Thursday, January 28, 2016

Technical analysis and Fundamental analysis



Technical analysis and Fundamental analysis


Forex forecasting
ကျွန်တော်တို့ဟာ  Forex forecasting လုပ်တဲ့အခါ မှာ ကြိုတင်ခန့်မှန်းတာကို အခြေခံ အားဖြင့် နည်းလမ်း နှစ်မျိုး ဖြင့် အသုံးပြုကြပါတယ်။ အဲ့ဒါတွေကတော့ Technical analysis နဲ့ Fundamental analysis တွေပါပဲ။ ဒါဟာ  forex market ရဲ့ လူပ်ရှားပုံကို ကြိုတင်ခန့်မှန်းရန်အတွက် အဓိကအားဖြင့် analysis လုပ်ကြရာမှာ အသုံးပြုကြတဲ့ Major methods နှစ်ခုလည်း ဖြစ်ပါတယ်။ Technical analysis နဲ့ fundamental analysis တို့ ဟာ အလွန်ပဲ သိသိသာသာ ကွာခြားပါတယ်။ သို့သော်လည်း ကျွန်တော်တို့ forex trader အတွက် နှစ်ခုစလုံး ဟာ ဈေးကွက်ကို ကြိုတင်ခန့်မှန်းနိုင်ဖို့ အတွက် အသုံးဝင်နေပြန်ပါတယ်။ ဘာလို့လဲဆိုတော့  ဒီ နည်းလမ်း နှစ်ခုစလုံး မှာ price သို့မဟုတ် price movement တွေကို ကြိုတင်ခန့်မှန်း ဟောကိန်း ထုတ်နိုင်တဲ့ တူညီတဲ့ လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။ ဘယ်သူတွေက ဘယ်လို လုပ်ဆောင်ချက်တွေကို လုပ်ကြပါသလဲ။ fundamentalist သမား တွေဟာ market movement တွေရဲ့ ဖြစ်စေတဲ့ အကြောင်းတရားတွေကို လေ့လာနေစဉ်မှာပဲ technician တွေကတော့ market movement တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို လေ့လာနေကြပါတယ်။ အောင်မြင်သော traders အများစုဟာ ပိုမိုကောင်းမွန်သော ရလဒ် ရဖို့ အတွက် နည်းစနစ်  နှစ်ခုစလုံးကို ပေါင်းစပ်ပြီး အသုံးပြုကြလေ့ ရှိကြပြန်ပါတယ်။

Technical analysis
Technical analysis ဆိုတာ အတိတ်က ဖြစ်ပေါ်ခဲ့ပြီးတဲ့ market action တွေကို ပြနေတဲ့ Charts တွေပေါ်မှာ လေ့လာပါတယ်။ ပြီးတော့ နောက်လာမယ့် အနာဂတ် market trends တွေနဲ့ price movement တွေကို ဟောကိန်းထုတ်တဲ့ (တွက်ထုတ်တဲ့) နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ trading volume, Price of instruments တွေ ဖြစ်ရမယ့် အခြေအနေတွေ ထက်ကို ဈေးကွက်ထဲမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာနဲ့ ပိုမိုသက်ဆိုင်နေပါတယ်။ အဲ့ဒီလို ဖြစ်ပျက်ခဲ့တဲ့ data အချက်အလက်တွေကို အသုံးပြုပြီးတော့ Charts တွေကို ရေးဆွဲ ဖန်တီးထားပြီး ပြန်လည် အသုံးချတာလည်း ဖြစ်ပါတယ်။
Technical analysis ရဲ့ အဓိကကျတဲ့ အားသာချက် တစ်ခုကို ပြောပြရမယ်ဆိုရင် အတွေ့အကြုံရင့်တဲ့ Technical trader တစ်ယောက်ဟာ currencies markets များစွာနဲ့ currencies market instruments တွေကို တပြိုင်နက်တည်း အလွယ်တကူ လေ့လာ တွက်ထုတ် နိုင်တာပါပဲ။ Technical analysis ဟာ မရှိမဖြစ် လိုအပ်တဲ့ နိယာမ သုံးခုပေါ်မှာ အခြေခံ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။  အဲ့ဒါတွေကတော့
1. Market action discounts everything!
အဓိပ္ပါယ်ကတော့ actual price ဆိုတာ လက်ရှိဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အရောင်းအ၀ယ် သို့မဟုတ် အခြား အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။ ဥပမာ Supply and demand, political factors and market sentiment တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Pure technical analyst သမား တယောက်အတွက်ကြတော့ price movements တစ်ခုနဲ့ သာလျှင် သက်ဆိုင်နေပါတယ်။ အခြား သော ဘယ်ပြောင်းလဲမှုမျိုး အတွက် မှ သူ့အတွက် အကြောင်းပြချက် တစုံတစ်ရာ ပြစရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူက Technical analyst သမား သက်သက်သာ ဖြစ်နေလို့ပါပဲ။ (အခြားအကြောင်းတွေကို သူမလေ့လာပါဘူး)
2. Prices move in trends
Technical analysis နည်းစနစ် ဟာ Chart တွေနဲ့ ဖော်ထုတ်မှတ်သား ထားနိုင်တဲ့ အတွက် ၄င်း စနစ်ကို ဈေးကွက် အခြေအနေရဲ့ ပုံစံတွေ ကြာရှည် သိမ်းဆည်းထားရန်  ရည်ရွယ်၍ အသုံးပြုကြပါတယ်။ ရရှိလာတဲ့ patterns အများစုဟာ ဖြစ်နိုင်ချေ မြင့်သော အထူး တွက်ထုတ်ထားတဲ့ ရလဒ်တွေလည်းပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မှတ်သားထားခဲ့တဲ့ patterns တွေဟာလည်းပဲ ဈေးကွက်မှာ မှန်ကန်တဲ့ အခြေခံ တစ်ခု အဖြစ် ထပ်ခါတလဲလဲ ပြန်ဖြစ်လေ့ ရှိပါတယ်။  
3. History repeats itself
Forex chart patterns တွေကို History အနေနဲ့လည်း မှတ်သားထားပြန်ပါတယ်။ ပြီးတော့ နှစ် ၁၀၀ အထက် အတွက် တောင်မှ အမျိုးအစားခွဲပေးနိုင်စွမ်း ရှိပါတယ်။ အချိန်အနည်းငယ် အတွင်းမှာ ပြောင်းလဲတက်တဲ့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကောက်ချက်ဆွဲနိုင်ဖို့ အတွက် ဒီများပြားလှစွာသော patterns တွေဟာ ထပ်ခါတလဲလဲ ပြန်လည် ပြသပေးနေပြန်ပါတယ်။ forex charts တွေဟာ price တွေ ပါဝင်နေတဲ့ market action တွေ အပေါ်မှာ အခြေခံ ရေးဆွဲ ဖော်ပြထားလည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် forex technical analysis theory မှာ အမျိုးအစား အားဖြင့် (၅) မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့
Indicators (oscillators, e.g.: Relative Strength Index (RSI)
Number theory (Fibonacci numbers, Gann numbers)
Waves (Elliott wave theory)
Gaps (high-low, open-closing)
Trends (following moving average). တို့ပဲ ဖြစ်ပါတယ်။

Technical Analysis မှာ ပါဝင်သော အချို့သော major technical analysis tools တွေကိုလည်း  အခြေခံ အားဖြင့် လေ့လာလိုက်ကြရအောင်..။
Relative Strength Index (RSI):
RSI ဟာ Up-moves ကနေ Down-moves တွေနဲ့ normalizes  တွေရဲ့ Ratio ကို တွက်ထုတ် တိုင်းတာ ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အညွန်းက တော့ 0-100 range တစ်ခု အနေနဲ့ ဖေါ်ပြပါတယ်။ အကယ်၍ RSI ဟာ 70 နှင့် အထက် မှာ ပြနေပြီ ဆိုပါက overbought (ဈေးကွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ ဈေးနှုံးမြင့်တက်နေပြီ ဆိုတဲ့ အခြေအနေ) ဖြစ်နေတယ်လို့ယူဆပါတယ်။ အကယ်၍ RSI ဟာ 30 နဲ့ အောက်မှာ ဖော်ပြနေတယ် ဆိုပါက oversold (ဈေးကွက်မှာ မျှော်လင့်ထားသည်ထက် အောက်သို့ ဈေးနှုံးဟာ ပိုမို ကျဆင်းနေတဲ့ အခြေအနေတစ်ခု) ဖြစ်နေတဲ့ signal တစ်ခုလို့ သတ်မှတ်ရမှာပါ။
Stochastic oscillator:
ဒီ Indicator ကိုတော့ 0-100% scale တစ်ခု အပေါ်မှာ overvought/oversold အခြေအနေတွေ ဖြစ်ပေါ်လာမှုကို  ညွန်ပြရန် အသုံးပြုပါတယ်။ ဒီ technical momentum indicator ရဲ့ တွက်ထုတ်ပုံကို တော့ နောက် သီးခြား post တစ်ခု အနေနဲ့ ဖော်ပြပါမယ်။ (ဒီမှာတော့ ယေဘုယျ ဖော်ပြပေးတာ ဖြစ်ပါတယ်။)
Period closing prices တွေဟာ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားအတွင်း မှာ ပိုမြင့်တဲ့ အစိတ်အပိုင်း မှာ အာရုံစူးစိုက်လေ့ရှိကြပါတယ် ဆိုတဲ့ အချက်နဲ့ strong up trend တွေ အပေါ်မှာ တည်မှီပြီးတော့  ဒီ indicator ကို အခြေခံ တည်ဆောက်ထားပါတယ်။ ထို့အတူ အပြန်အလှန်အားဖြင့် Period closing prices တွေဟာ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားအတွင်း မှာ ပိုနိမ့်တဲ့ အစိတ်အပိုင်းမှာ အာရုံစူးစိုက်လေ့ရှိကြပါတယ်ဆိုတဲ့ အချက်နဲ့ Strong downtrend တွေအပေါ်မှာ တည်မှီပြီးတော့ လည်း ဒီ indicator ကို အခြေခံ တည်ဆောက်ထားပါသေးတယ်။ နားတွေ မျက်စေ့တွေ လည်သွားလောက်ပါပြီး အလွယ်ပြောရမယ်ဆိုရင် ဒီ indicator ဟာ Storng trend တွေရဲ့ နောက်ဆုံးအခြေအနေကို တွက်ထုတ်ပေးတဲ့ သဘောပါပဲ။ Stochastic calculations တွေဟာ လိုင်း နှစ်လိုင်း ထုတ်လုပ်ပါတယ်။ %K နဲ့ %D ပါ။ သူတို့ဟာ chart ရဲ့ overbought/oversold areas တွေကို ညွန်ပြပါတယ်။ Stochastic lines တွေအကြား ခြားနားချက်နဲ့ underlying instrument တွေရဲ့ price action တွေဟာ powerful Trading signal တစ်ခုကို ပေးပါတယ်။
Moving Average Convergence Divergence (MACD):
ဒီ indicator ကတော့ momentum lines နှစ်လိုင်း ပါဝင်ပတ်သက်နေပါတယ်။ MACD line ဟာ moving averages ကို နှစ်ဆ မြှောက်ထားတဲ့ လိုင်းနှစ်လိုင်းရဲ့ ခြားနားမှုပါပဲ။ exponential moving averages of the difference ဖြစ်ပြီး signal or trigger line နဲ့ ပြပါတယ်။ အကယ်၍ MACD နဲ့ Trigger lines တွေ cross ဖြစ်ခဲ့လို့ ရှိရင် ဒါကို Trend direction ပြောင်းလဲ မှု တစ်ခု အတွက် ပြတဲ့ signal တစ်ခု ကဲ့သို့ ယူနိုင်ပါတယ်။
Number theory:
Fibonacci number ဆိုတာကတော့ number sequence တစ်ခုပဲ ဖြစ်ပါတယ်။ (1,1,3,5,8,13,21,34,….) ဒါကို ဘယ်လို တည်ဆောက်ထားသလဲ ဆိုတော့ ပထမ+ဒုတိယ=တတိယ စသည်အားဖြင့် ဆက်လက် ပေါင်းသွားတာပဲ ဖြစ်ပါတယ်။ နံပါတ်တစ်ခုနဲ့ သူ့ထက် ဒုတိယ ပိုကြီးတဲ့ နံပါတ် တို့ရဲ့ အချိုး Ratio ဟာ 62% ပါပဲ။ ထင်ရှားတဲ့ Fibonacci retracement number ဖြစ်တဲ့အတွက် အသုံးပြုကြပါတယ်။ 62% ရဲ့ ပြောင်းပြန်ဟာ 38% ဖြစ်ပါတယ်။ ဒါကိုလည်း Fibonacci retracement number အဖြစ် အသုံးပြုကြပါသေးတယ်။
Gann numbers:
W.D. Gann ဆိုတာကတော့ ဈေးကွက်မှာ ဒေါ်လာ သန်း ၅၀ နှင့်အထက် ကို အလုပ်လုပ်နေတဲ့ stock နှင့် commodity trader တယောက်ပါပဲ။ time/price equivalents လို့ သိထားတဲ့ price movement and time အကြားက ဆက်သွယ်ချက်တွေ အပေါ်မှာ အခြေခံတဲ့ trading instruments တွေကို ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေအဖြစ် ရှာဖွေတွက်ထုတ်ပါတယ်။ အဲ့ဒီ နည်းစနစ်တွေကို အသုံးပြုခြင်းဖြင့် သူ့ရဲ့ ငွေကြေးဥစ္စာတွေကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ Gann’s methods အတွက် နားလည်အောင်ရှင်းပြဖို့ မလွယ်ကူပါဘူး။ သို့သော်လည်း အနှစ်ချုပ်ကို ဖော်ပြရမယ်ဆိုရင် သူဟာ charts ထဲက angles တွေကို support and resistance areas တွေကို သတ်မှတ်ဖို့ရန် နဲ့ အနာဂတ် trend ပြောင်းလဲမယ့် အချိန်တွေကို ခန့်မှန်းရန် အတွက် အသုံးပြုပါတယ်။ သူဟာ support and resistance areas တွေကို ခန့်မှန်းရန် charts တွေထဲက lines တွေကိုလည်း အသုံးပြုပါတယ်။
Waves
Elliott wave theory: The Elliott wave theory is an approach to market analysis that is based on repetitive wave patterns and the Fibonacci number sequence. An ideal Elliott wave patterns shows a five-wave advance followed by a three-wave decline.
Elliott wave theory ဆိုတာကတော့ market ကို analysis လုပ်ဖို့ အတွက် ချည်းကပ်နည်းကောင်း တစ်ခုပါပဲ။ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ wave patterns တွေ၊ Fibonacci number sequence တွေနဲ့ အခြေခံထားတာဖြစ်ပါတယ်။ စံပြ Elliott wave patterns တွေဟာ five-wave တစ်ခု လှမ်းပြီး three-wave တစ်ခုက ဆုတ်တဲ့ အနေနဲ့ နောက်ကလိုက်ပါတယ်။
Gaps
Gaps ဆိုတာကတော့ Bar chart အပေါ်မှာ ဘာ trading မှ မဖြစ်ခဲ့တဲ့ နေရာ တွေပါပဲ။ Trading day တစ်ရက် မှာ အနိမ့်ဆုံး ဈေး (lowest price) ဟာ အရင်ရက်က အမြင့်ဆုံး ဈေးထက် ကို ပိုမို မြင့်မား နေတဲ့ အခါမှာ Up gap တစ်ခု ဖြစ်ပေါ်တက်ပါတယ်။ အလားတူပဲ ယနေ့ အမြင့်ဆုံး ဈေးဟာ ယမန်နေ့ က အနိမ့်ဆုံးဈေးထက် နိမ့်ကျနေတဲ့ အခါမှာလည်း Down gap တစ်ခု ဖြစ်ပေါ်တက်ပါတယ်။ Up gap ဟာ အများအားဖြင့် market strength ကို ပြပြီးတော့ Down gap ကတော့ market weakness ကို ညွန်ပြလေ့ ရှိပါတယ်။
Breakaway gap ကတော့ important price pattern တစ်ခု ဖြစ်ပြီး တဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ price gap တစ်ခုဖြစ်ပြီးတော့ အရေးကြီးတဲ့ price move ရဲ့ အစမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ signals တွေပဲ ဖြစ်ပါတယ်။ Runaway gap ကတော့ important market trend ရဲ့ အလယ် မှာ ဖြစ်ပေါ်လာလေ့ ရှိတဲ့ price gap ပါ။ Exhaustion gap ကတော့ important trend တစ်ခုရဲ့ အဆုံးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ price gap ဖြစ်ပြီးတော့ trend ဟာ ပြီးဆုံးနေပြီးဆိုတာကို ပြသတဲ့ signals တွေပဲ ဖြစ်ပါတယ်။
Trends
Trend ဆိုတာကတော့ prices တွေရဲ့ direction ကို ကိုယ်စားပြုပါတယ်။ မြင့်တက်လာတဲ့ ထိပ်စွန်းဖျား Higher High တွေ နဲ့ Higher low တွေဟာ Up trend ကို ကိုယ်စားပြုပြီးတော့ နိမ့်ကျသွားတဲ့ Lower High နဲ့ Lower Low တွေဟာ Downtrend လို့ သတ်မှတ်ပါတယ်။ current trend ရဲ့ မတ်စောက်မှုတွေကို လည်း သတ်မှတ်လေ့ ရှိပါတယ်။ Trend line တစ်ခုကို Break ဖြစ်သွားတဲ့ Signals ဟာ trend reversal ပါပဲ။ ရေပြင်ညီ ထိပ်စွန်းတွေနဲ့ အောက်စွန်း တွေဟာ Trading range တစ်ခု ကို ကိုယ်စားပြုပါတယ်။ Price information တွေကို smooth ဖြစ်ရန် အသုံးပြုရတဲ့ moving averages တွေကို trends နှင့် support and resistance levels တွေအဖြစ်နဲ့ လည်း အသုံးပြုနိုင်ပါတယ်။ Moving averages တွေဟာ trading strategy တစ်ခု အပေါ်မှာ ဆုံးဖြတ်ချက်ချရာမှာ အသုံးပြုပါတယ်။  အထူးသဖြင့် အနာဂတ် Trading သို့မဟုတ် market ဟာ strong up လား၊ down trend လားဆိုတာတွေကို ဆုံးဖြတ်ချက် ချပေးရာမှာ အသုံးဝင်ပါတယ်။

အသုံးအများ ဆုံး Technical tools တွေကတော့
Coppock Curve
Coppock Curve ဆိုတာ bear market lows တွေကို ခန့်မှန်းရန် အတွက် technical analysis ထဲမှာ အသုံးပြုမယ့် investment tool တစ်ခုပဲ ဖြစ်ပါတယ်။
DMI (Directional Movement Indicator)
DMI (Directional Movement Indicator) ကတော့ currency pair တစ်ခု ဟာ Trending ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်ရန် အသုံးပြုတဲ့ ထင်ပေါ်ကျော်ကြားတဲ့ technical indicator တစ်ခု ဖြစ်ပါတယ်။
Fundamental analyst သမား နဲ့ မတူပဲ technical analyst သမား ဟာ ဈေးကွက် ကို သက်ရောက်စေမယ့် ဘယ် bigger picture factors တွေနဲ့မှ ပတ်သက် ဆက်စပ်မှု မရှိတာပါပဲ။ သို့သော်လည်း ဈေးကွက် ရဲ့ လှုပ်ရှားမှု အပေါ်မှာတော့ အာရုံစူးစိုက်ထားရှိဖို့ တော့လိုပါတယ်။

Fundamental analysis
Fundamental analysis ဆိုတာက တော့ အနာဂတ် ဘဏ္ဏာရေးဆိုင်ရာ instrument တွေရဲ့ price movements တွေကို ကြိုတင်ခန့်မှန်းတဲ့ နည်းစနစ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ financial instrument တွေဟာ ဘာတွေအပေါ်မှာ အခြေခံသလဲ ဆိုတော့ စီးပွါးရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ဘဏ္ဏာရေးဆိုင်ရာ instruments နဲ့ ပတ်သတ်တဲ့ အရောင်းအ၀ယ် တွေပေါ်မှာ အခြေခံ သက်ရောက်စေတဲ့ အခြားသက်ဆိုင်ရာ အကြောင်းရင်းများ နှင့် စရင်းဇယားများ အပေါ်မှာ အခြေခံပါတယ်။ market players အများစုဟာ သူတို့ရဲ့ trading strategy တွေကို သုံးတဲ့အခါမှာ ဈေးကွက်ကို ဆုံးဖြတ်ချက်ချဖို့ရန် fundamental analysis နှင့်အတူ တွဲဖတ်၍ technical analysis ကို အသုံးပြုပါတယ်။ Technical analysis ရဲ့ အားသာချက် တစ်ခုကတော့ အတွေ့အကြုံ ရင့်ကျတ်တဲ့ analysts သမားဟာ prices နဲ့ market instruments တွေ နောက်ကို လိုက်ပါ နိုင်ပါတယ်။ ဒီအချိန်မှာ fundamental analyst သမားကတော့ ဈေးကွက်ကို ရင်းနှီးစွာ အထူးသိဖို့ လိုအပ်သလို သူဟာ ဈေးကွက်ထဲမှာ ဘာတွေ ဖြစ်သင့်တယ်ဆိုတဲ့ အပေါ်မှာ focuses ယူပါတယ်။
Price analysis ထဲမှာ ပါဝင်ပတ်သတ်နေတဲ့ factors တွေကတော့ ရောင်းလိုအားနဲ့ ၀ယ်လိုအား Supply and demand, ရာသီ အလိုက် ဖြစ်ပေါ်ပြောင်းလဲ မှုများ seasonal cycles, မိုးလေ၀သ weather နဲ့ အစိုးရတွေရဲ့ စည်းမျဉ်း ဥပဒေသများ government policy တွေ ပါဝင်ပါတယ်။ Fundamentalis သမားများဟာ ဈေးကွက် လှုပ်ရှားစေတဲ့ အကြောင်းတရားများကို လေ့လာနေစဉ်မှာပဲ technician သမားများကတော့ ဈေးကွက် အကျိုးသက်ရောက်မှု များကို လေ့လာနေပါတယ်။ Fundamental analysis သည် အလွန်သိမ်မွေ့သည့်အပြင်  စံသတ်မှတ်ချက်များ အပေါ် အခြေခံပြီး ဘယ်လို အခြေအနေမှာ trading လုပ်သင့်သည့် currency တစ်ခုကို ဘယ်နေရာမှာ အကဲဖြတ်ရမယ်ဆိုတဲ့ နည်းဗျူဟာ တစ်ခု လည်း ဖြစ်ပါတယ်။  သို့သော်လည်း currency ရဲ့ price ဟာ သူကိုယ်တိုင် movement ဖြစ်အောင် လုပ်နေတာကို လည်း သိထားရပါမယ်။  ဒီ စံသတ်မှတ်ချက် တွေ ထဲမှာ မကြာခဏ နိုင်ငံရဲ့ economic condition တွေ ဖြစ်တဲ့ ငွေကြေးဆိုင်ရာ ကိုယ်စားပြုမှုများ၊ ငွေကြေးဆိုင်ရာ မူဝါဒ တွေနဲ့ အခြားသော fundamental elements တွေ ပါဝင်ပါတယ်။ အမြတ်ရရှိစေတဲ့ Trades အများစု ကို အဓိက စီးပွါးရေး ကြေငြာချက်တွေ ထွက်ပြီးနောက် အချိန်တိုအတွင်း  အချိန်အနည်းငယ် စော၍ ပြုလုပ်နိုင်ပါတယ်။ ဒါကတော့ Fundamental Analysis ရဲ့ အခြေခံ အကြောင်းများပဲ ဖြစ်ပါတယ်။  

****Nonentity Trader

Wednesday, January 27, 2016

Brokers တွေရဲ့ ခိုင်မာမှု ဘယ်လို စမ်းသပ်မလဲ

ကျွန်တော်တို့ရဲ့ Brokers တွေရဲ့ ခိုင်မာမှု ဘယ်လောက်ရှိသလဲ ဆိုတာကို စမ်းသပ်ရအောင်
အောက်ဖေါ်ပြပါ web site ကို အလည်သွားကြရအောင် ဗျာ..
http://www.scamadviser.com/

Price အကြောင်း မှန်းဆမိသမျှ

Price အကြောင်း မှန်းဆမိသမျှ

.........................................
Price ရဲ့ ဦးတည်ချက်ကို သာမာန်အားဖြင့်မှန်းဆလို့မရနိုင်ပါဘူး။ သို့သော်လည်း price ဟာ သွားချင်ရာကို သွားနေတာတော့ မဟုတ်ပါဘူး။ Price ကို movement ဖြစ်အောင် လုပ်ပေးနေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ အဲ့ဒါကို ရှာဖွေပြီး ကျွန်တော်တို့ အမြတ်များများ ရအောင်ဖန်တီးရပါမယ်။ သေချာတာ တစ်ခုက ဒီ price action တွေ ရွှေ့ ရှားစေတဲ့ အကြောင်းက လူသားတွေ ဖန်တီးကြတာပဲ ဖြစ်ပါတယ်။ ( price action ထိပ်တွင် လူသားဝိဉာဉ် တွေ ပူးကပ်နေတယ် ဆိုတာကို သတိထားပါ) အဲ့ဒီ လူတွေထဲမှာ ကျွန်တော်တို့ trader တွေ ရင်းနှီးမြုပ်နှံသူတွေ သုံးစွဲသူတွေ ကုန်ထုတ်လုပ်ငန်း လုပ်သူတွေ စသည်အားဖြင့် အများအပြား ပါဝင်ကြပါတယ်။ price action ဟာ ထိုသူတွေ မောင်းနှင်တဲ့ဘက်ကို ရွှေ့ ရှားရတာပဲ ဖြစ်ပါတယ်။
လူတွေဟာ price တွေကို ဘယ်ဘက်ကို ရွေ့ဖို့ မောင်းနှင်နေကြပါသလဲ။ အတက်ဘက်ကိုလား၊ အကျဘက်ကိုလား။ တကယ်တော့ လူတိုင်းကိုယ်စီ မိမိအတွက် အကျိုးရှိမယ့် မြတ်မယ်လို့ထင်တဲ့ဘက် ကို price ကို မောင်းနှင်ကြပါတယ်။ အဲ့ဒီတော့ လူတိုင်းအကျိုးရှိကြပါသလား။ ကျွန်တော်တို့ရော မြတ်ကြပါသလား။ မြတ်တဲ့ အခါရှိသလိုမမြတ်တဲ့ အခါလည်း ရှိပါတယ်။ ဘာကြောင့်ပါလဲ။ ဒါဟာ price action ဟာ ကျွန်တော်တို့ မောင်းတဲ့ဘက်ကို မသွားတာ သေချာနေလို့ပါပဲ။ price action ဟာ ကျွန်တော်တို့ မောင်းတဲ့ဘက်ကို ဘာကြောင့် မသွားတာလဲ။ သူမှာ ကျွန်တော်တို့ တွန်းပို့တဲ့ အားကို ပြန်ဆန့်ကျင်ဖို့အတွက် အားကိုးရှိနေလို့ပါပဲ။ အဲ့ဒါကတော့ ကျွန်တော်တို့နဲ့ ဆန့်ကျင်ပြီး price action တွေကို ပြန်ခံတွန်းနေတဲ့သူတွေ ရှိနေလို့ပါပဲ။
မြတ်တဲ့သူက မြတ်ပြီး ရှုံးတဲ့သူက ဘာကြောင့် ရှုံးရတာပါလဲ။ လူတွေဟာ ကိုယ်မြတ်မယ်ထင်တဲ့ဘက်ကို ဆန့်ကျင်ဖက်တွေ တွန်းမိကြရင်းနဲ့ အားချင်းတူနေတဲ့ အချိန် ဆိုရင် Price ဟာ ဘယ်ဘက်ကိုမှ သွားမည်မဟုတ်ပဲ တဖက်ဖက်က အားသာသွားရင်တော့ အားနည်းတဲ့ဘက်ကို ရွေ့သွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝင်လိုက်တဲ့ဘက်က အားကြီးတဲ့ ဘက်ဆိုရင်တော့ အမြတ်ရမယ့် ဘက်ကပေါ့။
ဆက်ပြီးတော့ price ကို ဘယ်လိုရွှေ့ သလဲဆိုတာ လေ့လာကြရအောင်။ ရောင်းသူ ဝယ်သူ price တွန်းကြရာမှာ အားများရာ မှ နည်းရာသို့ price ဟာ တဖြည်းဖြည်း ရွေ့သွားမှာဖြစ်ပါတယ်။ ဥပမာ ရောင်းတဲ့ဘက်က များရင် ဈေးက အကျဘက်ကိုသွားမယ် ဆိုတာပါပဲ။ ရောင်းတဲ့ ဘက်က အရှိန်ကျသွားပြီး ရောင်သူ ဝယ်သူမျှသွားရင် မူလဈေးကို ပြန်တက်ပါသလား ဆိုရင်တော့ မတက်တော့ပါဘူး။ ရောင်းသူ ဝယ်သူ ညီသွားတာ ဖြစ်တဲ့ အတွက် ရောက်တဲ့ဈေးမှာ ငြိမ်နေပါတယ်။ အဲ့ဒီ နောက်ပိုင်း တဖက်ဖက်က အားသာသွား ရင် အားနည်းတဲ့ ဘက်ကို ရွေ့ပြန်ပါတယ်။
အဲ့ဒီတော့ price action တွေဟာ အကြောင်းမဲ့ ဖြစ်ချင်သလို ဖြစ်လာတာ မဟုတ်ပဲ လူတွေပြုပြင်လို့ ဖြစ်ပေါ်လာတာ ဆိုပေမယ့် ရည်ရွယ်ချက်တွေ အမျိုးမျိုးကွဲပြားတဲ့ သူတွေကြောင့်ဖြစ်လာတဲ့ အတွက် မည်သို့မျှ တိတိကျကျ ခန့်မှန်းတွက်ချက် ၍ ရကောင်းသော အရာတော့ မဟုတ်ပေ။
Price ကို ရွေ့စေနိုင်တဲ့ အကြောင်းများ
၁။ ပုံမှန် အရောင်း/အဝယ် မှ တဖက်ဖက်မှ ရောင်း/ဝယ်လို အား များလာလျှင်
၂။ ပုံမှန် မှ တဖက်ဖက်မှ ရောင်း/ဝယ် လိုအား လျော့နည်း သွားလျှင်
၃။ ဝင်လာ သမျှ အရောင်း/အဝယ် အော်ဒါများ တောက်လျောက် wall ကဲ့သို့ လက်ခံနေရာမှ လက်မခံနိုင်တဲ့ အဆုံး ပိုလျံ ထွက်လာလျှင်
၎။ အရောင်း/အဝယ် မရှိ နည်းနေရာမှ ရုတ်တရက် အရောင်း/အဝယ် ထဖြစ်လျှင်
၅။ အရောင်း/အဝယ် များပေမယ့်လည်း တဖက်နဲ့တဖက် Balance ဖြစ်နေရာမှ တဖက်ဖက်မှ လျော့ကျသွားလျှင်
ရွေ့နေသော Price ကို ရပ်တန့်သွားစေ နိုင်သော အကြောင်းရင်းများ
၁။ ပုံမှန် အရောင်း/အဝယ် မှ တဖက်ဖက်မှ ရောင်း/ဝယ် လိုအား များလာလျှင် ဖြစ်ပေါ် လာသော price ရွေ့ရှားမှုကို ရပ်တန့်စေတဲ့ အကြောင်းကတော့
(a) များသွားသော အား လျော့ကျဆင်းသွားခြင်း
(b) နည်းတဲ့ ဘက်မှ များသောဘက်နဲ့ တူအောင်ပြန်များလာခြင်း
(c) နည်းသော ဘက်မှ ဒိုင်ခံ ရောင်းဝယ် တဲ့ (wall) ဈေးသို့ ရောက်သွားသဖြင့် wall ထဲသို့ စိမ့်ဝင်သွားခြင်း (အားကြီးစွာ စိမ့်ဝင်တာ ဖြစ်တဲ့အတွက် bounce ဖြစ်ဖို့ထက် break out ဖြစ်ဖို့က ရာခိုင်နှုံး ပိုများပါသည်)
၂။ ပုံမှန် တဖက်ဖက်မှ ရောင်း/ဝယ်လိုအား နလျော့နည်းသွား လျှင် ဖြစ်ပေါ်လာသော Price ရွေ့ရှား မှုကို ရပ်တန့်စေတဲ့ အကြောင်းကတော့
(a) နည်းသွားသော အားပြန်တက်လာခြင်း
(b) များတဲ့ ဘက်မှ နည်းတဲ့ ဘက်နဲ့ တူအောင် လိုက်နည်းသွားခြင်း
(c) နည်းသော ဘက်မှ ဒိုင်ခံရောင်း/ဝယ် တဲ့ (wall) ဈေးသို့ ရောက်သွားသဖြင့် wall ထဲသို့ စိတ်ဝင်သွားခြင်း (အားနည်းစွာ စိမ့် ဝင်တာ ဖြစ်တဲ့အတွက် breakout ဖြစ်ဖို့ထက် bounce ဖြစ်ဖို့ ရာခိုင်နှုံး ပိုများပါသည်)
(d) များသောဘက်မှ စ၍ နှစ်ဖက်စလုံး အရောင်း/အဝယ် တူညီစွာ ရပ်တန့်လုနီးပါး ဖြစ်သွားခြင်း
၃။ ဝင်လာ သမျှ အရောင်း/အဝယ် အော်ဒါများ တောက်လျောက် wall ကဲ့သို့ လက်ခံနေရာမှ လက်မခံနိုင်တဲ့ အဆုံး ပိုလျံ ထွက်လာလျှင် ဖြစ်ပေါ်လာသော price movement ကို ရပ်တန့်စေတဲ အကြောင်းကတော့
(a) ပိုလျံသော အား လျော့ကျကုန်ဆုံးသွားခြင်း
(b) ပိုလျံသော အား နှင့် ဆန့်ကျင်ဘက် အားတို့ တူညီသွားခြင်း။ ဤနေရာတွင် ပမဏ များပြီးတူညီခြင်း၊ ပမာဏနည်းပြီး တူညီခြင်း ဟူ၍ နှစ်မျိုးရှိပါသည်။
၎။ အရောင်း/အဝယ် မရှိ နည်းနေရာမှ ရုတ်တရက် အရောင်း/အဝယ် ထဖြစ်လျှင် ဖြစ်ပေါ်လာသော price movement ကို ရပ်တန့်စေတဲ့အကြောင်းကတော့
(a) အရှိန်ကုန်သွားခြင်း
(b) ဈေး တစ်နေရာတွင် ဆန့်ကျင်ဘက်အားနှင့် ညီသွားခြင်း ။ ဤနေရာတွင် ပမဏ များပြီးတူညီခြင်း၊ ပမာဏနည်းပြီး တူညီခြင်း ဟူ၍ နှစ်မျိုးရှိပါသည်။
၅။ အရောင်း/အဝယ် များပေမယ့်လည်း တဖက်နဲ့တဖက် Balance ဖြစ်နေရာမှ တဖက်ဖက်မှ လျော့ကျသွားလျှင် ဖြစ်ပေါ်လာသော price movement ကို ရပ်တန့်စေတဲ့ အကြောင်းကတော့
(a) လျော့ကျသွားသော အား ပြန်တက်လာခြင်း
(b) ဆန့်ကျင်ဘက်မှလည်း လိုက်ပါလျော့ ကျသွားခြင်း
အဲ့ဒီတော့ Price movement တွေဖြစ်ရတဲ့ အကြောင်းတွေ ပေါ် အခြေခံပြီးတော့ ကျွန်တော်တို ကြိုတင် ဘယ်လိုခန့်မှန်း နိုင်မလဲ ဆိုတာကို ပြန်စီစစ်ပါအုံးစို့။
Price တွေဟာ ဘယ်အချိန်မှာ ဘယ်လိုမျိုး အနေအထား ရှိကြပါသလဲ။
၁။ အရောင်း/အဝယ် ပုံမှန်ရှိနေရာမှ တဖက်ဖက်မှာ များသွားပါက ဘယ်လိုဖြစ်နိုင်ပါသလဲ။ ဥပမာ - အရောင်း order ပိုတက်သွားတယ် ဆိုပါစို့။ ဝယ်သူလည်း ပုံမှန်ရှိနေတယ်၊ ရောင်းသူ ကျွံသွားတဲ့ ဒီဖြစ်ရပ်မှာ ရောင်သူကျွံသွားတဲ့ အတွက် ဈေးကျမှာ အမှန်ဖြစ်ပါတယ်။ price ဟာ ကျလာပါတယ်။ ပုံမှန် ရောင်းဝယ်နေသူတွေ အဖို့ မိမိတို့ လိုချင်သော ဈေးမှာ သာလျှင် ရောင်းဝယ်လိုကြသော်လည်း ဈေးနှုံး ပမာဏ တစ်ခု ပြောင်းသွားလျှင် မိမိဘက်က ဈေးသာနေလျှင် ဆက်လက်ရောင်းဝယ် လိုကြသော်လည်း မိမိတို့ဘက်က နာမည်ဆိုပါက ရောင်းခြင်း ဝယ်ခြင်းကို ရပ်တံ့လိုက်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ price ကျလာတဲ့ အချိန်မှာ ဝယ်သူက အဝယ်မပျက် ဆက်လက်လုပ်နိုင်ပေမယ့် ရောင်းသူက ဆက်မရောင်းနိုင်တော့ပေ။ ဒီအခါမှာ ဝယ်သူအား ပိုလာသဖြင့် မူလဈေးသို့ ပြန်လည် ရောက် နိုင်ချေရှိပေသည်။ ဒါကြောင့်မို့ အရောင်းအဝယ် ပုံမှန် ရှိနေရာမှ တဖက်ဖက်သို့ ကျွံထွက်သွားသော ဈေးသည် မူလ ဈေးသို့ ပြန်ရောက်နိုင်သည့် ရာခိုင်းနှုံးများပေသည်။
၂။ အရောင်း/အဝယ် ပုံမှန်ဖြစ်နေရာမှ တဖက်ဖက်မှာ နည်းသွားသည် ရှိသော် မည်သို့ဖြစ်နိုင်ပါသလဲ။ ဥပမာ - အရောင်း order ကျသွားတယ် ဆိုပါစို့။ အရောင် order ဘာလို့ ကျရသလဲ ဆိုတော့ လက်ရှိပေါက်ဈေးကို မနှစ်သက်လို့ ကျတာပဲဖြစ်တယ်။ ဒီအချိန်မှာ အဝယ်အော်ဒါက ပုံမှန်ရှိနေတော့ price ကို ဆွဲတင်ပါတယ်။ အဝယ်အော်ဒါက တက်သွားတဲ့ price ကို မနှစ်သက်တော့ဘူးဆိုရင် price ဟာ ရပ်တန့်သွားမှာဖြစ်ပါတယ် ။ သို့သော်လည်း ဝယ်လိုအားက ဆက်ရှိနေမယ် ဆိုရင်တော့ ဈေးဟာ ဆက်တက်သွားမှာပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ဆိုရသော် အရာင်းအဝယ် လျော့ကျမှုကြောင့် ဖြစ်ပေါ်တက်သော Price movement များသည် မူလနေရာသို့ ပြန်ရောက်ဖို့ ရာခိုင်းနှုံး နည်းပါသည်။ အကယ်၍ အထက်ပါဥပမာအရ တက်သွားသောဈေးကြောင့် အရောင်း အော်ဒါပြန်တက်လာရင်တောင် မူရင်းဈေးသို့ ပြန်ရောက်ချင်မှရောက်ပေမည်။ အကယ်၍ ပြန်ရောက်ခဲ့လျှင်လည်း ဤ process နှင့် သက်ဆိုင်တော့မည် မဟုတ်တော့ချေ။
၃။ တခါတရံ မှာ ညင်သာစွာ ဖြစ်စေ၊ ရုတ်တရတ် ဖြစ်စေ၊ ပြောင်းလဲလာ7သော Price movement သည် price တန်ဖိုးတစ်ခုတွင် ပုံမှန်အရောင်းအဝယ် တန်ဖိုး မပြောင်းလဲပဲ သို့မဟုတ် အနည်းငယ်ပို၍ ရုတ်တရတ် ရပ်တန့် သွား တက်ပါသည်။ ဒါဟာဘာကြောင့်ပါလဲ။ ဥပမာအားဖြင့် ရောင်းလိုအားများလာသဖြင့် တသတ်မတ် ကျဆင်းနေသော price movement တစ်ခု ရပ်တန့်သွားခြင်းကို ယေဘုယျ သုံးသပ်မယ်ဆိုရင်တော့ တစ်စုံတစ်ယောက် တဖွဲ့ စတဲ့ ရင်းနှီမြုပ်နှသူတစ်ဦးဟာ ရပ်တန့်သွားတဲ့ဈေးမှာ ပြန်ခံပြီး wall ပုံစံမျိုး အဝယ်အော်ဒါ ဖွင့်ထားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ အကြောင်းနှစ်ခု ပေါ်ပါတယ်။ ပထမတစ်ခုက wall အဖြစ် ဝယ်သူ investor တစ်ဦးပဲ ရှိတက်တာမျိုးပါ။ ဒီအခြေအနေမှာ ပြန်ကန်ထွက်လေ့မရှိပဲ wall ဈေးမှာ ငြိမ်သွားတာမျိုး ဖြစ်တက်ပြီးတော့ အဝင်အော်ဒါ အလွန်များပြားလာပါက ပိုလျံ တက်သဖြင့် break out ဖြစ်နိုင်ခြေ ပိုမျာူတက်ပါတယ်။ နောက် ဒုတိယ အကြောင်းတစ်ခုက investor နှင့် အတူ player လေးတွေ အတူရှိနေတဲ့ သဘောပါ။ ဒီ အချိန်မှာတော့ re-bounce တွေ ဖြစ်ဖြစ်လာတာပြီးတော့ price ဟာ breakout ဖြစ်ဖို့ ထက်ကို turn back ဖြစ်သွားနိင်ခြေက ပိုမိုများပြား တက်ပါတယ်။
****Nonentity Trader

ရိုးရိုးလေး စဉ်းစားမယ်

ရိုးရိုးလေး စဉ်းစားမယ်

.........................................
Downtrend တစ်ခု အတွင်းမှာ ဆိုပါတော့ - လုပ်ရမှာက Sell order
ဈေးကျသွားတယ် - Sell order ဖွင့်လိုက်ပြီး Take Profits ရပါတယ်။
ဈေးတက်သွားတယ် - buy order မဖွင့်လိုက်ရတဲ့ အတွက် သင့်အနေနဲ့ မဆုံးရှုံးမနစ်နာ ပါဘူး။ ဘာလို့လဲ ဆိုတော့ နောက် များများ ကျဆင်းနိုင်အောင် လို့ ဈေးတက်သွားပေးတာ သင့်အတွက်ပါ။ နောင်ဖွင့်ရမယ် Sell Order အတွက် အမြတ်များများ ရအောင် အတွက်ပါပဲ။ စိတ်မပူနဲ့ သင့်အတွက် market က လှုပ်တိုင်းလှုပ်တိုင်း ငွေဖြစ်နေတာပါ။
Uptrend တစ်ခု အတွင်းမှာ ဆိုပါတော့ - လုပ်ရမှာက Buy order
ဈေးတက်သွားတယ် - buy order ဖွင့်လိုက်ပြီး Take Profits ရပါတယ်။
ဈေးကျသွားတယ် - Sell order မဖွင့်လိုက်ရတဲ့ အတွက် သင့်အနေနဲ့ မဆုံးရှုံးမနစ်နာ ပါဘူး။ ဘာလို့လဲ ဆိုတော့ နောက် များများ တက်နိုင်အောင်လို့ ဈေးကျသွားပေးတာ သင့်အတွက်ပါ။ နောင်ဖွင့်ရမယ့် Buy Order အတွက် အမြတ်များများ ရအောင် အတွက်ပါပဲ။
စိတ်မပူနဲ့ သင့်အတွက် market က လှုပ်တိုင်းလှုပ်တိုင်း ငွေဖြစ်နေတာပါ။
smile emoticon smile emoticon smile emoticon
***** Nonentity Trader

Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့

Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့

…………………………………………………………………………………………………………………………
Beginner Traders အတော်များများ ဟာ trades တွေကို ၀င်တဲ့အခါ များသောအားဖြင့် အလွယ်တကူ ၀င်လိုက်ကြပါတယ်။ မြတ်မယ် ထင်တယ် ဆိုရင် order တွေ ဖွင့်လိုက်ကြပါတယ်။ နည်းနည်းမြတ်နိုင်လား၊ များများ မြတ်နိုင်သလား သေချာ တွက်ချက်တဲ့ အလေ့ အထ အတော် နည်းပါးတာကို တွေ့ပါတယ်။ တချို့ Trading Group တွေထဲမှာလည်း ဘယ်လောက်မြတ်သွားပြီး ဆိုပြီး မြတ်တာလေးတွေကို Screen Shot တွေရိုက်ပြီးတင်ထား တာတွေ ကြည့်ရင် သိနိုင်ပါတယ်။ Trade တွေ ၀င်ထားတဲ့ Lot Size တွေ တူညီနေတာ (ဒါဟာ money management ကို မသုံးထားဘူးဆိုတာ သိနိုင်ပါတယ်)၊ ရထားတဲ့ အမြတ်တွေ ကြည့်လိုက်ရင်လည်း နည်းနည်း စီနဲ့ Trade တွေ အများ ကြီး ရှိနေတာကို ကြည့်ရင် သူတို့တွေဟာ မဲမဲ မြင်ရ လိုက်ပစ်နေတဲ့ Machine Gun သမားတွေလို ဖြစ်နေပါတယ်။ ထိချင်တဲ့ အကောင်ထိ၊ ရချင်သလောက်ရ ဆိုတာလိုမျိုး ဖြစ်နေတာကတော့ အသေအချာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်နေဆဲပါပဲ။ လေ့ကျင့် ရဦးမှာပါ။ ဒါကြောင့်မို့ ကျွန်တော် လေ့လာ ထားမိတဲ့ “ Forex မှာ Trading လုပ်မယ်ဆိုရင် Sniper သမားလို ကျင့်ပါ။ Machine Gunner လို မလုပ်ပါနဲ့” ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ စာတစ်ပုဒ် ရေးမယ်လို့ စိတ်ကူးမိပါတယ်။ အမှားအယွင်းများ ရှိခဲ့လို့ရှိရင်လည်း လိုသလို ပြင်ဆင် ဖတ်ရှု့ပေးပါလို့လည်း ကြိုတင် တောင်းပန်ပါရစေ။
Machine-gunner & Sniper
Sniper သမား ဆိုတာကတော့ မိတ်ဆွေတို့လည်း မြင်ဖူး သိဖူး ကြမယ်ထင်ပါတယ်။ နိုင်ငံခြား ရုပ်ရှင်တွေ၊ Game တွေထဲမှာ တွေ့ဖူး မြင်ဖူး ကြမှာပါ။ Sniper သမား နဲ့ပဲ စလိုက်ကြပါစို့။ Military Sniper သမား တစ်ယောက်ဟာ ရန်သူကို ပစ်မယ် ဆိုရင် သူဟာ ဘာတွေလုပ်သလဲ။ သူဟာ ရန်သူအပေါ် မှာ အာရုံစူးစိုက်မှု ထားရှိရပါမယ်။ အဲ့ဒီ စူးစိုက်မှု ဟာ စိတ်လှုပ်ရှားမှု မရှိခြင်း၊ သူ သုံးတဲ့ လက်နက် အပေါ်မှာ ကျွမ်းကျင်မှု ရှိရပါမယ်။ နောက်ပြီး သူရဲ့ စိတ်နဲ့ ကိုယ်ကို ပြင်ပ အနှောက်အယှက် တစ်စုံတစ်ရာ ဖိအားတွေ များများ ရှိနေတဲ့ အချိန်မှာတောင်မှ ကြာမြင့်စွာ သတိရှိရှိ ထိန်းချုပ်နိုင်မှု စွမ်းရည် လည်း ရှိရပါမယ်။ ဒါကတော့ Sniper သမားတစ်ယောက်အတွက် အဓိက လိုအပ်ချက် အနည်းငယ်ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တူညီတဲ့ ဒီလိုအယူ အဆ တွေကို Forex trading မှာ အသုံးချ နိုင်ရပါမယ်။
ကဲ Forex trading Snipper သမား အကြောင်း ဆက်လိုက်ဦးစို့……
Forex Trading ဆိုတာ အင်မတန်မှ ရိုးရှင်းပါတယ်။ ဒါကို ကျွန်တော်တို့ စစ်ပွဲ တစ်ခုလို ယူဆကြပါစို့။ ဒါဆိုရင် ကျွန်တော်တို့ စစ်ပွဲတစ်ခုကို အောင်နိုင်အောင် တိုက်ဖို့ဆိုရင် Weapons တွေလိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီ Weapons တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် နဲ့ ထိမ်းထိမ်း နိုင်စွမ်း အသုံးချ နိုင်စွမ်းလည်း ရှိပြီးသားလည်း ဖြစ်ရပါမယ်။ အလားတူ Forex Trading မှာလည်း ကျွန်တော်တို့ဟာ အောင်မြင်ဖို့နဲ့ အောင်မြင်မှုကို ထိမ်းသိမ်းနိုင်ဖို့ အတွက် ကိုယ်ပိုင် စည်းကမ်းချက် နဲ့ ထိမ်းချုပ်မှု ဆိုတာတွေလည်း လုပ်ရဦး မှာပါ။ ကျွန်တော်တို့ရဲ့ Trading weapon အတိုင်း overtrade and over-leverage တွေကို ချိန်ညှိနိုင်ရန် အတွက်လည်း တသဝေမတိမ်း လိုက်နာ ဆောင်ရွက် ရပါမယ်။ ယခု trading ကို စစ်ပွဲ တစ်ခုလို ပဲ သဘောထား ပြီး ကြောင့်ကြစိတ်တွေ အနီးအနား မှာ မရှိအောင် မောင်ထုတ်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုတည်ငြိမ် ဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ တွေကို သတိရှိရှိ ထိမ်းချုပ်နိုင်ဖို့အတွက် အများကြီး လိုအပ်နေပါတယ်။
Trades တွေကို အမျှော်အမြင်ရှိရှိ စီစစ်ပြီး သေချာ ရွေးထုတ် လေ့လာထားပြီး Trading လုပ်လေ့ရှိတဲ့ Traders အများစု ဟာ Forex ကို Sniper သမား ကဲ့သို့ trading လုပ်နေသူများ ပဲဖြစ်ပါတယ်။ သူတို့ဟာ များသော အားဖြင့် Long-term မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်သူများ ဖြစ်ကြပါတယ်။ အဲ့ဒီအချိန်မှာ ပဲ machine-gun traders တွေဟာ အရာရာတိုင်း မြင်မြင်သမျှ ပစ်ခတ်နေသလို Trading ကိုလည်း လွန်ကဲ များပြားစွာပဲ ပြုလုပ်နေကြလေ့ရှိပါတယ်။ ဒါဟာ စစ်ပွဲမှာ ကျည်ဆံကုန် ရာကို ဦးတည်နေသကဲ့သို့ Trading မှာလည်း ကိုယ်ပိုင်ငွေကြေးတွေကို အလွန်လျှင်မြန်စွာပဲ ကုန်ဆုံးစေပါတယ်။ ဈေးကွက်ထဲမှ ရရှိနိုင်တဲ့ သူတို့ရဲ့ အမြတ်တွေကို နည်းပါးအောင် ပြုလုပ်နေသလိုလည်း ဖြစ်နေပါတော့တယ်။ အရာရာကို လိုက်ပစ်နေသလိုမျိုး Trade တိုင်းကို ၀င်နေမယ့်အစား sniper တစ်ယောက်ကဲ့သို့ Trade လုပ်ဖို့ အတွက် ကျွန်တော်တို့ ဘယ်လို လေ့လာကြမလဲ ဆိုတာကို ဆွေးနွေးကြရအောင်..။
• Accept that less is more in Forex trading
Military Sniper သမား တစ်ယောက်ဆီက ကျွန်တော်တို့ Traders တွေ သင်ယူနိုင်တဲ့ အရာတွေထဲက တစ်ခုကတော့ စိတ်ချ ကျိန်းသေ သေချာ တဲ့ အခြေအနေ သို့ နီးနိုင်သမျှ နီးအောင် ပိုမို ချည်းကပ်ခြင်းပါပဲ။ Forex trading မှာလည်းပဲ တိကျတဲ့ အခြေအနေ တစ်ခု ကို နီးနိုင်သမျှ နီးအောင် ပိုမို၍ ချည်းကပ်ရပါမယ်။ သို့သော်လည်း ဒီလို ဖြစ်ဖို့ ဆိုတာကတော့ Beginning traders တွေ အတွက် ခက်ခဲ နိုင်ပါသေးတယ်။ Forex indicators တွေ များစွာ လေ့လာဖို့ လိုသလို trades တွေကိုလည်း ပိုမို စီစစ်ပြီး ၀င်ဖို့ လိုပါတယ်။ Trading robots တွေကို အသုံးမပြုပဲ ငွေကြေးတွေနဲ့ အသုံးပြုကြည့် ဖို့ လည်း လိုပါတယ်။
သတင်းမှားတွေ၊ indicators တွေက ပြတဲ့ အချက်အလက် မှားတွေ ကို ယုံကြည်မိတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေကို လည်း ပြောပြချင်ပါသေးတယ်။ မှန်တယ်လို့ ယုံကြည်မိတဲ့အတွက် လွန်ကဲစွာ ၀င်မိတဲ့ over-trading တွေ ဖြစ်တက်တာပါပဲ။ တကယ့်ကိုပဲ forex traders အများစုဟာ အများအားဖြင့် machine-gunners တွေ ဖြစ်နေကြတဲ့ အတွက် ကျည်ဆံ(ငွေ) တွေကို ဖြုန်းပြစ်နေသလို ဖြစ်နေ ပြန်ပါတယ်။ ဒါဟာ သူတို့ရဲ့ trading accounts တွေကို ကောင်းတဲ့ဖက်ကို သွားတာထက် ပိုမို ဆိုးဝါး စေတော့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်သင့်တာကတော့ Trade တွေကို ၀င်ဖို့ ကျိုးစားတဲ့ အခါ Sniper သမားကဲ့သို့ ပိုပြီး လုပ်သင့်ပြီးတော့ အကယ်၍ Machine-gunner သမားလို လုပ်နေတယ် ဆိုရင်တော့ လုပ်ရပ်တွေကို နည်းနိုင်သမျှ နည်းအောင် လျော့ချ လိုက်စေချင်ပါတယ်။ ပထမ အဆင့်အနေနဲ့ Sniper သမား ဟာ ပစ်မှတ်ကို နီးကပ်သထက် နီးအောင် ချည်းကပ်ပြီး ထိမိနိုင်တဲ့ ပစ်ကွင်းကို အရယူ သကဲ့သို့ Trader ဟာလည်း Forex Trading သို့ ပိုမို နီးကပ်သထက်နီးကပ်အောင် ချည်းကပ်ဖို့ ပဲ ဖြစ်ပါတယ်။
Sniper သမား တစ်ယောက်ဟာ သူ ကြိုတင်ဆုံးဖြတ်ထားတဲ့ ပစ်ကွင်း မြင်ကွင်းထဲသို့ ၀င်လာတဲ့ အထိကို စိတ်ရှည်စွာ စောင့်ဆိုင်းပါတယ်။ ကျွန်တော်တို့ မှာ လိုအပ်နေတာကတော့ ကျွန်တော်တို့ ကြိုတင် တွက်ချက်ထားတဲ့ Trading edge တွေကို ဈေးကွက်ထဲမှာ တကယ် ပြလာမယ့် အချိန်အထိ စိတ်ရှည်စွာ ဘယ်လိုစောင့်ဆိုင်း ရမလဲဆိုတာ သင်ယူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
Price action traders တွေဖြစ်တဲ့ ကျွန်တော်တို့မှာ ရှိတဲ့ အလွန်ပဲ အကျိုးရှိစေတဲ့ trading edge တွေဟာ sniper သမားကဲ့သို့ တိတိကျကျ သေသေချာချာ trading လုပ်မည် ဆိုပါက ကျွန်တော်တို့ကို ဈေးကွက်ထဲမှာ ကြီးမားတဲ့ အခွင့်အရေး တွေရရှိနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ကြိုတင် တွက်ချက်ထားတဲ့ trading edge တွေကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံး စစ်မြေပြင်ကတော့ daily charts တွေပါပဲ လို ဆိုပါရစေ။ ဒါဆိုရင် ကျွန်တော်တို့ ဘယ်လို Time frame ကို အသုံးချမလဲ ဆိုတာကို ဆက်လေ့လာကြပါစို့။
• Higher time frames
ပထမဦးစွာ ကျွန်တော် တိုက်တွန်း ပြောပြချင်တာကတော့ daily chart တွေဟာ forex sniper တစ်ယောက် ဖြစ်ရန် Traders တွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်စေဖို့ အတွက် စစ်မြေပြင် အနေဖြစ် သုံးသင့်နေတယ် ဆိုတာကိုပါပဲ။ ဒီလို ဘာကြောင့် ပြောရတာပါလဲ။ ဘာကြောင့်လဲ ဆိုတော့ daily chart တွေဟာ သူ့ထက်ငယ်တဲ့ ဘယ် Time Frame ကိုမဆို နှိုင်ယှဉ်ကြည့်လိုက် တဲ့အခါမှာ ကျွန်တော်တို့ကို highest value or highest probability targets တွေကို ပေးပါတယ်။ Weekly charts တွေကလည်း ထို့နည်းလည်းကောင်း အမှား ကင်းလေ့ရှိပါတယ်။ သို့သော်လည်း အဲ့ဒီ weekly charts တွေကတော့ လစဉ် ကျွန်တော်တို့အတွက် လုံလောက်တဲ့ targets တွေကို မပေးနိုင်တဲ့ အပြင် Daily chart ထက်ကိုလည်း လက်တွေ့ကျကျ Trade လုပ်နိုင်တဲ့ အခြေအနေဟာ သိပ်မရှိပါဘူး ။
Higher time frames တွေအပေါ်မှာသာ higher-value တွေကဲ့သို့ သော အရာတွေကိုသာ ရရှိနိုင်တယ်လို့ ကျွန်တော်တို့ အနေနဲ့ တွေးတော ရမှာပါ။ ဒါဟာ Price action setups တွေဖြစ်တဲ့ Tergets တွေပါပဲ။ အစစ်အမှန်အားဖြင့်လည်း higher time frame တွေမှာ higher probability setup တွေဟာ ဖြစ်ပေါ်လာတက် သောကြောင့် ဖြစ်ပါတယ်။ Higher time frames တွေမှာ Trading လုပ်ခြင်းဟာ Trading success အားကို ပိုမို မြင့်မား တိုးတက်စေပါတယ်။ Pre-planned တစ်ခုအပေါ်မှာ ရှိနေတဲ့ sniper သမားတစ်ယောက်ဟာ mission ၀င်တဲ့အခါမှာ high-value targets တွေကို ရယူနိုင်ခဲ့မယ် ဆိုရင် စစ်ပွဲရဲ့ အကြောင်းတရားဟာ ပြောင်းလဲ သွားနိုင်သလိုပါပဲ၊ Forex trading မှာလည်းပဲ ကျွန်တော်တို့ဟာ greatest positive impact ဆိုတဲ့ ရလဒ် အဖြင့် ရယူနိုင်တဲ့ highest-probability trade setups တွေ ကို ရှာဖွေရမယ် ဆိုတဲ့ နည်းလမ်းကို အသုံးပြုရပါမယ်။
ဒီနေရာမှာ Machine-gunner သမား အကြောင်း နည်းနည်း ပြောပါရစေ။ Lower time frames တွေ အပေါ်မှာ machine-gun trading လုပ်နေမယ်ဆိုရင်တော့ ဆုံးရှုံးဖို့ တစ်ခုကလွဲပြီး ဘယ်အရာမှ မဖြစ်လာဖို့ များပါတယ်။ ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကျည်ဆံတွေ တစ်ဖြစ်လဲ ငွေတွေဟာ ကျွန်တော်တို့ ထင်ထားတာထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် ကုန်သွားမှာပဲ ဖြစ်ပါတယ်။ ဒါဟာ အမှန်ပါပဲ။ ကျွန်တော်တို့ကို တကယ် ရှုံးနိမ်ကျသွားစေမယ့် Time frame တွေ ဖြစ်တဲ့ value or probability of the tergets or setups တွေ လျော့ကျမှု အားများတဲ့ 1 Hr chart တွေရဲ့အောက် ဘယ် time frame မှာ မဆို အမြဲတမ်း trading လုပ်နေမယ်လို့ စိတ်ကူး မနေပါနဲ့လို့ ပြောပါရစေ။ ကျွန်တော်တို့ အနေနဲ့ high-value or high-probability setups တွေ ရှိတဲ့ daily chart တွေကိုပဲ စိတ်ဝင်စားသင့်ပါတယ်။ ဒါဟာ ဖြစ်နိုင်ချေလည်း များပါတယ်။ အထူး သဖြင့် Trade ကို သင်ယူနေဆဲ အချိန်တွင်းမှာ ဆိုရင် ကျွန်တော်တို့ ပိုပြီး လိုက်နာသင့်ပါတယ်။
• Patience
Sniper သမား တစ်ယောက်အတွက် တိတိကျကျ လိုက်နာ ရမယ် အခြား အချက်တစ်ချက်ကတော့ သီးခံနိုင်မှု အားကောင်းခြင်း၊ သီးခံနိုင်မှု ရှိခြင်းပါပဲ။ သီးခံခြင်း ဆိုတာ မျက်လှည့် တစ်မျိုးလည်း ဖြစ်ပါတယ်။ သူဟာ အရာရာတိုင်းလိုလို ဖန်တီးနိုင်စွမ်းလည်း ရှိနေပါတယ်။ စနိုက်ပါ သမား အတွက် သီးခံနေခြင်း ဟာ အလုပ်လည်း ဖြစ်ပါတယ်။ Forex sniper တစ်ယောက် ဖြစ်လာချင်တယ် ဆိုရင်တော့ ဒီလို မျက်လှည့်ဆန်တဲ့ သီးခံမှုမျိုး ကို ကျွန်တော်တို့ အသုံးပြုဖို့ လိုကို လိုနေတာပါ။ Trading ကို စတင် လုပ်နေကြသော traders အများစုဟာ ဈေးကွက်ထဲမှာ သူတို့ရဲ့ငွေကြေးတွေ ကို ဆုံးရှုံးလိုက်ကြရပါတယ်။
အစစ်အမှန်မဟုတ် ပဲ တကယ် ပိတ်သိမ်းခြင်း မရှိသေးတဲ့ jumping signal တွေကဲ့သို့သော ထင်ရှားတဲ့ signals တွေဖြင့် trading ပြုလုပ်ချင်နေတဲ့ traders တွေ အတွက် အားနည်းချက် လိုအပ်ချက် ကြောင့် ဖြစ်ပေါ်လာတဲ့ ယိမ်းယိုင်မှု တစ်ခုပါပဲ။ ဒီလိုမျိုး ဖြစ်တက်လာတဲ့ သဘောကတော့ လူတွေဟာ ငွေကြေးနဲ့ပတ်သက်လာရင် ဖြစ်တက်တဲ့ သီးမခံနိုင်မှု ရဲ့ သဘာဝ ပဲ ဖြစ်ပါတယ်။ အခြားနည်းအားဖြင့် ဆိုရသော ဒါကို ဒေါသ လို့လည်း ပြောလို့ရပါသေးတယ်။ သို့သော်လည်း ကျွန်တော်တို့ဟာ patient Forex trader တစ်ယောက် ဖြစ်လာဖို့ ကို သင်ကြားခဲ့ခြင်း မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ဟာ ဘယ်တော့မှာ ကိုယ်ပိုင်း ထိမ်းချုပ်နိုင်သူ ကဲ့သို့သော အောင်မြင်တဲ့ Forex trader တစ်ယောက်၊ Forex sniper တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။
• Mastery of strategy အပြီးတိုင်တတ်ကျွမ်းခြင်း။ တဖက်ကမ်းခပ်ခြင်း
Sniper သမား တစ်ယောက် ဟာ သူတို့ရဲ့ shooting skill များ ပိုမို perfect ဖြစ်ဖို့နဲ့ ပစ်မှတ်မလွဲ ဖို့ ကို နှစ်ပေါင်းများစွာ လေ့ကျင့်ရပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ ပစ်မှတ်ကို တိတိကျကျ သိထားရမှာ ဖြစ်သကဲ့သို့ ပစ်သည့်အခါမှာလည်း တုံ့ဆိုင်းခြင်း မရှိပဲ ခလုတ်ဆွဲ နိုင်ရမှာ ဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ လည်း ကျွန်တော်တို့ ရွှေးချယ်ထားတဲ့ Forex trading strategy တစ်ခုစီ ကို ဈေးကွက်မှာ အသုံးချဖို့အတွက် လေ့ကျင့်ထားဖို့ လိုအပ်နေပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ တိတိကျကျ သိထားဖို့ကတော့ ကျွန်တော်တို့ ဖွင့်ထားတဲ့ charts တွေအပေါ်မှာ အချိန်တိုင်း ဘာကို စောင့်ကြည့်နေမှာလဲ ဆိုတာကိုပါပဲ။ ဒီ့ထက်ပိုပြီး လုပ်ဖို့လိုအပ်တာကတော့ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ မှန်ကန်တဲ့ the Forex trading strategy ကို အပြီးတိုင်တက်ကျွမ်းဖို့ကို လိုအပ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ ဒါကို တက်ကျွမ်း မထားဘူး ဆိုရင် Forex sniper တစ်ယောက်ကဲ့သို့ အောင်မြင်မှု ပြည့်ပြည့်၀၀ အလား အလာ ရှိတဲ့ သူတစ်ယောက် ဘယ်တော့ မှ ဖြစ်လာမှာ မဟုတ်ပါဘူး။
Trading strategy ကို ကျွမ်းကျင် ပိုင်နိုင်ဖို့ အတွက် သင်တန်း တွေ မှာ သင်ယူနိုင်ပါတယ်။ အကယ်၍ high-probability price action trading strategies ဖြင့် အလုပ်လုပ် ဖို့ ကျွန်တော်တို့ ရွေးချယ်လိုက်ပြီ ဆိုပါက ကျွန်တော်တို့ Forex trading training တွေကို တက်ရောက်ဖို့ အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်။ လိုအပ်တယ် ဆိုရင်ပေါ့လေ။ သင်ယူခဲ့ပြီး၊ လေ့လာခဲ့ပြီး ဆိုရင်တော့ ကိုယ်တိုင် လက်တွေ့ကျကျ လေ့ကျင့်ဖို့ အလွန်ကို လိုအပ်ပါတယ်။ လုံ့လ၀ိရိယ စိုက်အားထုတ်ရပါမယ်။ အချိန်ပေးရပါမယ်။ လက်တွေ့ကျကျ ဒီအကြောင်းတွေကို သိဖို့ လိုအပ်ပါတယ်။ ဒါဟာ အချိန်ယူရပါတယ်။ အရာရာတိုင်းအတွက် master တစ်ယောက်ဖြစ်ဖို့ ဆိုတာ အချိန်ယူရပါတယ်။ Forex trading မှာလည်း အဓိပ္ပါယ် မကွဲပြားပါဘူး။ ဆိုလိုရင်း သဘောကို သိပြီး လိုက်နာ ကျင့်သုံးပြီး ဆိုရင်တော့ သင်ထင်ထားတာထက် ပိုပြီး မကြာခင်မှာပဲ sniper သမားတစ်ယောက်ကဲ့သို့ စတင် Trading လုပ်နိုင်ပါလိမ့်မယ်။
• Developing a sniper-like Forex trading mindset
နောက် Forex trading sniper တစ်ယောက် ရဲ့စိတ် ဟာ ယုံကြည်မှု နဲ့ စည်းကမ်းတိကျ လိုက်နာ တက်ဖို့ကိုလည်း မွေးဖွားထားရပါမယ်။ Sniper တစ်ယောက်လို ဖြစ်အောင် ပိုမို ကျိုးစား၍ machine-gunner တစ်ယောက်လို လုပ်နေတာတွေကို လျော့ချပြစ်ပါ။ Forex trading ယုံကြည်မှုနဲ့ စည်းကမ်းလိုက်နာ တက်မှုတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လေ့ကျင့်ပါ။ နောက်ပိုင်းကျရင် ကျွန်တော်တို့ကဟာ စိတ်ရှည်ခြင်းရဲ့ အကျိုးရလဒ်ကို ရလာတဲ့ အခါမှာ ကောင်းကျိုး ခံစားရပြီ ဖြစ်တဲ့ အတွက် အချိန်တိုင်းမှာ ကျွန်တော်တို့ ရဲ့သီးခံမှုကို မြင့်ဖို့ အတွက် တဖြည်းဖြည်း ပြုပြင်ချင်လာပါလိမ့်မည်။
ဒါဟာ sniper သမားကဲ့သို့သော Forex trading mindset ဖွံ့ဖြိုးခြင်းရဲ့ မူလ ပထမ အဆင့်တွေပဲဖြစ်ပါတယ်။ သို့သော်လည်း traders အများစုဟာ ဒီ့အပေါ်မှာ ကျရှုံးကြပါတယ်။ ဒါဟာဘာကြောင့်လည်း ဆိုတော့ သူတို့ဟာ သီးခံခြင်း နဲ့ စည်းစနစ်ကျခြင်း ရဲ့ စွမ်းအားတွေကို နားမလည်ကြလို့ပဲ ဖြစ်ပါတယ်။ Traders အများစုဟာ machine-gun trader အဖြင့် သာ ပြုလုပ်ရန် လိုလား အားထုတ်လေ့ရှိကြတယ်။ ဂရုစိုက်ကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့ကိုယ် သူတို့ စွမ်းအားပြည့် နေတယ်ထင်ပြီးတော့ ထိန်းချုပ်မှု အောက်တွင်လည်း ရှိနေသည်ဟု ခံစား နေရ၍ ဖြစ်သည်။ ဒါဟာ လွဲမှားနေသော ယုံကြည်ချက် ဖြစ်နေသည်။ ဖြစ်ရပ်အမှန်ကတော့ ကျွန်တော်တို့ အနေနဲ့ ဈေးကွက်ကို ဘယ်တော့မှ ထိန်းချုပ်လို့ မရဘူး ဆိုတဲ့ mindset ရှိဖို့လိုသည်။ သို့ပေမယ့် Traders အများစုဟာ forex market ကို ထိန်းချုပ်ဖို့ ပိုမို ကျိုးစား ပါတယ်။ ဒါဟာ အစစ်အမှန် မဟုတ်ပါဘူး။ တစ်ခုထဲသော ကျွန်တော်တို့ထိန်းချုပ်ဖို့ တက်နိုင်တဲ့ အရာကတော့ ကျွန်တော်တို့ ကိုယ်တိုင် sniper တစ်ယောက်လိုမျိုး trade လုပ်နိုင်အောင် သင်ယူနေဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါကို ကျွန်တော်တို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဟာ သိသာထင်ရှားစွာ တိုးတက်လာပါမယ်။ ကျွန်တော်တို့ရဲ့ Forex trader တစ်ယောက် အဖြင့် အောင်မြင်ဖို့ အခွင့်အရေးများ ဟာ သိသာထင်းရှားစွာ တိုးတက်လာပါလိမ့်မယ်။
ကြီးပွါးအောင်မြင် တိုးတက်ကြပါစေ။…..
*****Nonentity Trader

MT4 Email Alert – ဘယ်လိုဖန်တီးမလဲ (၂)

<= MT4 Email Alert – ဘယ်လိုဖန်တီးမလဲ (၁)

Step 4 – Send an MT4 Email Alert

နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဖန်တီးယူထားတဲ့ trading system မှ MT4 email alert တစ်ခုကို ပေးပို့ လက်ခံနိုင်ရန်အတွက် setup လုပ်ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ MT4 Email Alert တစ်ခု ပေးပို့ ကြည့်ပါမယ်။
Open MQL4 and create an empty script. Copy-paste the following code:
MQL4 ကို ဖွင့်လိုက်ပြီးတော့ empty script တစ်ခု ကို create လုပ်လိုက်ပါ။ ပြီးရင် အောက်ပါ Code တွေကို Copy-paste လုပ်လိုက်ပါ။
1
2
3
4
5
6
7
8
9
//+------------------------------------------------------------------+
//| Script program start function |
//+------------------------------------------------------------------+
void OnStart()
{
SendMail("MT4 Email Alert", "Hey there! Just letting you know that you have just "+
"made a profit on your FOREX account! Good job.");
}
//+------------------------------------------------------------------+
Script ကို compile လုပ်ပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ trading platform ပေါ်မှာ ဘယ် chart ပေါ်မှာမဆို launch လုပ်လို့ရပါပြီ။
ကျွန်တော်တို့ရဲ့ email ကို ပြန်စစ်ကြည့်ပါမယ်။ အထက်ပါ အဆင့်များကို လုပ်ဆောင်ပြီးဆုံး သွားပြီဆိုပါက အောက်ပါအတိုင်း message ၀င်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။



ဒါကတော့ ကျွန်တော်တို့အနေနဲ့ expert advisor, script or indicator တွေကနေပြီးတော့ email alert တစ်ခု ဘယ်လို ပေးပို့မယ် ဆိုတာကို သိရှိရအောင် ဖော်ပြပေးတာ ပဲ ဖြစ်ပါတယ်။

Step 5 – Simple Setting of Email Alert

ကျွန်တော်တို့ Email Alert ပေးပို့ လက်ခံရန် အတွက် ပြုလုပ်ပုံ အဆင့်ဆင့်ကို သိရှိပြီးတဲ့ နောက်မှာ အခြေခံ အားဖြင့် ဒါကို အသုံးပြုပြီး ဘယ်လို အသုံးဝယ်မယ် ဆိုတာကိုတော့ ထပ်မံ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ Mt4 မှာ price တစ်ခုခု ရောက်လျှင် အသံဖိုင် တစ်ခုကို Run ပေးတဲ့ Alert ပေးတာကို သုံးဖူး ကြမယ် လို့ထင်ပါတယ်။ သို့သော်လည်း ဒီမှာ အနည်းငယ် ပူးတွဲပြီး ပြပါမယ်။ 



Mt4 မှာ Terminal မှာရှိတဲ့ Alerts Tab မှာ mouse ကို Right click နှိပ်လိုက်ပါက အထပ်ပါပုံ အတိုင်း ပေါ်လာပါလိမ့်မယ်။ Create လုပ်ရန်အတွက် create ကို နှိပ်ပါ။ 



Alert Editor window ပေါ်လာပါလိမ့်မယ်။ အဲ့ဒီနေရာမှာ default အနေနဲ့ က Action နေရာမှာ Sound အနေနဲ့ ပေါ်ပါတယ်။ အသံဖိုင် Run ချင်တယ် ဆိုရင်တော့ မြားပြထားတဲ့ နေရာကို နှိပ်ပြီး ကိုယ် Run ပေးချင်တဲ့ sound file ကိုရွေးပေးရပါတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ က Email ကို အသုံးပြုမှာ ဖြစ်တဲ့ အတွက် Action နေရာမှာ Mail ကို ရွေးပေးပါမယ်။ ကျန်တဲ့ နေရာတွေမှာကတော့ မိမိတို့ ဖြစ်စေချင်တဲ့ အချက်အလက်တွေကို ဖြည့်သွင်းပေးပါ။ ပြီးရင် Source: ကို ဖြည့်ပေးရန် အတွက် မြားပြထားတဲ့ နေရာကို နှိပ်ရပါမယ်။ အဲ့ဒါဆိုရင် အောက်ဖေါ်ပြပါ email message box ပေါ်လာပါလိမ့်မယ်။ 


Subject နေရာ နဲ့ mail body မှာ ကျွန်တော်တို့ ရေးသွင်းလိုသော အချက်အလက်များ ရေးသွင်းပြီး Send လုပ်ပါမယ်။ 


OK ကို နှိပ်လိုက်ရင်တော့ ကျွန်တော်တို့ Alert Setting လုပ်တာ ပြီးဆုံးပါပြီး။ ဒီနေရာမှာ ကျွန်တော်တို့ mail ဆီ ရောက်နိုင်မရောက်နိုင်၊ ရေးသွင်းချက် မှန်ကန်မှု ရှိမရှိ စမ်းသပ်လိုပါက Test ကို နှိပ်ပြီး စမ်းကြည့်နိုင်ပါတယ်။ 


Message successfully queued! ပေါ်လာပြီးဆိုရင် တော့ ကျွန်တော်တို့ရဲ့ mail inbox ထဲမှာ email တစ်စောင် ရောက်ရှိနေတာကို စစ်ကြည့်ရင် တွေ့နိုင်မှာ ဖြစ်ပါတယ်။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။
****Nonentity Trader