က ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ မတူရင်တော့ အနီးစပ်ဆုံး ဈေးနီး တဲ့ ဆန့်ကျင်ဘက် order တွေကို ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒါကို ကိုယ့် order တွေကို broker က fill လုပ်ပေးတယ်လို့ ခေါ်ပါတယ်။
Slippage ဆိုတာ ကျွန်တော်တို့ရဲ့ order တစ်ခုကို requested လုပ်လိုက်တဲ့ price နဲ့ မတူညီပဲ အခြား Price တစ်ခုမှာ filled လုပ်ခြင်းခံရတဲ့ အတွက် ဈေးနှုံး ၂ခု အကြား ဈေးကွာသွားတာကို ခေါ်တာပါ။ Trade တစ်ခုရဲ့ မျှော်လင့်ထားတဲ့ ဈေးနှုံး နဲ့ အမှန်တကယ် အဲ့ဒီ Trade ရဲ့ အလုပ်ဖြစ်သွားတဲ့ ဈေးနှုံး ၂ခုရဲ့ ဈေးကွာခြား ချက် ဖြစ်ပေါ်လာပါတယ်။
Slippage ဟာ မြင့်မားသော ဈေးနှုံး ကစားတဲ့ အချိန်ပိုင်းတွေ မှာ မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ market orders တွေ များစွာပေးတဲ့ အခါ၊ ဈေးကွက် မှာ Traders တွေမှ orders အကြီးကြီး တွေ ကို ပြုလုပ်ခိုင်းခံရတဲ့ အခါ၊ Trade ရဲ့ ကြိုတင်ပေးထားတဲ့ ဈေးနှုံး ကို လက်ခံဖို့ အခြား Trader တွေရဲ့ စိတ်ဝင်စားခံရတာကို လုံလုံလောက်လောက် မရရှိတဲ့ price level (ဈေးနှုံး) တွေမှာ ဖြစ်တက်ပါတယ်။
Slippage ဟာ Forex နှင့် stock trading နှစ်ခုစလုံးမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးအတွက် အဓိပ္ပါယ် ကတော့ တူပေမယ့် ဖြစ်ပေါ်လာတက်တဲ့ အခြေအနေကတော့ မတူကြပါဘူး။
Forex မှာဆိုလျှင် order မှာ၊ limit order မှာ၊ ဒါမှမဟုတ် Stop Loss တွေမှာ မူလကြိုတင် သတ်မှတ်ပေးထားတဲ့ နှုံး နဲ့ မဟုတ်ပဲ ပိုမို ဆိုးရွားတဲ့ ဈေးနှုံးနဲ့ အလုပ်ဖြစ်သွားပြီး slippage ကို ဖြစ်ပေါ်စေတက်ပါတယ်။ နောက်ပြီး တက်လိုက်ကျလိုက် ဈေးကစားနေသော အချိန်၊ သတင်း အသစ် အဖြစ်အပျက်များ ဖြစ်လာ နိုင်သော အချိန် နဲ့ အခြားသူတွေ အတွက် မဖြစ်နိုင်တဲ့ သတ်မှတ်ဈေးနှုံး တစ်ခု မှာ ကျွန်တော်တို့ order တစ်ခုကို ပြုလုပ်ထားသော အခါ မျိုးတွင် မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ ဒီအခြေအနေမှာ Forex dealers အများစုဟာ နောက်တစ်ကြိမ် အကောင်းဆုံး ဈေးနှုံး မှာမှ Trade ကို ၀င်ကြပါတယ်။
Stocks trading မှာတော့ Slippage ဟာ spread ပြောင်းလဲမှု ဖြစ်လာတဲ့ အခါ မှာ ဖြစ်တက်ပါတယ်။ ဒီနေရာမှာ trader တွေရဲ့ market order တစ်ခု ထားခဲ့မယ် ဆိုရင် သတ်မှတ်ပေးသော ဈေးနှုံးထက် လွဲနေသော ဈေးနှုံး တစ်ခုဖြင့် လက်ခံ ဆောင်ရွက်တာကို ခံရနိုင်ပါတယ်။ long trade (buy trade) တစ်ခု အတွက် ကတော့ trader တွေအတွက် ၀ယ်ဈေး ask ဟာ မြင့်တက်နေပြီးတော့ short trade (sell trade) အတွက် ရောင်းဈေး bid တွေက အနှိမ်ခံရမှာ ဖြစ်တယ်။ မလိုအပ်တဲ့ အချိန်မှာ market orders တွေကို ရှောင်နေခြင်းအားဖြင့် Traders တွေဟာ slippage ဖြစ်ခြင်းမှ ကာကွယ် နိုင်ပါတယ်။
slippage ဟာ ဂရုစိုက်ပြီး အလေးထား သင့်တဲ့ အရာပါပဲ။ အမှန်တကယ် ရှိနေတာလဲ ဖြစ်ပါတယ်။ ပုံမှန် ဈေးကွက် မှာ traders တွေအတွက် အခြေအနေကောင်း တွေကို ပေးနိုင်ပါတယ်။ liquidity provider သို့မဟုတ် bank တွေ ဟာ order တွေ ပေးပို့လာတဲ့အခါမှာ market Broker တွေဟာ အကောင်းဆုံး ရနိုင်သော ဈေးနှုံး တွေနဲ့ ချိတ်ဆက်ပေးကြပါတယ်။ ချိတ်ပေးတဲ့ ဈေးနှုံး ကလဲ price requested ရဲ့ အပေါ် သို့မဟုတ် အောက် ဈေးနှုံးရှိတဲ့ အခြားဘက် ကသူတွေရဲ့ order တွေကို ရွေးချယ် ချိတ်ဆက် ပေးပါတယ်။ ဥပမာ ပေးရရင် ကျွန်တော်တို့ EURUSD ကို current market rate of 1.3650 မှာ ၀ယ်ဖို့ အတွက် အားထုတ်တယ်ဆိုကြပါစို့။ ဒီ order ကို ဖြည့်တဲ့ အခါမှာ potential outcomes အနေနဲ့ 3 မျိုး ဖြစ်နိုင်ပါတယ်။
Outcome #1 (No Slippage)
request order လုပ်လိုက်တဲ့အခါမှာ အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေး ဟာ 1.3650 မှာပဲ လက်ခံ ရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းခဲ့တဲ့ ဈေးနှုံး တိတိကျကျပါပဲ) . order ဟာ 1.3650 မှာပဲ ပြည့်သွားပါတယ်။
Outcome #2 (Positive Slippage)
request order လုပ်လိုက်တဲ့ အခါမှာ အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေး ဟာ ရုတ်တရတ် ပြောင်းလဲ သွားတဲ့ 1.3640 မှာ လက်ခံရရှိပါတယ်။ ( ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips နည်းနေပါတယ်။) ကျွန်တော်တို့ရဲ့ order ဟာ ပိုမို ကောင်းမွန်တဲ့ ဈေးနှုံး 1.3640 မှာ ပြည့်သွားပါတယ်။
Outcome #3 (Negative Slippage)
request order လုပ်လိုက်တဲ့ အခါမှာ အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေး ဟာ ရုတ်တရတ် ပြောင်းလဲ သွားတဲ့ 1.3660 မှာ လက်ခံရရှိပါတယ်။( ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips များနေပါတယ်) ကျွန်တော်တို့ရဲ့ order ဟာ 1.3660 မှာပဲ ပြည့်သွားမှာ ဖြစ်ပါတယ်။
ဘယ် အချိန်မှာ မဆို ကျွန်တော်တို့ရဲ့ order တွေဟာ ကွဲပြားခြားနားတဲ့
price တွေနဲ့ အဖြည့်ခံနေရမှာ ဖြစ်ပါတယ်။ ဒါဟာ slippage ပါပဲ။
*** Nonentity Trader

Forex မှ တဆင့် ကျွန်တော့်အတွက် ပြုပြင်စရာလေးများ


Forex မှ တဆင့် ကျွန်တော့်အတွက် ပြုပြင်စရာလေးများ
------------------------------------------------------------------------
ကျွန်တော် Forex ကို လေ့ လာနေတာ နှစ်နှစ် ကျော်ကျော် ရှိပါပြီး။ ဒီလောက ထဲကို စပြီးခေါ်ခဲ့တဲ့သူကတော့ ကျွန်တော့်ရဲ့ အစ်ကိုကြီး။ သိပ်တော့ မကြာသေး။ သက်တမ်း အလွန် နုပါသေးသည်။ ဘာမှလည်း သိပ်မသိသေးပါ။ ဒါနဲ့ပဲ အစ်ကိုကြီး ရဲ့သွန်သင်ပြသမှုတွေနဲ့ အတူ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ နဲ့ပဲ ဒီလိုပဲ ကိုယ့်အလုပ်လည်း (ပြင်ပ) ပြေးပြေး လုပ်ရင်းနဲ့ ဟိုနား တစ်စ၊ ဒီနား တစ်စ နဲ့ ပေါ့ဗျာ။ မိတ်ဆွေ သူငယ်ချင်း လုပ်ဖော် ကိုင်ဖက်တွေရဲ့ ရေးထားတဲ့ ကျွန်တော့်ကိုသင်ပေးပြပေးတဲ့ Posts စာတွေကို လည်း ဖတ်ရင်း Group တွေပေါ်မှာ ပြောဆိုနေကြရင်း နဲ့ပဲ Forex Trading ဆိုတဲ့ မဆုံးနိုင်တဲ့ ခရီးကြီးကို ဆက်လှမ်းနေတယ် ဆိုပါတော့ဗျာ။ လုပ်ရင်းကိုင်ရင်း နဲ့ပဲ ကိုယ်တိုင် အမှားများစွာ ကြုံတွေ့ လာရသလို လုပ်ဖော်ကိုင်ဖက် (မိတ်ဆွေသူငယ်ချင်းများ) ရဲ့ အမှား များကို (ကျွန်တော်ထင်တာပေါ့ ဗျာ .. ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်) တွေ့လာရပါတယ်။
ဒါလေးကို ကျွန်တော် ရေးချင်တာပါ။ ရေးချင်းတယ် ဆိုတဲ့နေရာမှာ (လေ နဲနဲ ရှည်ပျစေ) ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေလေးတွေ မြင်ခဲ့သိခဲ့ရတဲ့ အကြောင်းလေးတွေ ဖတ်ခဲ့မှတ်ခဲ့ရတဲ့ အရာတွေကို ကျွန်တော် အမြဲတမ်းလိုလို ပြန်ပြီး သတိတရ ပြန်ဖတ်လို့ရအောင် ဆိုပြီး ကျွန်တော့် မှတ်စုအနေနဲ့ ပြန်ရေးတက်ပါတယ်။ ဒီနေရာမှာ ကွန်ပြူတာ ထဲမှာ ရေးတာက ကျွန်တော့် အနေနဲ့ပြန် ဖတ်ဖြစ်ဖို့ ရာခိုင်နှုံးကတော့ အွန်လိုင်းပေါ် တင်ရေး မိလို့ ပြန်ဖတ်ဖြစ်တာ နဲ့စာရင် နည်းပါတယ်။(လိုင်းပေါ်မှာ ကျတော့ ဘယ်နေရာ ဖြစ်ဖြစ် ဖတ်လို့ ရတယ် ဆိုပါတော့ဗျာ) ဒါကြောင့်မို့ Facebook Page လေး တစ်ခု ထောင်ပြီး ကိုယ်တိုင် မှတ်စု အနေနဲ့ရေးမှတ်ထား ခြင်းသာ ဖြစ်ပါတယ်။ ဆရာသမားတွေ တင်တဲ့ post တွေကိုလည်း မိမိအလွယ်တကူ ပြန်ကြည့်လို့ ရအောင် မိမိ Page မှာ ပြန် Share တက် ပါတယ်။ ဒါက တစ်ကြောင်းပေါ့။
နောက်တစ်ခု ပြောချင်တာက ကျွန်တော် Forex ကိုလေ့လာစဉ်မှာ English လို ရေးထားတဲ့ Posts တွေကို ရှာပြီး ဖတ်ရပါတယ်။ movies တွေလည်း ကြည့်.. ဆိုပါတော့ဗျာ။ နားကော မျက်စေ့ ကော မူးနေတာပါပဲ။ အများအားဖြင့် English လိုတွေ ရေးထားတာ များပါတယ်။ ခုနောက်ပိုင်းမှသာ မြန်မာလို ရေးတဲ့ ပို့စ်တွေ ထွန်းကားလာတာပါ။ ကျွန်တော်ကိုယ်တိုင် English စာ ဖတ်နိုင်စွမ်းရည် အလွန် နိမ့်ကျပါတယ်။ အဲ့ဒီတော့ မတက် တစ်တက် ဘာသာပြန်ရပါတယ်။ နားလည်အောင်ဖတ်ဖို့ ကတော့ အတော့်ကို ခက်ခဲပါတယ်။ မသိတဲ့ ပညာရပ် တစ်ခုကို မတက်တဲ့ ဘာသာနဲ့ ရေးထားတာ ဆိုတော့ အဆိုးဆုံးပေါ့ ဗျာ။ ဘာသာပြန်တဲ့ အခါမှာ (အခြားသူအတွက် မဟုတ်ပါ။ ကိုယ့်အတွက် ကိုယ်ပြန်တာ ဖြစ်ပါတယ်။ အခြားသူတွေက ကိုယ့်ထက် အများကြီးတော်ကြမှာပါ။ မူရင်းအတိုင်း အင်္ဂလိပ်လို တင်ပေးလိုက်ယုံ ပဲပေါ့။) မူရင်း ရေးသားသူ ပညာရှင်ရဲ့ အာဘော် ရေးသားချက် လွဲမှားသွားမှာ စိုးရိမ်ရပါတယ်။ လွဲသွားရင် ဆိုလိုရင်းတွေ လွဲကုန်ရင် ကိုယ်ဟာကိုယ် အလုပ်လုပ်လို့ ဘယ်လိုမှ အဆင်ပြေတော့မှာ မဟုတ်ဘူး။ အဲ့ဒီလို ဘာသာပြန်ကြည့်ရင်းနဲ့ စိတ်ကူး တစ်ခုရလာတယ်။ ကိုယ်တိုင် ဖတ်ကြည့်နေတာနဲ့ စာရင် တခြားတယောက်ယောက် ကို ငါရှင်းပြပေးတဲ့ ပုံစံမျိုး ဆိုရင် ငါ့အတွက် ပိုနားလည်လာလိမ့်မယ် ဆိုတာကိုပါပဲ။ ဘာလို့လဲ ဆိုတော့ ကိုယ့် ကိုယ်တိုင် အတွက်ဆိုရင် တော်ယုံတန်ယုံ သဘောပေါက် နားမလည်ဘူး ဆိုရင် အားလျော့ပြီး ကျော်ဖတ်သွားမှာ ဖြစ်ပါတယ်။ အခြားသူကို ရှင်းပြဖို့ ဆိုရင်တော့ အလုံးစုံ သေချာ ဖတ်ပြီး ကိုယ်တိုင်နား လည်သဘောပေါက်ဖို့ လိုလာတဲ့အတွက် ပိုအားစိုက်ဖြစ်ပါတယ်။ ပြန်ရေးရင်လည်း သူတပါး နားလည်အောင် ရေးရတဲ့ အတွက် ထပ်ဆင့် ပိုနားလည်သွားပါတယ်။ ကိုယ်တွေ့ပါ။ ကိုယ့်အတွက်လည်း ပိုပြီး မှတ်မိစေပါတယ်။ ဒါက ကျွန်တော် မှတ်စုတွေကို post အဖြစ် ရေးဖြစ်စေတဲ့ နောက် အကြောင်းအရာ တစ်ခုပါပဲ။ အဲ့ဒီတော့ ဒီ Page လေးဟာ ကျွန်တော့ရဲ့ မှတ်စုလေးပါပဲ။ အလည်လာရောက် ဖတ်ရှု့ပေးတဲ့ မိတ်ဆွေများကို လည်း ကြိုစိုပါတယ်။ မှားတာရှိရင်လည်း ပြင်ပေးကြပါ လို့..။ ဒါက နိဒါန်းပါ..။ တော်တော်တောင် ရှည်သွားပြီးလား မသိဘူး ..။ tongue emoticon
ပြောရင်း ပြောရင်းနဲ့ ဘယ်ရောက်သွားပြီးလဲ မသိဘူး..။ အဲ.. Forex အကြောင်း ပြန်ပြော ကြတာပေါ့။ Forex ထဲမှာ ကျွန်တော်တို့ Currencies Pairs တွေ ကို ရောင်းကြတယ် ၀ယ်ကြတယ်။ ဒါနဲ့ ပဲ ငွေရအောင် ရှာကြမယ် လို့ ဆုံးဖြတ်ထားကြတယ်..။ ဒီလိုပဲ ရောင်းရင်း ၀ယ်ရင်းနဲ့ ပဲ ငွေတွေ ရလာသလား ဆိုရင်တော့.. အလုံးစုံ အကုန်လုံး မရကြပါဘူး ။ မြတ်တဲ့သူက မြတ်သလို ရှုံးတဲ့သူကလည်းပဲ ရှုံးကြပါတယ်။ မြတ်တဲ့သူက မြတ်တာ အဆင်ပြေပေမယ့် ရှုံးတယ် ဆိုတာကတော့ နားထောင်လို့လည်း မကောင်းသလို့ လက်ခံရသူ အတွက်လည်း ဘယ်လိုမှ လက်မခံချင်တဲ့ အရာတစ်ခုပါ။ အဲ့ဒီ အမြတ် အရှုံး ဆိုတာ ဘာကြောင့် ရလာရသလဲ ဆိုရင် ကျွန်တော်တို့ ရောင်းတယ်၊ ၀ယ်တယ်ဆိုတဲ့ currencies pairs တွေရဲ့ Price action တွေဟာ ရွှေ့ရှားနေလို့ပဲ ဖြစ်ပါတယ်။ price တွေ movement မဖြစ်ဖူးဆိုရင် ကျွန်တော်တို့ မြတ်မှာ မဟုတ်သလို ရှုံးမှာလည်း မဟုတ်ပါ။ ဒါတွေက အားလုံးလည်း သိပြီးကြပါပြီး ဖြစ်ပါတယ်။ (ကျွန်တော့်ရဲ့ တင်ပြပုံ ညံ့ဖျင်းတဲ့ အတွက် နားတွေ မျက်စေ့တွေ လည်ကုန်ပြီးဆိုရင်လည်း သီးခံပေးကြပါ။)
Price movement တွေ ဘာကြောင့် ဖြစ်ရသလဲ။ အလိုလို နေရင်းတော့ ရွေ့ကြမယ်လို့ မထင်ပါဘူး။ အကြောင်းရှိပါတယ်။ ထို့အတူ မရွေ့ ရှားတဲ့ အခါရော အကြောင်းမရှိဘူးလား ဆိုရင်တော့ မရွေ့ရှားတဲ့ အခါလည်း အကြောင်းရှိပါတယ်။ ဒီနေရာမှာ Price ဆိုတာကရော ဘယ်လိုကြောင့် ပေါ်လာတာလည်း ဆိုတာ အရင် သိဖို့လိုပါတယ်။ Price - ဈေးနှုံး တစ်ခုဆိုတာ ရောင်းသူ၊ ၀ယ်သူ ရှိမှ ဈေးနှုံး Price ဆိုတာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။
Price တွေဟာ အထက်မှာ ပြောထားခဲ့သလို ပဲ ကျွန်တော်တို့ အမြတ်တွေ ရဖို့ အတွက် movement ဖြစ်ဖို့လိုသလို ဖြစ်လည်း ဖြစ်ပါတယ်။ ဒီလို ရွှေ့ရှားနေတာဟာ သူတို့ဟာသူတို့ သွားချင်ရာကို သွားနေကြတာတော့ မဟုတ်ပါဘူး။ ရွှေ့စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ သေချာတာ တစ်ခုကတော့ ဒီ price action တွေ ရွှေ့ရှားစေတဲ့ အကြောင်းကတော့ လူသားတွေ ဖန်တီးကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ လူတွေထဲ မှာ ကျွန်တော်တို့ Trader တွေ၊ ရင်းနှီးမြုပ်နှံသူတွေ၊ ကုန်ထုတ်လုပ်ငန်းလုပ်သူတွေ၊ သုံးစွဲသူတွေ စသည်အား ဖြင့် အများ အပြား ပါဝင်ကြပါတယ်။ Price action ဟာ ထိုသူတွေရဲ့ မောင်းနှင်တဲ့(တွန်းပို့တဲ့) ဘက်ကို ရွှေ့သွားရ တာပါပဲ ဖြစ်ပါတယ်။
လူတွေ ဟာ price action တွေကို ဘယ်ဘက်ကို ဘယ်လို မောင်းနှင်တွန်းပို့ ကြပါသလဲ။ အတက်ဖက်ကိုလား၊ အကျဖက်ကိုလား၊ တကယ်တော့ လူတိုင်းကိုယ်စီသည် မိမိတို့ ရဲ့ အကျိုးရှိမယ် ထင်တဲ့ဖက် အမြတ်ရနိုင်တဲ့ဖက်ကို တွန်းပို့ ကြတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ကာ လူတိုင်း အကျိုးရှိသွားပါသလား၊ ကျွန်တော်တို့ရော အမြဲတမ်း မြတ်ကြပါသလား။ မြတ်တဲ့အခါ ရှိသလို မမြတ်တဲ့အခါလည်း ရှိပါတယ်။ ဘာကြောင့်ပါလဲ။ ဒါဟာ ကျွန်တော်တို့အနေနဲက အကျိုးရှိမယ့် ဘက်ကို တွန်း သော်လည်းပဲ price ဟာ သွားတဲ့အခါ ရှိသလို မသွားပဲ ဆန့်ကျင်နေတာလည်း ရှိတယ် ဆိုတာ သေချာလို့ပါပဲ။ ကျွန်တော်တို့ကို ဆန့်ကျင်တယ် ဆိုတာကတော့ သူ့ဖက်က ကူပြီး ပြန်တွန်းပေးနေတဲ့ ကျွန်တော်တို့ရဲ့ ဆန့်ကျင်ဖက် ရောင်းဝယ် သူတွေ ရှိနေတယ် ဆိုတာပါပဲ။ အဲ့ဒီတော့ ရောင်းသူ နဲ့ ၀ယ်သူအကြား အားပြိုင်ပြီး Price ကို တွန်းကြရာမှာ အားကြီးတဲ့ ဘက်မှနေပြီး အားနည်းတဲ့ ဘက်ကို ရွှေ့သွားစေတာပါပဲ။ အဲ့ဒီတော့ Price action တွေဟာ အကြောင်းမဲ့ သက်သက် ဖြစ်ချင်သလို ဖြစ်လာ တာမဟုတ်ပဲ လူတွေ ပြုပြင်လို့ ဖြစ်ပေါ်လာတာ ဆိုပေမယ့် ရည်ရွယ်ချက်တွေ အမျိုးမျိုးကြောင့် ဖြစ်လာတဲ့ အတွက် မည်သို့မျှ တိတိကျကျ ခန့်မှန်း တွက်ချက်၍ ရကောင်းသော အရာတော့ မဟုတ်ပါဘူး။
Price movement ဖြစ်စေတဲ့ ယေဘုယျ အချက် တွေကတော့
၁. ပုံမှန် အရောင်း၊ အ၀ယ် မှ တဖက်ဖက်မှ ရောင်း၊ ၀ယ်လိုအား များလာလျှင်
၂. ပုံမှန် အရောင်း၊ အ၀ယ် မှ တဖက်ဖက်မှ ရောင်း၊ ၀ယ်လိုအား လျော့ကျသွားလျှင်
၃. ၀င်လာသမျှ အရောင်း၊ အ၀ယ် အော်ဒါများ တောက်လျောက် ဈေးနှုံး တစ်ခုတွင် လက်ခံရာမှ လက်မခံနိုင်တဲ့ အဆုံးပိုလျှံထွက်လာရင်
၎. အရောင်းအ၀ယ် မရှိ နည်း သို့မဟုတ် ရပ် နေရာမှ ရုတ်တရတ် အရောင်းအ၀ယ် ထဖြစ်လျှင်
၅. အရောင်းအ၀ယ် များနေပေမယ့်လည်း တဖက်နှင့် တဖက် Balance ဖြစ်နေရာမှ တဖက်ဖက်မှ လျော့နည်းသွားလျှင် စသဖြင့် ထိုထက်ပိုမိုသော အကြောင်းအရာ များလည်း ရှိနိုင်ပါသေးသည်။ ယေဘုယျ အား ဖြင့် ၀ယ်လိုအား များလျှင် ဈေးတက်သွားမှာ ဖြစ်သလို ရောင်းလိုအား များလျှင် ဈေးကျမှာ ဖြစ်ပါတယ်။
ထို့အတူ ရွေ့ရှားနေသော price များကို ရပ်တန့်စေနိုင်တဲ့ အကြောင်းများ (ရွေ့ရှားနေရာမှ ငြိမ်စေ တဲ့ အကြောင်းအရာကလည်း ရောင်းသူ ၀ယ်သူ မျှသွားတဲ့ အခြေအနေမျိုး၊ ရောင်းသူဝယ်သူ မရှိတော့တဲ့ အခြေအနေ အကြောင်းတွေပဲ ဖြစ်ပါတယ် ) ရှိနိုင်သေးသလို Price ကို ပြန်လှည့်သွားစေတဲ့ အကြောင်းအရာ များလည်း ရှိပါသေးသည်။ ထိုထို အကြောင်းအရာ များသည် နေ့အလိုက် နာရီပိုင်းအလိုက် ကို မဆိုထားနှင့် စက္ကန့် ရဲ့ အပိုင်းအစ အချိန်တွင်ပင် မူလ အခြေအနေမှ ပြောင်းလဲစေသော အကြောင်းတရားများ ရှိပါသည်။ ဆိုလိုတာကတော့ price movement ဖြစ်ဖို့ အတွက်ကို အကြောင်းတရားတွေ ရှိနေတာကို စဉ်းစား တွေးခေါ်ဖို့ ပဲဖြစ်ပါတယ်။
များသော အားဖြင့် ကျွန်တော်တို့ ဟာ Price တစ်ခု တက်သွားတယ် ဆိုရင် ပြန်ကျမယ်၊ ကျသွားတယ် ဆိုရင် ပြန်တက်မယ် ဟု (Short Time အတွက်) အတွေးတွေ တွေးတက်ကြပါတယ်။ ဖြစ်တက် တာကတော့ ဈေးတက်သွားတယ်.. စောင့်ကြည့်တယ် .. ငြိမ်သွားတယ် .. ကျယောင်ပြုတယ်.. အဲ့ဒီအချိန်မှ ကျမယ်ထင်ပြီး ရောင်း (Sell order) အော်ဒါ ဖွင့်တယ်။ ကျွန်တော်တို့ကို ဘယ်သူက ပြန်ဆင်းမယ်လို့ပြောလို့ အဲ့ဒီ လို Sell order ဖွင့်ရတာပါလဲ။ အဲ့ဒါနဲ့ ပြောင်းပြန် ဈေးကျသွားတယ် .. စောင့်ကြည့်တယ် ငြိမ်သွားတယ်.. တက်ယောင်ပြုတယ်.. အဲ့ဒီအချိန်မှာ တက်မယ် ထင်ပြီး အ၀ယ် (Buy order) အော်ဒါ ဖွင့်ပြန်တယ်။ အဲ့ဒီမှာလည်း ပြန်တက်မယ်လို့ ဘယ်သူပြောလို့ ကျွန်တော်တို့ buy order ဖွင့်တာပါလဲ။ မှန်တဲ့ အခါ မှန်သွားသော်လည်း မှားတဲ့ အခါလည်း မှားသွားပြန်ပါတယ်။ များသောအားဖြင့် အဲ့ဒီ လို ဖွင့်လိုက်တဲ့ order တွေဟာ ရည်ရွယ်ချက် မရှိပါဘူး။ ဒါဟာ မှားယွင်းမှု တစ်ခုပါပဲ။ ကျယောင်ပြုသော်လည်း ကျစေတဲ့ အကြောင်း ရှိမှ ကျမှာ ဖြစ်သလို တက်ယောင်ပြုသော်လည်း တက်စေတဲ့ အကြောင်းရှိမှ တက်မှာ ဖြစ်ပါတယ်။ တက်သွားသည် ဖြစ်စေ၊ ကျသွားသည် ဖြစ်စေ တက်ဖို့အကြောင်း တစ်ခု ရှိမှ တက်မှာ ဖြစ်သလို ကျဖို့ အကြောင်း ရှိမှလည်း ကျမှာ ဖြစ်ပါတယ်။ ဒါကို စဉ်းစားပြီးမှ သေချာ တွက်ချက်ပြီး ဖြစ်နိုင်ချေ ပိုများတဲ့ order တွေကို ဖွင့်ဖို့လိုပါတယ်။
ပြီးတော့ Indicators တွေပါ။ လူတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ price movement, price action တွေကို အခြေခံပြီး တွက်ထုတ်ထား တဲ့ indicators တွေမှာ လူသားတွေရဲ့ စိတ်ဝိဥာဉ်တွေ ပူးကပ်နေတဲ့ အတွက် (လူတွေရဲ့စိတ်ခံစားမှု နဲ့ ရွေ့ရှားသွားတဲ့ price တွေမှာ လူစိတ်နေ သဘောတွေ ပါဝင်နေမှု ကို ဆိုလိုတာဖြစ်ပါတယ်။) အခြေခံ အကြောင်းအချက် တူညီသွားရင် မှန်သင့်သလောက် မှန်နိုင်ပါတယ်။ သို့သော်လည်း အခြေခံ အကြောင်းအချက် မတူညီသော (မနေ့က နဲ့ဒီနေ့ မတူတော့သလိုမျိုး) အခြေအနေမှာ ထပ်တူညီမှန်ဖို့ အတွက် ကတော့ မလွယ်ကူပါဘူး။ အလုံးစုံ အားကို နေလို့ မဖြစ်နိုင်ပါဘူး။ မှန်တဲ့ ရာခိုင်နှုံးများတဲ့ အတွက် probability game ပုံစံမျိုး နဲ့ money management ကို ပိုင်ပိုင် နိုင်နိုင် ထိန်းချုပ်နိုင်ပြီး တသတ်မတ် အလုပ်လုပ်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ indicators တွေ အားကိုးပြီး အားတဲ့ အချိန်မှာ trade ၀င်မယ်။ မအားရင် ပစ်ထားမယ်။ လုပ်ချင်တဲ့ အချိန်မှာ ထလုပ်မယ် ဆိုရင်တော့ အဆင်သင့်ရင် ကောင်းချင်လည်း ကောင်းနိုင်ပေးမယ့် အဆင်မသင့်ရင်လည်း ကုန်ပါလိမ့်မယ်။
နောက်တစ်မျိုး က FA ပါ။ Data ထွက်တာ တွေကို စောင့်ကြည့်ပြီး Trade လုပ်ကြတာပါ။ အဲ့ဒါကတော့ ခန့်မှန်း တွက်ချက်တက်သူ များအတွက် သူလည်းပဲ Indicators ပုံစံမျိုးပဲ မှန်တဲ့ ရာခိုင်နှုံးများတယ် ဆိုရင် money management နဲ့ တွဲပြီး အလုပ်လုပ်နိုင်မယ် ဆိုရင်တော့ ပြောစရာ မရှိပါ။
ဘာလိုပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ ကျွန်တော်တို့ forex မှာ price action တွေဟာ လူတွေရဲ့ ပြုပြင်ပြောင်းလဲ မှုကြောင့် ဟိုဟို ဒီဒီ ရွှေ့လျားသွားနေကြတယ် ။ ခန့် မှန်းဖို့လည်း အလွန် မလွယ်ကူတဲ့ကိစ္စ လည်း ဖြစ်ပါတယ်။ အဲ့ဒီထဲက မှ ကျွန်တော်တို့ ငွေဘယ်လို ရှာမလဲ။ အခြားသော နည်းလမ်းတော့မရှိပါဘူး။ မည်သို့ ဖြစ်လျှင် မည်သို့ ၀င်မည်။ မည်သို့လုပ်လျှင် ကိုယ့်အတွက် အမြတ်ရနိုင်သည်ကို တသတ်မတ် တည်း ပြုလုပ်ကြည့်ခြင်း မှ လွဲ၍ အခြားနည်း မရှိနိုင်ပေ။
ကျွန်တော်တို့ Trading ကို ဘယ်လိုစလုပ်မလဲ
- အထက်ဖေါ်ပြပါ မိမိတို့ သန်ရာ သန်ရာ အကြောင်းအရာတွေ ကို အသုံးပြုပြီး Currency pair တစ်ခုချင်းစီရဲ့ တပတ်အတွင်း ဖြစ်နိုင်ချေ ရှိတာလေးတွေကို တွက်ချက်ပြီး မှတ်တမ်းပြုစုထားဖို့ လိုပါတယ်။ ယေဘုယျ တပတ်အတွင်း အမြင့် ဆုံးရောက်နိုင်တဲ့ ဈေး၊ အနိမ့်ဆုံး ဖြစ်နိုင်တဲ့ဈေး ခန့်မှန်းချက်များ ပဲ ဖြစ်ပါတယ်။
- ရောက်ရှိနေတဲ့ နေ့ရဲ့ တနေ့တာ အတွင်းခန့်မှန်းချက်များ
- ၀င်သင့်သော Entry point များ ။ တက်ချေရှိလို့ ဘယ်အမှတ် ရောက်ရင်၊ price action ဘယ်လို ပုံစံ ဖြစ်ရင်၊ ဘယ်အချိန်ရောက်ရင် စသည်ဖြင့် ကြိုတင် စံ သတ်မှတ်ချက်များ ထားရှိရန်
- အမြတ် ရနိုင်ခြေ
- ထားရှိရနိုင်တဲ့ ကာလအပိုင်းအခြား
- Risk and Reward Ratio
- ရင်းနှီးရမည့် သို့မဟုတ် ၀င်ရမည့် lots size
စသည်ဖြင့် လိုအပ်ချက်များကို ကြိုတင် တွက်ချက် စီမံထား ဖို့လိုပါတယ်။ ကျွန်တော်တင်ပြချက်များ ဟာ လိုကောင်းလိုအပ်ချက် များ ရှိနေနိုင်ပါသေးတယ်။ ထပ်မံဖြည့်စွက်နိုင်ပါတယ်။
အဲ့ဒီမှာ လိုအပ်ချက်လေးတွေကတော့
- တသမတ် အမြတ်ဘယ်လောက်ယူမလဲ။ pips ဘယ်လောက် သတ်မှတ်မလဲ။
- ဘယ် currencies pairs တွေ အတွက် ဘယ် Timeframe ဟာ ကိုယ့်ရဲ့ နည်းစနစ်နဲ့ အကိုက်အညီ ဆုံးလဲ ဆိုတာကို ရွေးချယ် ပေးဖို့ပါပဲ။ 15min, 5min, 1min စသည်အားဖြင့်ပေါ့။
- မိမိရဲ့ ငွေရင်း ဘယ်လောက် ရာခိုင်နှုံး အထိ ဆုံးရှုံး နိုင်သည် အထိ သည်းခံနိုင်ပါသလဲ။ Capital Risk ဘယ်လောက် ယူနိုင်သလဲ။ ၁၀%၊ ၂၅%၊ ၅၀% စသည်အားဖြင့်၊ စောင့်ဆိုင်းကြည့်ပါ။ သည်းခံကြည့်ပါ။
- မိမိရဲ့ အမြတ်ကို ဘယ်လောက်ထိ ယူမလဲ ဆိုတာကိုလည်း သည်းခံဖို့ပါပဲ။ Trade ရဲ့ အမြတ် pips ဘယ်လောက်ယူမလဲ ဆိုတာကိုပေါ့။ ဥပမာ 10pips, 20pips, 40pips, 80pips, 160pips စသည်အားဖြင့် မိမိ မျှော်မှန်း ထားသည်အထိ ရရှိဖို့ကိုစိတ်ရှည်စွာ စောင့်ဆိုင်းနိုင်ရမည်။ (မျှော်မှန်းထား ချက်သည်လည်း အမှန်တကယ် ဖြစ်နိုင်တဲ့ အလားအလာ ရှိဖို့ ကြိုတင် တွက်ချက်ထား ပြိးသား ဖြစ်ရမည်။)
- ရောင့်ရဲပါ။ ငါ pips ဘယ်လောက်မြတ်ရင် တော်ပြီး ဆိုပြီး ရောင့်ရဲခြင်းကို လည်း အကောင်အထည်ဖော်နေချိန်တွင် အခြားရည်ရွယ်ချက်ကို လွဲသွားစေတဲ့ အပြုအမူမျိုး မလုပ်မိအောင် သည်းခံပါ။
- Trade မ၀င်ထား တဲ့ အချိန်တွေမှာ ကျွန်တော်တို့စိတ်ဟာ ပေါ့ပါးလန်းဆန်းနေပါတယ်။ Trade ၀င်လိုက်ပြီးတဲ့ အချိန်မှာလည်း ထိုအတိုင်းပဲ ပေါ့ပါးလန်းဆန်းနေအောင် ကျိုးစားပါ။ စိတ်ရှည်ပါ။ မရ ရအောင်လုပ်ပါ။
- Trade ၀င်ဖို့ မိမိတွက်ချက်ထားသော strategy နည်းစနစ် ကို အကြွင်းမဲ့ယုံပါ။ (ငါ့နည်း စနစ် ဟာ မဖြစ်မနေ မှန်ရမယ်လို့ ယုံကြည်တာကို ဆိုလိုခြင်းမဟုတ်။ ငါ့နည်းစနစ် ဟာ ဖြစ်နိုင်ခြေ အများဆုံး နည်းစနစ် ဖြစ်တယ် ဆိုတာကိုပါပဲ။) နည်းစနစ် မှန်ကန်ကြောင်း သက်သေပြချက် ထွက်လာသည် အထိ စိတ်ရှည်စွာ သည်းခံ စောင့်ဆိုင်းပါ။ ဟိုပြောင်းချင် ဒီပြောင်းချင် မလုပ်ပါနဲ့။
- မိမိ နည်းစနစ် အရ pending order များ ဖွင့်ထားပါက order မ၀င် ခင်မှာလည်း စိတ်ရှည်ရမှာ ဖြစ်သလို order ၀င်ပြီးသွားရင်လည်း Exit ဖြစ်သည် အထိ စိတ်ရှည်ပါ။
- Trade မ၀င်ခင် စိတ်ရှည်စွာ တွက်ချက်ပြီး ၀င်၍ ပြန်ထွက်သည် အထိ စိတ်ရှည်စွာ သည်းခံ စောင့်ဆိုင်းပါ။
- Trade တစ်ခု နိုင်လျှင် ယခင်က လည်း သင်နိုင်ဖူး ပြီးသား ဖြစ်၍ ဘာမှ မထူးဆန်းသလို ရှုံးရင်လည်း ယခင် သင် ရှုံးဖူးခဲ့ပြီး ဖြစ်၍ ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်ပြီး သင့် အနေနဲ့ ထူပြီး ခံစားချက် ရှိရန် မလိုကြောင်း သိပါ။
- အရေးကြီးဆုံး အချက်ကတော့ ကျွန်တော်တို့ ဖြစ်ခဲ့တာကို ရေးမှတ်ထားဖို့နဲ့ အဲ့ဒီလို ရေးထားတာတွေကို ထပ်ခါထပ်ခါ ပြန်ဖတ်ဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ မှတ်စုလေးက တော့ဒီလောက်ပါပဲ။ ကြုံတုန်းလေး ပြောပျစေ။ Group တွေထဲ မှာ တချို့ ဆရာသမားတွေက ၀င်ဝင်ရေးတာတွေ ရှိပါတယ်။ ငါတို့ကတော့ Standard ပဲ။ Demo လောက်နဲ့ တက်မလာနဲ့ ဘာညာကွိကွ ဆိုတာတွေလည်း ရှိပါတယ်။ သူတို့ တစ်တွေ ဘာတွေ ဖြစ်နေပြီးလည်းတော့ ကျွန်တော်လည်း မသိပါ။ ကျွန်တော်သိတာကတော့ ကျွန်တော်လည်း ဘာကောင်မှ မဟုတ်သေး တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလို မှတ်စုတွေကို post တွေ လိုက်တင် တာပဲ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ အကောင် တစ်ကောင်ကောင် ဖြစ်သွားတယ် ဆိုရင်တော့ ဒါမျိုးတွေ ရေးပြီး Post တွေ တင်ဖြစ်တော့မည် မဟုတ်ပါ။ Real account နဲ့ နိုင်ဖူးသလို ရှုံးလည်း ရှုံးဖူးပါသည်။ Demo နဲ့လည်း အကြိမ်ကြိမ် အခါခါ အကောင့်များစွာ Burst ဖြစ်ဖူးပါသည်။(Demo က ပိုပြီး လက်ရဲ ဇတ်ရဲ ရှိလို့ ဖြစ်ပါတယ်။) ဘာမှ ဖြစ်မလာသေးပါ။ နောက်ဆုံးတော့ ကျွန်တော့် စိတ်ကို ကျွန်တော် မနိုင်သေးတာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အသိနဲ့ စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်ကို ရဖို့ အတွက် စိတ်ကို တည်ငြိမ်အောင် တော်တော်ကို ကြိုးစားယူရမှာ ဖြစ်ပါတယ်။ mind set က အရေးကြီးဆုံးပါပဲ။ ကျွန်တော့် ရဲ့ အစ်ကိုကြီး အပါအ၀င် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးအား ဦးညွတ်လျှက်….
Trader အားလုံးပဲ အချိန်တိုအတွင်း အောင်မြင်ကြပါစေ။
*** Nonentity Trader

Learning trading as watering Chinese Bamboo seeds


Learning trading as watering Chinese Bamboo seeds.
Trading ကိုစတင်လေ့လာ သင်ယူနေတဲ့ traders တွေကို စိတ်ဓာတ် ခွန်အား ဖြစ်စေတဲ့ ဗွီဒီယို ဖိုင်လေး တစ်ခုဖြစ်ပါတယ်။ Chinese Bamboo seeds ကို စိုက်ပျိုးခဲ့သူ လယ်သမားရဲ့ စောင့်စည်း သီးခံနိုင်မှု စွမ်းအားနဲ့ အောင်မြင်လာတဲ့အချိန် ခံစားစံစား ရတဲ့ ရလဒ် ကို ညွန်းဆို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Master Your Trading - Trading psychology Mental Success – Lesson 2

Master Your Trading - Trading psychology
Mental Success – Lesson 2

Master Your Trading - Trading psychology Mental Success – Lesson 1

Master Your Trading - Trading psychology
Mental Success – Lesson 1