Wednesday, January 27, 2016

MT4 Email Alert – ဘယ်လိုဖန်တီးမလဲ (၁)



မင်္ဂလာပါ မိတ်ဆွေတို့
ဒီ post မှာတော့ မိတ်ဆွေတို့ကို ကျွန်တော်တို့ Expert Advisor တွေကို တည်ဆောက်ထားတဲ့ အခါမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အရေးကြီးတဲ့ အခြေအနေ တစ်ခု ဖြစ်ပေါ်လာတဲ့ အခါမှာ ကျွန်တော်တို့ ကွန်ပြူတာရှေ့မှာ မရှိတဲက အခြေအနေမျိုးမှာ ဖြစ်ဖြစ် ၊ အိပ်နေရင်ပဲ ဖြစ်ဖြစ် .. အဲ့လို အခြေအနေမျိုးမှာ ကျွန်တော်တို့ဆီကို သတိပေး ချက်တွေ ပေးပို့ နိုင်မယ့် Email alert တစ်ခု ပို့ပေးနိုင်ရန်အတွက် MT4 email alert setting ပြုလုပ်ပုံလေး တစ်ခု ကို ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အရေးပါမှုဆိုတာကတော့ order တစ်ခုကို အောင်မြင်အောင် အကောင်အထည် ဖော်မှု၊ StopLoss မှာပိတ်သွားခဲ့တဲ့ Position တစ်ခု သို့မဟုတ် price ဟာ certain level တစ်ခုကို သာမာန် ဖြတ်သန်းသွားမှု ..စသည် အားဖြင်ည ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ ဘာအတွက် အသုံးပြုသင့်သလဲ ဆိုတော့ ကျွန်တော်တို့ ဖန်တီးထားတဲ့ EA, Indicator အစရှိသဖြင့် FX Robot တွေကနေပြီးတော့ Email notification တစ်ခု ပို့ပေးစေချင်တဲ့ အခါမျိုးမှာ ကျွန်တော်တို့ ရွေးချယ် အသုံးပြုရမှာပဲ ဖြစ်ပါတယ်။

Step 1 – Open a Gmail Account

ဒီမှာ အဓိက နားလည်ထားရမှာကတော့ MetaTrader4 ဟာ သူ့ဖာသာသူ MT4 email alert တစ်ခုကို မပို့နိုင်ဘူး ဆိုတာကိုပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် email တစ်ခုကို ပေးပို့သူနေရာမှာ ထားဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဟာ Mt4 ရဲ့ mail ပို့သူနေရာမှာ email တစ်ခု၊ mail လက်ခံဖို့ အတွက် email တစ်ခု၊ ပေါင်း နှစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအပြင် ကျွန်တော်တို့ SMTP Server ကို configuring လုပ်ဖို့ အတွက် အလုပ်တစ်ခု ထပ်တိုးလာပါတယ်။ ဒီနေရာမှာ SMTP server အတွက် ကျွန်တော်တို့ အလွယ်တကူ ပြုလုပ်နိုင်မယ့် Gmail ကို ရွေးချယ်ထားပါတယ်။ လုပ်ရတာလည်း အလွန် လွယ်ပါတယ်။
ကျွန်တော်တို့ ကြိုးစားလိုက်ကြရအောင်။ 

Gmail ဖွင့်နည်းကတော့ မိတ်ဆွေတို့ Google မှာလေ့လာကြည့်နိုင်ပါတယ်။ ဖွင့်လို့လည်း တက်ကြမှာ ဖြစ်တဲ့ အတွက် ဒီနေရာမှာ အထွေ အထူး ထည့်ပြောဖို့လိုမယ် မထင်ပါဘူး။ ကျွန်တော့်ရဲ့ မိတ်ဆွေများကိုလည်း ဖွင့်လို့ရမယ်လို့လည်း ယုံကြည်ပါတယ်။ :P
ကျွန်တော်တို့ Gmail အသစ် တစ်ခုဖွင့်လို့ ပြီးပြီ ဆိုရင်တော့ New google account ကို logout ထွက်လိုက်ပါ။ အဲ့ဒီအကောင့်ကို MT4 မှ ပေးပို့သူ အကောင့် အဖြင့် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ထပ်မံပြိး login ၀င်ဖို့ မလိုအပ်တော့ပါဘူး ။

Step 2 – MetaTrader 4 Settings

ကျွန်တော်တို့ရဲ့ MT4 trading platform ကို ဖွင့်လိုက်ပါ။ Tools -> Options ကို သွားပါ။ ဒါမှမဟုတ် CTRL+O ကို နှိပ်လိုက်ပါ။ အောက်ပါ Setting မှ Email tab မှာ ဖြည့်ရပါမယ်။

“SMTP login” နှင့် “From” fields များတွင် ကျွန်တော်တို့  Step 1 တွင် ဖွင့်ခဲ့သော gmail account ကို ဖြည့်ပါ။ “To” field တွင် ကျွန်တော်တို့ ရဲ့ emails တွေကို ပို့ပေးစေချင်တဲ့ MT4 မှ mails များကို လက်ခံရယူမယ့် ကိုယ်ပိုင် email address ကို ဖြည့်ရပါမယ်။
ဒီပုံမှာတော့ ကျွန်တော့်ရဲ့ Gmail ပေါ်မှာ hosted လုပ်ထားတဲ့ email address ကိုပဲ ဖြည့်ထားပါတယ်။ ဒါပေမယ့် မိတ်ဆွေတို့ ရဲ့ အခြားသော personal website တွေပေါ်က email သို့မဟုတ် yahoo, mail.com, gmx ကဲ့သို့သော အခြားသော email များကို အသုံးပြုနိုင်ပါသေးတယ်။
Click OK.
OK ကို နှိပ်ပါ။
ကျွန်တော်တို့ ဒီအဆင့်ထိ ပြီးသွားပြီးဆိုရင်တော့ ကျွန်တော်တို့ရဲ့ MetaTrader4 ကို Restart လုပ်ပေးရပါလိမ့်မယ်။ တစ်ခု သိထားရမှာက ဒီနေရာမှာ ကျွန်တော်တို့ platform ကို restart မလုပ်မခြင်း ကျွန်တော်တို့ရဲ့ Setting တွေဟာ အလုပ်မလုပ်ပါဘူး။

Step 3 – Test The Configuration

ကျွန်တော်တို့ Platform ကို တကြိမ် restart လုပ်ပြီးသွားပြီးဆိုရင်တော့ ကျွန်တော်တို့ ဖြည့်ခဲ့တဲ့ option screen ကို ပြန်ဖွင့်လိုက်ပါမယ်။ ပြီးတော့ “Test” button ကို click လုပ်ကြည့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ အောက်ဖော်ပြပါ message ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီအခါမှာ ၅မိနစ် ထက်မပိုသော မိနစ် အနည်းငယ်အတွင်း ကျွန်တော်တို့ email တစ်စောင်ကို လက်ခံ ရရှိမှာ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ အစစအရာရာ မှန်မှန်ကန်ကန် ဖြည့်သွင်း ခဲ့တယ် ဆိုရင်တော့ terminal journal မှာ အောက်ပါအတိုင်း ဖော်ပြလာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


အကယ်၍ တစုံတစ်ခု မှားယွင်းဖြည့်သွင်းခဲ့တယ်ဆိုရင်တော့ ကျွန်တော်တို့ သိထားရမျာက journal မှာ error message တစ်ခု ဖေါ်ပြလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ email လက်ခံဖို့ ထည့်သွင်းထားတဲ့ personal email ကို ဖွင့်ကြည့်လိုက်ပါ။ အောက်ပါ message တစ်ခု လက်ခံ ရရှိနေတာကို တွေ့ရပါလိမ့်မယ်။




MT4 Email Alert – ဘယ်လိုဖန်တီးမလဲ (၂) သို့ =>

No comments:

Post a Comment