Thursday, January 28, 2016

Technical analysis and Fundamental analysis



Technical analysis and Fundamental analysis


Forex forecasting
ကျွန်တော်တို့ဟာ  Forex forecasting လုပ်တဲ့အခါ မှာ ကြိုတင်ခန့်မှန်းတာကို အခြေခံ အားဖြင့် နည်းလမ်း နှစ်မျိုး ဖြင့် အသုံးပြုကြပါတယ်။ အဲ့ဒါတွေကတော့ Technical analysis နဲ့ Fundamental analysis တွေပါပဲ။ ဒါဟာ  forex market ရဲ့ လူပ်ရှားပုံကို ကြိုတင်ခန့်မှန်းရန်အတွက် အဓိကအားဖြင့် analysis လုပ်ကြရာမှာ အသုံးပြုကြတဲ့ Major methods နှစ်ခုလည်း ဖြစ်ပါတယ်။ Technical analysis နဲ့ fundamental analysis တို့ ဟာ အလွန်ပဲ သိသိသာသာ ကွာခြားပါတယ်။ သို့သော်လည်း ကျွန်တော်တို့ forex trader အတွက် နှစ်ခုစလုံး ဟာ ဈေးကွက်ကို ကြိုတင်ခန့်မှန်းနိုင်ဖို့ အတွက် အသုံးဝင်နေပြန်ပါတယ်။ ဘာလို့လဲဆိုတော့  ဒီ နည်းလမ်း နှစ်ခုစလုံး မှာ price သို့မဟုတ် price movement တွေကို ကြိုတင်ခန့်မှန်း ဟောကိန်း ထုတ်နိုင်တဲ့ တူညီတဲ့ လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။ ဘယ်သူတွေက ဘယ်လို လုပ်ဆောင်ချက်တွေကို လုပ်ကြပါသလဲ။ fundamentalist သမား တွေဟာ market movement တွေရဲ့ ဖြစ်စေတဲ့ အကြောင်းတရားတွေကို လေ့လာနေစဉ်မှာပဲ technician တွေကတော့ market movement တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေကို လေ့လာနေကြပါတယ်။ အောင်မြင်သော traders အများစုဟာ ပိုမိုကောင်းမွန်သော ရလဒ် ရဖို့ အတွက် နည်းစနစ်  နှစ်ခုစလုံးကို ပေါင်းစပ်ပြီး အသုံးပြုကြလေ့ ရှိကြပြန်ပါတယ်။

Technical analysis
Technical analysis ဆိုတာ အတိတ်က ဖြစ်ပေါ်ခဲ့ပြီးတဲ့ market action တွေကို ပြနေတဲ့ Charts တွေပေါ်မှာ လေ့လာပါတယ်။ ပြီးတော့ နောက်လာမယ့် အနာဂတ် market trends တွေနဲ့ price movement တွေကို ဟောကိန်းထုတ်တဲ့ (တွက်ထုတ်တဲ့) နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ trading volume, Price of instruments တွေ ဖြစ်ရမယ့် အခြေအနေတွေ ထက်ကို ဈေးကွက်ထဲမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာနဲ့ ပိုမိုသက်ဆိုင်နေပါတယ်။ အဲ့ဒီလို ဖြစ်ပျက်ခဲ့တဲ့ data အချက်အလက်တွေကို အသုံးပြုပြီးတော့ Charts တွေကို ရေးဆွဲ ဖန်တီးထားပြီး ပြန်လည် အသုံးချတာလည်း ဖြစ်ပါတယ်။
Technical analysis ရဲ့ အဓိကကျတဲ့ အားသာချက် တစ်ခုကို ပြောပြရမယ်ဆိုရင် အတွေ့အကြုံရင့်တဲ့ Technical trader တစ်ယောက်ဟာ currencies markets များစွာနဲ့ currencies market instruments တွေကို တပြိုင်နက်တည်း အလွယ်တကူ လေ့လာ တွက်ထုတ် နိုင်တာပါပဲ။ Technical analysis ဟာ မရှိမဖြစ် လိုအပ်တဲ့ နိယာမ သုံးခုပေါ်မှာ အခြေခံ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။  အဲ့ဒါတွေကတော့
1. Market action discounts everything!
အဓိပ္ပါယ်ကတော့ actual price ဆိုတာ လက်ရှိဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အရောင်းအ၀ယ် သို့မဟုတ် အခြား အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ပြန်ဟပ်မှု တစ်ခုပါပဲ။ ဥပမာ Supply and demand, political factors and market sentiment တို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Pure technical analyst သမား တယောက်အတွက်ကြတော့ price movements တစ်ခုနဲ့ သာလျှင် သက်ဆိုင်နေပါတယ်။ အခြား သော ဘယ်ပြောင်းလဲမှုမျိုး အတွက် မှ သူ့အတွက် အကြောင်းပြချက် တစုံတစ်ရာ ပြစရာ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူက Technical analyst သမား သက်သက်သာ ဖြစ်နေလို့ပါပဲ။ (အခြားအကြောင်းတွေကို သူမလေ့လာပါဘူး)
2. Prices move in trends
Technical analysis နည်းစနစ် ဟာ Chart တွေနဲ့ ဖော်ထုတ်မှတ်သား ထားနိုင်တဲ့ အတွက် ၄င်း စနစ်ကို ဈေးကွက် အခြေအနေရဲ့ ပုံစံတွေ ကြာရှည် သိမ်းဆည်းထားရန်  ရည်ရွယ်၍ အသုံးပြုကြပါတယ်။ ရရှိလာတဲ့ patterns အများစုဟာ ဖြစ်နိုင်ချေ မြင့်သော အထူး တွက်ထုတ်ထားတဲ့ ရလဒ်တွေလည်းပဲ ဖြစ်ပါတယ်။ အဲ့ဒီလို မှတ်သားထားခဲ့တဲ့ patterns တွေဟာလည်းပဲ ဈေးကွက်မှာ မှန်ကန်တဲ့ အခြေခံ တစ်ခု အဖြစ် ထပ်ခါတလဲလဲ ပြန်ဖြစ်လေ့ ရှိပါတယ်။  
3. History repeats itself
Forex chart patterns တွေကို History အနေနဲ့လည်း မှတ်သားထားပြန်ပါတယ်။ ပြီးတော့ နှစ် ၁၀၀ အထက် အတွက် တောင်မှ အမျိုးအစားခွဲပေးနိုင်စွမ်း ရှိပါတယ်။ အချိန်အနည်းငယ် အတွင်းမှာ ပြောင်းလဲတက်တဲ့ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကောက်ချက်ဆွဲနိုင်ဖို့ အတွက် ဒီများပြားလှစွာသော patterns တွေဟာ ထပ်ခါတလဲလဲ ပြန်လည် ပြသပေးနေပြန်ပါတယ်။ forex charts တွေဟာ price တွေ ပါဝင်နေတဲ့ market action တွေ အပေါ်မှာ အခြေခံ ရေးဆွဲ ဖော်ပြထားလည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် forex technical analysis theory မှာ အမျိုးအစား အားဖြင့် (၅) မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့
Indicators (oscillators, e.g.: Relative Strength Index (RSI)
Number theory (Fibonacci numbers, Gann numbers)
Waves (Elliott wave theory)
Gaps (high-low, open-closing)
Trends (following moving average). တို့ပဲ ဖြစ်ပါတယ်။

Technical Analysis မှာ ပါဝင်သော အချို့သော major technical analysis tools တွေကိုလည်း  အခြေခံ အားဖြင့် လေ့လာလိုက်ကြရအောင်..။
Relative Strength Index (RSI):
RSI ဟာ Up-moves ကနေ Down-moves တွေနဲ့ normalizes  တွေရဲ့ Ratio ကို တွက်ထုတ် တိုင်းတာ ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ အညွန်းက တော့ 0-100 range တစ်ခု အနေနဲ့ ဖေါ်ပြပါတယ်။ အကယ်၍ RSI ဟာ 70 နှင့် အထက် မှာ ပြနေပြီ ဆိုပါက overbought (ဈေးကွက်မှာ မျှော်လင့်ထားသည်ထက်ပို၍ ဈေးနှုံးမြင့်တက်နေပြီ ဆိုတဲ့ အခြေအနေ) ဖြစ်နေတယ်လို့ယူဆပါတယ်။ အကယ်၍ RSI ဟာ 30 နဲ့ အောက်မှာ ဖော်ပြနေတယ် ဆိုပါက oversold (ဈေးကွက်မှာ မျှော်လင့်ထားသည်ထက် အောက်သို့ ဈေးနှုံးဟာ ပိုမို ကျဆင်းနေတဲ့ အခြေအနေတစ်ခု) ဖြစ်နေတဲ့ signal တစ်ခုလို့ သတ်မှတ်ရမှာပါ။
Stochastic oscillator:
ဒီ Indicator ကိုတော့ 0-100% scale တစ်ခု အပေါ်မှာ overvought/oversold အခြေအနေတွေ ဖြစ်ပေါ်လာမှုကို  ညွန်ပြရန် အသုံးပြုပါတယ်။ ဒီ technical momentum indicator ရဲ့ တွက်ထုတ်ပုံကို တော့ နောက် သီးခြား post တစ်ခု အနေနဲ့ ဖော်ပြပါမယ်။ (ဒီမှာတော့ ယေဘုယျ ဖော်ပြပေးတာ ဖြစ်ပါတယ်။)
Period closing prices တွေဟာ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားအတွင်း မှာ ပိုမြင့်တဲ့ အစိတ်အပိုင်း မှာ အာရုံစူးစိုက်လေ့ရှိကြပါတယ် ဆိုတဲ့ အချက်နဲ့ strong up trend တွေ အပေါ်မှာ တည်မှီပြီးတော့  ဒီ indicator ကို အခြေခံ တည်ဆောက်ထားပါတယ်။ ထို့အတူ အပြန်အလှန်အားဖြင့် Period closing prices တွေဟာ သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားအတွင်း မှာ ပိုနိမ့်တဲ့ အစိတ်အပိုင်းမှာ အာရုံစူးစိုက်လေ့ရှိကြပါတယ်ဆိုတဲ့ အချက်နဲ့ Strong downtrend တွေအပေါ်မှာ တည်မှီပြီးတော့ လည်း ဒီ indicator ကို အခြေခံ တည်ဆောက်ထားပါသေးတယ်။ နားတွေ မျက်စေ့တွေ လည်သွားလောက်ပါပြီး အလွယ်ပြောရမယ်ဆိုရင် ဒီ indicator ဟာ Storng trend တွေရဲ့ နောက်ဆုံးအခြေအနေကို တွက်ထုတ်ပေးတဲ့ သဘောပါပဲ။ Stochastic calculations တွေဟာ လိုင်း နှစ်လိုင်း ထုတ်လုပ်ပါတယ်။ %K နဲ့ %D ပါ။ သူတို့ဟာ chart ရဲ့ overbought/oversold areas တွေကို ညွန်ပြပါတယ်။ Stochastic lines တွေအကြား ခြားနားချက်နဲ့ underlying instrument တွေရဲ့ price action တွေဟာ powerful Trading signal တစ်ခုကို ပေးပါတယ်။
Moving Average Convergence Divergence (MACD):
ဒီ indicator ကတော့ momentum lines နှစ်လိုင်း ပါဝင်ပတ်သက်နေပါတယ်။ MACD line ဟာ moving averages ကို နှစ်ဆ မြှောက်ထားတဲ့ လိုင်းနှစ်လိုင်းရဲ့ ခြားနားမှုပါပဲ။ exponential moving averages of the difference ဖြစ်ပြီး signal or trigger line နဲ့ ပြပါတယ်။ အကယ်၍ MACD နဲ့ Trigger lines တွေ cross ဖြစ်ခဲ့လို့ ရှိရင် ဒါကို Trend direction ပြောင်းလဲ မှု တစ်ခု အတွက် ပြတဲ့ signal တစ်ခု ကဲ့သို့ ယူနိုင်ပါတယ်။
Number theory:
Fibonacci number ဆိုတာကတော့ number sequence တစ်ခုပဲ ဖြစ်ပါတယ်။ (1,1,3,5,8,13,21,34,….) ဒါကို ဘယ်လို တည်ဆောက်ထားသလဲ ဆိုတော့ ပထမ+ဒုတိယ=တတိယ စသည်အားဖြင့် ဆက်လက် ပေါင်းသွားတာပဲ ဖြစ်ပါတယ်။ နံပါတ်တစ်ခုနဲ့ သူ့ထက် ဒုတိယ ပိုကြီးတဲ့ နံပါတ် တို့ရဲ့ အချိုး Ratio ဟာ 62% ပါပဲ။ ထင်ရှားတဲ့ Fibonacci retracement number ဖြစ်တဲ့အတွက် အသုံးပြုကြပါတယ်။ 62% ရဲ့ ပြောင်းပြန်ဟာ 38% ဖြစ်ပါတယ်။ ဒါကိုလည်း Fibonacci retracement number အဖြစ် အသုံးပြုကြပါသေးတယ်။
Gann numbers:
W.D. Gann ဆိုတာကတော့ ဈေးကွက်မှာ ဒေါ်လာ သန်း ၅၀ နှင့်အထက် ကို အလုပ်လုပ်နေတဲ့ stock နှင့် commodity trader တယောက်ပါပဲ။ time/price equivalents လို့ သိထားတဲ့ price movement and time အကြားက ဆက်သွယ်ချက်တွေ အပေါ်မှာ အခြေခံတဲ့ trading instruments တွေကို ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေအဖြစ် ရှာဖွေတွက်ထုတ်ပါတယ်။ အဲ့ဒီ နည်းစနစ်တွေကို အသုံးပြုခြင်းဖြင့် သူ့ရဲ့ ငွေကြေးဥစ္စာတွေကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။ Gann’s methods အတွက် နားလည်အောင်ရှင်းပြဖို့ မလွယ်ကူပါဘူး။ သို့သော်လည်း အနှစ်ချုပ်ကို ဖော်ပြရမယ်ဆိုရင် သူဟာ charts ထဲက angles တွေကို support and resistance areas တွေကို သတ်မှတ်ဖို့ရန် နဲ့ အနာဂတ် trend ပြောင်းလဲမယ့် အချိန်တွေကို ခန့်မှန်းရန် အတွက် အသုံးပြုပါတယ်။ သူဟာ support and resistance areas တွေကို ခန့်မှန်းရန် charts တွေထဲက lines တွေကိုလည်း အသုံးပြုပါတယ်။
Waves
Elliott wave theory: The Elliott wave theory is an approach to market analysis that is based on repetitive wave patterns and the Fibonacci number sequence. An ideal Elliott wave patterns shows a five-wave advance followed by a three-wave decline.
Elliott wave theory ဆိုတာကတော့ market ကို analysis လုပ်ဖို့ အတွက် ချည်းကပ်နည်းကောင်း တစ်ခုပါပဲ။ ထပ်ခါတလဲလဲ ဖြစ်နေတဲ့ wave patterns တွေ၊ Fibonacci number sequence တွေနဲ့ အခြေခံထားတာဖြစ်ပါတယ်။ စံပြ Elliott wave patterns တွေဟာ five-wave တစ်ခု လှမ်းပြီး three-wave တစ်ခုက ဆုတ်တဲ့ အနေနဲ့ နောက်ကလိုက်ပါတယ်။
Gaps
Gaps ဆိုတာကတော့ Bar chart အပေါ်မှာ ဘာ trading မှ မဖြစ်ခဲ့တဲ့ နေရာ တွေပါပဲ။ Trading day တစ်ရက် မှာ အနိမ့်ဆုံး ဈေး (lowest price) ဟာ အရင်ရက်က အမြင့်ဆုံး ဈေးထက် ကို ပိုမို မြင့်မား နေတဲ့ အခါမှာ Up gap တစ်ခု ဖြစ်ပေါ်တက်ပါတယ်။ အလားတူပဲ ယနေ့ အမြင့်ဆုံး ဈေးဟာ ယမန်နေ့ က အနိမ့်ဆုံးဈေးထက် နိမ့်ကျနေတဲ့ အခါမှာလည်း Down gap တစ်ခု ဖြစ်ပေါ်တက်ပါတယ်။ Up gap ဟာ အများအားဖြင့် market strength ကို ပြပြီးတော့ Down gap ကတော့ market weakness ကို ညွန်ပြလေ့ ရှိပါတယ်။
Breakaway gap ကတော့ important price pattern တစ်ခု ဖြစ်ပြီး တဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ price gap တစ်ခုဖြစ်ပြီးတော့ အရေးကြီးတဲ့ price move ရဲ့ အစမှာ ဖြစ်ပေါ်လေ့ ရှိတဲ့ signals တွေပဲ ဖြစ်ပါတယ်။ Runaway gap ကတော့ important market trend ရဲ့ အလယ် မှာ ဖြစ်ပေါ်လာလေ့ ရှိတဲ့ price gap ပါ။ Exhaustion gap ကတော့ important trend တစ်ခုရဲ့ အဆုံးမှာ ဖြစ်ပေါ်လေ့ရှိတဲ့ price gap ဖြစ်ပြီးတော့ trend ဟာ ပြီးဆုံးနေပြီးဆိုတာကို ပြသတဲ့ signals တွေပဲ ဖြစ်ပါတယ်။
Trends
Trend ဆိုတာကတော့ prices တွေရဲ့ direction ကို ကိုယ်စားပြုပါတယ်။ မြင့်တက်လာတဲ့ ထိပ်စွန်းဖျား Higher High တွေ နဲ့ Higher low တွေဟာ Up trend ကို ကိုယ်စားပြုပြီးတော့ နိမ့်ကျသွားတဲ့ Lower High နဲ့ Lower Low တွေဟာ Downtrend လို့ သတ်မှတ်ပါတယ်။ current trend ရဲ့ မတ်စောက်မှုတွေကို လည်း သတ်မှတ်လေ့ ရှိပါတယ်။ Trend line တစ်ခုကို Break ဖြစ်သွားတဲ့ Signals ဟာ trend reversal ပါပဲ။ ရေပြင်ညီ ထိပ်စွန်းတွေနဲ့ အောက်စွန်း တွေဟာ Trading range တစ်ခု ကို ကိုယ်စားပြုပါတယ်။ Price information တွေကို smooth ဖြစ်ရန် အသုံးပြုရတဲ့ moving averages တွေကို trends နှင့် support and resistance levels တွေအဖြစ်နဲ့ လည်း အသုံးပြုနိုင်ပါတယ်။ Moving averages တွေဟာ trading strategy တစ်ခု အပေါ်မှာ ဆုံးဖြတ်ချက်ချရာမှာ အသုံးပြုပါတယ်။  အထူးသဖြင့် အနာဂတ် Trading သို့မဟုတ် market ဟာ strong up လား၊ down trend လားဆိုတာတွေကို ဆုံးဖြတ်ချက် ချပေးရာမှာ အသုံးဝင်ပါတယ်။

အသုံးအများ ဆုံး Technical tools တွေကတော့
Coppock Curve
Coppock Curve ဆိုတာ bear market lows တွေကို ခန့်မှန်းရန် အတွက် technical analysis ထဲမှာ အသုံးပြုမယ့် investment tool တစ်ခုပဲ ဖြစ်ပါတယ်။
DMI (Directional Movement Indicator)
DMI (Directional Movement Indicator) ကတော့ currency pair တစ်ခု ဟာ Trending ဖြစ်တယ် မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်ရန် အသုံးပြုတဲ့ ထင်ပေါ်ကျော်ကြားတဲ့ technical indicator တစ်ခု ဖြစ်ပါတယ်။
Fundamental analyst သမား နဲ့ မတူပဲ technical analyst သမား ဟာ ဈေးကွက် ကို သက်ရောက်စေမယ့် ဘယ် bigger picture factors တွေနဲ့မှ ပတ်သက် ဆက်စပ်မှု မရှိတာပါပဲ။ သို့သော်လည်း ဈေးကွက် ရဲ့ လှုပ်ရှားမှု အပေါ်မှာတော့ အာရုံစူးစိုက်ထားရှိဖို့ တော့လိုပါတယ်။

Fundamental analysis
Fundamental analysis ဆိုတာက တော့ အနာဂတ် ဘဏ္ဏာရေးဆိုင်ရာ instrument တွေရဲ့ price movements တွေကို ကြိုတင်ခန့်မှန်းတဲ့ နည်းစနစ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ financial instrument တွေဟာ ဘာတွေအပေါ်မှာ အခြေခံသလဲ ဆိုတော့ စီးပွါးရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ဘဏ္ဏာရေးဆိုင်ရာ instruments နဲ့ ပတ်သတ်တဲ့ အရောင်းအ၀ယ် တွေပေါ်မှာ အခြေခံ သက်ရောက်စေတဲ့ အခြားသက်ဆိုင်ရာ အကြောင်းရင်းများ နှင့် စရင်းဇယားများ အပေါ်မှာ အခြေခံပါတယ်။ market players အများစုဟာ သူတို့ရဲ့ trading strategy တွေကို သုံးတဲ့အခါမှာ ဈေးကွက်ကို ဆုံးဖြတ်ချက်ချဖို့ရန် fundamental analysis နှင့်အတူ တွဲဖတ်၍ technical analysis ကို အသုံးပြုပါတယ်။ Technical analysis ရဲ့ အားသာချက် တစ်ခုကတော့ အတွေ့အကြုံ ရင့်ကျတ်တဲ့ analysts သမားဟာ prices နဲ့ market instruments တွေ နောက်ကို လိုက်ပါ နိုင်ပါတယ်။ ဒီအချိန်မှာ fundamental analyst သမားကတော့ ဈေးကွက်ကို ရင်းနှီးစွာ အထူးသိဖို့ လိုအပ်သလို သူဟာ ဈေးကွက်ထဲမှာ ဘာတွေ ဖြစ်သင့်တယ်ဆိုတဲ့ အပေါ်မှာ focuses ယူပါတယ်။
Price analysis ထဲမှာ ပါဝင်ပတ်သတ်နေတဲ့ factors တွေကတော့ ရောင်းလိုအားနဲ့ ၀ယ်လိုအား Supply and demand, ရာသီ အလိုက် ဖြစ်ပေါ်ပြောင်းလဲ မှုများ seasonal cycles, မိုးလေ၀သ weather နဲ့ အစိုးရတွေရဲ့ စည်းမျဉ်း ဥပဒေသများ government policy တွေ ပါဝင်ပါတယ်။ Fundamentalis သမားများဟာ ဈေးကွက် လှုပ်ရှားစေတဲ့ အကြောင်းတရားများကို လေ့လာနေစဉ်မှာပဲ technician သမားများကတော့ ဈေးကွက် အကျိုးသက်ရောက်မှု များကို လေ့လာနေပါတယ်။ Fundamental analysis သည် အလွန်သိမ်မွေ့သည့်အပြင်  စံသတ်မှတ်ချက်များ အပေါ် အခြေခံပြီး ဘယ်လို အခြေအနေမှာ trading လုပ်သင့်သည့် currency တစ်ခုကို ဘယ်နေရာမှာ အကဲဖြတ်ရမယ်ဆိုတဲ့ နည်းဗျူဟာ တစ်ခု လည်း ဖြစ်ပါတယ်။  သို့သော်လည်း currency ရဲ့ price ဟာ သူကိုယ်တိုင် movement ဖြစ်အောင် လုပ်နေတာကို လည်း သိထားရပါမယ်။  ဒီ စံသတ်မှတ်ချက် တွေ ထဲမှာ မကြာခဏ နိုင်ငံရဲ့ economic condition တွေ ဖြစ်တဲ့ ငွေကြေးဆိုင်ရာ ကိုယ်စားပြုမှုများ၊ ငွေကြေးဆိုင်ရာ မူဝါဒ တွေနဲ့ အခြားသော fundamental elements တွေ ပါဝင်ပါတယ်။ အမြတ်ရရှိစေတဲ့ Trades အများစု ကို အဓိက စီးပွါးရေး ကြေငြာချက်တွေ ထွက်ပြီးနောက် အချိန်တိုအတွင်း  အချိန်အနည်းငယ် စော၍ ပြုလုပ်နိုင်ပါတယ်။ ဒါကတော့ Fundamental Analysis ရဲ့ အခြေခံ အကြောင်းများပဲ ဖြစ်ပါတယ်။  

****Nonentity Trader