Thursday, September 24, 2015

Spread နှင့် pips ဆိုတာ ဘာလဲ..။ Forex market ထဲမှာ trading လုပ်နေတဲ့ အခါမှာ Spread ကို ဘယ်လို တွက်ချက်မလဲ



Spread နှင့် pips ဆိုတာ ဘာလဲ..။ Forex market ထဲမှာ trading လုပ်နေတဲ့ အခါမှာ Spread ကို ဘယ်လို တွက်ချက်မလဲ
Forex markets တွေ ထဲမှာ investors တွေဟာ ငွေကြေးတစ်ခု ကို အခြားတစ်ခု အတွက် Trade လုပ်ကြတာကို ကျွန်တော်တို့ သိထားကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် currencies တွေကို အခြားသော currency တွေရဲ့ တန်ဖိုးနဲ့ သတ်မှတ်ချက်တစ်ခုအနေဖြင့် ဈေးဖွင့်ကြပါတယ်။ ဒီလို ဈေးဖွင့်ကြရာမှာ လွယ်လွယ် ကူကူ သိနိုင်ဖို့ အတွက် currencies တွေကို အမြဲတမ်း အားဖြင့် အစုံလိုက် ဈေးခေါ် ဖော်ပြကြပါတယ်။ ဥပမာ အားဖြင့် USD/CAD ဆိုတာမျိုးကိုပေါ့။
အဲ့ဒီမှာ ကျွန်တော်တို့ ထပ်မံသိထားရမှာကတော့ ပထမ currency ကို Base Currency လို့ ခေါ်ပြီးတော့ ဒုတိယ currency ကိုတော့ Counter သို့မဟုတ် quote currency လို့ ခေါ်ပါတယ်။ (base/quote)။ ဥပမာ အားဖြင့် US$1 ကို ၀ယ်ရန် C$ 1.2 ကျသင့်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့  USD/CAD ဟာ 1.2/1 သို့မဟုတ် 1.2 ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် USD ဟာ base currency ဖြစ်ပြီး CAD ကတော့ quote or counter currency ဖြစ်ပါတယ်။ ပြောရရင်တော့ USD ရဲ့ ပေါက်ဈေးပေါ့။ ကျသင့်ငွေကတော့ CAD ဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ဟာ currencies တွေဟာ ဈေးကွက်မှာ ဘယ်လို ဈေးပေါက်တယ်ဆိုတာ သိပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ သူတို့ရဲ့ Spread တွေကို ဘယ်လိုတွက်ချက်မလဲ ဆိုတာကို ဆက်ကြည့်ပါဦးစို့။
Forex ဈေးကွက် ပေါက်ဈေးမှာ အမြဲတမ်း တည်ရှိနေတာ ကတော့ bid နဲ့ ask ဈေးနှုံးတွေ ပါပဲ။ ဒါဟာ ရှယ်ယာ ဈေးကွက် တွေမှာ မြင်နိုင်တာနဲ့ သဘောထား တူတူပါပဲ။
Bid ဆိုတာကတော့ forex market maker ဟာ base currency USD ကို counter currency CAD ဖြင့် Exchange မှာ ၀ယ်ဖို့ ဖွင့်ထားသော ဈေးနှုံး တစ်ခု ဖြစ်ပါတယ်။ Trader တွေ အနေနဲ့ ကတော့ Base currency ကို counter currency ဖြင့် ရောင်းနိုင်တဲ့ ဈေးဖြစ်ပါတယ်။ Forex market maker တွေက ၀ယ်မယ် ..။ ကျွန်တော်တို့က ရောင်းမယ် ဆိုတဲ့ ဈေးပါပဲ။ ရောင်းသူဝယ်သူ ပေါက်ဈေး သဘောမျိုးပေါ့။ အပြန်အလှန်အားဖြင့် Ask ဆိုတာက forex market marker ဟာ Base currency ကို counter currency ဖြင့် Exchange မှာ ရောင်းဖို့ ဖွင့်ထားသော ဈေးနှုံး ဖြစ်ပါတယ်။ Trader တွေ အနေနဲ့ ဆိုရင်တော့ Base currency ကို counter currency ဖြင့် ၀ယ်ရမယ့် ဈေး ဖြစ်ပါတယ်။ ဒါကလည်း Forex market maker တွေက ရောင်းမယ်..။ ကျွန်တော်တို့က ၀ယ်မယ် ဆိုတဲ့ ဈေးပါပဲ။

Forex prices တွေဟာ အမြဲတမ်းလိုလို ဂဏန်း ၅လုံးဖြင့် ဈေးဖွင့် ကြလေ့ ရှိပါတယ်။ ဥပမာ အနေနဲက ကျွန်တော်တို့ ပြောရမယ် ဆိုရင် USD/CAD မှာ bid price ဟာ 120.00 ရှိပြီးတော့ Ask ကတော့ 120.05 ဖြစ်နေတယ် ဆိုရင် Spread ဟာ 0.05 သို့မဟုတ် 0.0005$ နဲ့ ညီမျှပါတယ်။

ဒီနေရာမှာတော့ pip အကြောင်းလေး နည်းနည်းပြောချင်ပါတယ်။

Pip ဆိုတာကတော့ သတ်မှတ်ချက် ပမာဏ တစ်ခုပါပဲ။ Forex market မှာ Currency တွေ ရဲ့ ပမာဏတွေကို pips အဖြင့် သတ်မှတ်ချက်ပေးပါတယ်။ One pip ဟာ 0.0001 နှင့် ညီမျှပါတယ်။ Two pips ဆိုရင် 0.0002, Three pips ဆိုရင် 0.0003 စသည်အားဖြင့်ပေါ့..။ အနိမ့်ဆုံး ပြောင်းလဲသွားတဲ့ exchange rate တစ်ခုက one pip ပါပဲ ..။ currencies အများစုဟာ ဒဿမ အနောက်က ဂဏန်း ၄လုံး ဈေးနှုံးသတ်မှတ်လေ့ ရှိပါတယ်။ EUR/USD ဟာ 1.2530/1.2535 ဖြစ်တယ်ဆိုတဲ့ အတွက် spread ဟာ 5 pips ပါပဲ။
Major currencies ထဲမှာ အပါအ၀င်ဖြစ်တဲ့ Japanese yen မှာကတော့ ဒဿမ အနောက်မှာ ဂဏန်း လေးလုံး မပါပါဘူး..။ USD/JPY မှာ price ဟာ two decimal points သာ ပါပါတယ်။ ဥပမာ.. USD/JPY ဟာ 114.05/114.08 ဖြစ်နေပါတယ်။ ဒီပေါက်ဈေးမှာကတော့ ၀ယ်ဈေးနဲ့ ရောင်းဈေးကြားက spread ဟာ 3 pips ပဲ ရှိတာ ဖြစ်ပါတယ်။
Spread အကြောင်းကို ထပ်မံပြောရရင် spread ဆိုတာ ရောင်းဈေးနဲ့ ၀ယ်ဈေးအကြား ကွာခြားချက် ပဲ ဖြစ်ပါတယ်။ currency pair တစ်စုံအတွက် ဈေးနှုံး နှစ်မျိုး ရှိပါတယ်။ market maker တွေက Trader တစ်ယောက် ကို ဖွင့်ပေးတဲ့ ရောင်းဈေးနဲ့ ၀ယ်ဈေးအကြား ကွာခြားချက် ကို ကိုယ်စားပြုတာ spread ပါပဲ..။
အကယ်၍ Trader တစ်ယောက်ဟာ ဘယ် currency မဆို ၀ယ်ပြီးတော့ ရုတ်တရတ် ချက်ချင်း ပြန်ရောင်းလိုက်မယ် ဆိုပါစို့။ ဒီနေရာမှာ exchange rate ဟာ ပြောင်းလဲမှု မဖြစ်ပေါ်ဘူးဆိုရင် Trader ဟာ ငွေကြေးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒီဟာ ဘာကြောင့်လဲ ဆိုတော့ market maker တွေ ဘက်က ဖွင့်ထားတဲ့ဈေးဟာ သူတို့ ၀ယ်တဲ့ဈေးဟာ ပြန်ရောင်းတဲ့ ဈေးထက် နိမ့်နေလို့ပါပဲ..။ Traders တွေဘက်ကတော့ ၀ယ်လိုက်တဲ့ဈေးဟာ ပြန်ရောင်းနိုင်တဲ့ ဈေးထက် မြင့်နေလို့ပါပဲ..။
ယေဘုယျ ဆိုရသော် ပိုမို နည်းပါးတဲ့ Spreads ဟာ Forex inverstors တွေအတွက် ပိုမို ကောင်းမွန်တယ် ဆိုတာပါပဲ ..။ ဘာကြောင့်လဲ ဆိုတော့ Trade တစ်ခုမှာ ဈေးကွက် အလှုပ် အနည်းငယ် ရှိယုံနဲ့ အမြတ်ရဖို့အတွက် ပိုမိုလွယ်ကူလို့ပဲ ဖြစ်ပါတယ်။