Sunday, May 24, 2015

ဝယ်လိုအား ဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား။ ရောင်းလိုအားဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား…။

ဝယ်လိုအား ဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား။ ရောင်းလိုအားဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား…။
------------------------------------------------------------------------------------------------------------
Supply or Demand zone တွေဟာ ဆက်လက်တည်ရှိနေမယ်.. သို့မဟုတ် break ဖြစ်သွားနိုင်ဖို့ အလားအလာ ရှိတယ် ဆိုလျှင် ဒါကို ဘယ်လိုပြောမယ်ဆိုတာကို သိဖို့ အတွက် ကျွန်တော်တို့ စောင့်နေပါတယ် ဆိုတဲ့ အကြောင်းကို များစွာသော Traders တွေဟာ ရှိလာပါတယ်..။ နားလည်ဖို့ကတော့ ဒါဟာ trading အတွက် တွေးတော နိုင်မှုပဲ ဖြစ်ပါတယ်..။ ၀ယ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ရောင်းတဲ့အခါမှာပဲ ဖြစ်ဖြစ် ပိုမိုကြီးမားတဲ့ အမြတ်များများ နဲ့ ချမ်းသာမှုကို ဖြစ်စေဖို့ အခွင့် အရေးပေးတဲ့ အခါမှာ မှားယွင်းတဲ့ အချိန်မှာ ရောင်းမိတယ် သို့မဟုတ် ၀ယ်မိတယ် ဆိုရင် ကျွန်တော်တို့ ဟာ ငွေတွေကို ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်..။
ကျွန်တော်တို့ ဟာ ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်မှုကံကြမ္မာ ရဲ့ အရေးပါဝင်မှုကို ကြောင့်ကြ ရမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ ရယူသင့်တဲ့ အကောင်းဆုံး Trade တွေကို ရှာဖွေရန် နှင့် အားနည်းတဲ့ အခွင့်အရေးတွေကို စစ်ထုတ်နိုင်တဲ့ နည်းလမ်း တခုကဲ့သို့ ကျွန်တော်တို့ ရဲ့ အောင်မြင်မှုကံကြမ္မာရဲ့ အရေးပါမှုကို ကြောင့်ကြမိတာ ဖြစ်ပါတယ်..။ သို့သော်လည်း Supply and Demand ကို အသုံးပြုခြင်းရဲ့ နည်းဗျူဟာ ဟာ အခြားသော နည်းဗျူဟာတွေ နှင့် နှိုင်းစာရင် ရိုးရှင်းပါတယ်..။ Traders တွေနဲ့ investors တွေအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ Trading အခွင့်အရေးတစ်ခုဟာ ဈေးကွက်ထဲက အမြဲတမ်းလှည့်နေတဲ့ အမှတ်တွေ မဟုတ်ဘူး ဆိုတာကို တော်တော် များများ ကောင်းကောင်းသိကြပါတယ်..။ သို့သော်လည်း အသိပညာ နှင့် လေ့ကျင့်မှုတို့နဲ့ အတူ အဲ့ဒီ အခွင့်အရေးတွေကို အသုံးပြုလိုက်တာဟာ ဒုတိယ သဘာဝ ဖြစ်လာပြီးတော့ ဈေးကွက်ထဲက ကျွန်တော်တို့ရဲ့ အပြောင်းအလဲ မရှိခြင်း တွေကို ယေဘုယျအားဖြင့်တော့ တိုးတက်လာစေတာပါပဲ..။
အောင်မြင်မှုကံကြမ္မာ တစ်ခုအနေနဲ့ ဖေါ်ပြရတော့မည် ဆိုရလျှင် strength အားကောင်းတဲ့ Zone တစ်ခုကို သတ်မှတ်ပြီးသော အခါ အဲ့ဒီ Zone ကနေ price ဟာ ဘယ်လို ချန်ထားခဲ့လဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်တာပါပဲ..။ ရေတစ်ဖန်ခွက်ကို စားပွဲပေါ်တင်ပြီးတွေးကြည့်ပါ..။ အပူလောင်နိုင်လောက်အောင် ပူနေတဲ ရေတွေ ဖြည့်ထားတဲ့ ဖန်ခွက်ဆိုရင် ဖန်ခွက်ကို ရုတ်တရက် ကိုင်မိတယ် ဆိုလျှင် ကျွန်တော်တို့ဟာ အလွန် လျှင်မြန်စွာပဲ ဆုပ်ကိုင်ထားတာကို လွတ်ချဖို့ ကို အလားအလာ ရှိနေပါတယ်..။ သို့သော်လည်း ဖန်ခွက်ဟာ အခန်းအပူချိန်မှာ ရှိတဲ့ ရေကို ဖြည့်ထားတယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဟာ ဖန်ခွက်ကို ကိုင်ထားပြီး ကြာရှည်စွာ ကျွန်တော်တို့ နှစ်သက်သလို ပြုမူတော့မှာ ဖြစ်ပါတယ်..။ အဆင်ပြေမယ်ဆိုရင် တစ်ငုံချင်းစီတောင် စုပ်သောက်နေဦးမှာပါ..။
price ဟာလည်း တူညီတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်ပါတယ်.။ Traders တွေဟာ Supply and Demand Zone ရဲ့ မူလ ဇစ်မြစ်ကို ချန်ထားခဲ့တဲ့ price မှာရှိတဲ့ Strength အား အပေါ်မှာ အာရုံစိုက်ရန် လိုအပ်ပါတယ်..။ price ဟာ လျှင်လျှင် မြန်မြန် ချန်ထားခဲ့မယ် ဆိုရင် ဒါဟာ ဘာပြသလဲ ဆိုတော့ Supply and Demand တို့ရဲ့ imbalance ကြီးကြီးမားမား ဖြစ်တာကိုပါပဲ ..။ ဒါဟာ အားကောင်းတဲ့ Stronger Zone တစ်ခုပါပဲ..။
ပူးတွဲပါ Chart 1 ကို ကြည်နေလိုက်ပါ..။ ကျွန်တော်တို့ မြင်နိုင်တာကတော့ Demand ဖြစ်ပေါ်လာတဲ့ အခါ ကြီးမားတဲ့ Green Candles နှင့် demand zone ကိုကျွန်တော်တို့ ချန်ထားခဲ့ရတယ် ဆိုတာပါပဲ..။ ဒီ အဓိပ္ပါယ်ကတော့ ဒါဟာ buyers တွေဟာ sellers တွေထက် ပိုမို stronger ဖြစ်တဲ့ ဧရိယာ တစ်ခုပါပဲ..။ ဖန်ခွက်ဟာ ပူနေတာပေါ့နော်..။ price ဟာ အဲ့ဒီ level ကို ပြန်လှည့်လာသောအခါ ကျွန်တော်တို့ဟာ မြင့်မာတဲ့ အဖြစ်နိုင်ဆုံး ၀ယ်ဖို့ အခွင့်အရေး ကို လက်ခံရရှိမှာပါ..။ သည်နောက်မှာတော့ sellers တွေဟာ ဒီနေရာမှာ အားနည်းသွားပါပြီး ပြီးတော့ price ဟာ ထက်မံ ပြန်လည် မြင့်တက်သွားဖို့ အလာအလာ ရှိနေတာပါပဲ..။
အကယ်၍ ကျွန်တော်တို့ Price ဟာ အဲ့ဒီနေရာကို ဖြေးညှင်းစွာ ချန်ထားခဲ့မယ် ဆိုရင် ဘာဖြစ်မလဲ..။ ကျွန်တော်တို့ဟာ သေးငယ်တဲ့ candles တွေ ဒါမှမဟုတ် red and green candles တွေကို ရောနှောပြီး မြင်ရပါလိမ့်မယ်..။ ၀ယ်သူ နဲ့ ရောင်းသူ စစ်ပွဲဟာ ပုံမှန် လှပနေပါတယ်..။ ပြီးတော့ အဓိကကျတဲ့ အရေးသာမှု ဘယ်ဘက်မှာမှ မရှိသေး ပါဘူး..။ အဲ့ဒီ Zone ထဲမှာ ရှင်းလင်းတဲ့ လားရာ Clean direction မရှိပါက prices ဟာ လျှင်မြန်စွာ Bounce ဖြစ်ဖို့ရန် အလားအလာ ဟာ အလွန်နည်းပါတယ်..။ Chart 2
Supply Zones တွေ အတွက်လည်း ဒီအတိုင်းပဲ ပြောနိုင်ပါတယ်..။ ဒီ Zone မှာ လည်းပဲ ကျွန်တော်တို့ကို ဖြစ်နိုင်ခြေ များတဲ့ ရောင်းဖို့ အခွင့်အရေး တစ်ခုကို ကမ်းလှမ်းပါတယ်..။ ဒီ Level မှ မြန်မြန်ဆန်ဆန် ကျဆင်းသွားမှု တစ်ခကို မြင်ရန် တော့ လိုအပ်ပါတယ်..။ ဥပမာ - Chart ပေါ်မှာ ထူးခြားတဲ့ သွင်ပြင်လက္ခဏာ အဖြစ် ကြီးမားတဲ့ red candles တွေ၊ အောက်သို့ကျနေသော gaps များ နှင့် ပထမ တန်းစား tails မျာရှိတဲ့ candles တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်.။ Chart 3
ဒီ ဖြစ်ပေါ်မှုတွေ မမြင်ရဘူး ဆိုရင် အဲ့ဒီ levels တွေမှာ ရောင်းနေဖို့ဆိုတာ အောင်မြင်ဖို့အတွက် အလား အလာကောင်းတစ်ခု မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ သိထားရမှာ ဖြစ်ပါတယ်..။ Chart 4
ဒါဟာ ယေဘုယျအားဖြင့် Supply and Demand Zone ကို ရှာဖွေပြိး အောင်မြင်မှု ကံကြမ္မာ တစ်ခုကို သိမှတ် လေ့လာရတာ ဖြစ်ပါတယ်..။ အောင်မြင်ဖို့အတွက် အခွင့်အရေးတွေ တိုးပွားစေရန် ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်..။ Trading မှာ ဘယ်ဈေးကွက်မဆို နှင့် ဘယ် Timeframe မှာမဆိုပေါ့ အသုံးပြုလို့ရပါတယ်..။ ကျွန်တော်တို့ ထိုထက်ပိုပြီးလေ့လာ အသုံးပြုနိုင်ရဦးမှာပါ..။




My Trading Plan (For Beginner)



My Trading Plan (For Beginner)
Plan for Winning trading plan Master Plan တည်ဆောက်ခြင်း
သတိပေးစာ ..။ ဘယ်နေရာပဲဖြစ်ဖြစ် အမြဲတမ်း သင့်ကို သတိရဖို့ လုပ်ဆောင်ရမှာကတော့
“ ချမ်းသာချင်ရင် Trading Plan ကိုဖတ်ပါ။ ” ဆိုတဲ့ စာတန်းကို မြင်သာ ထင်ရှားသော နေရာတွင်ထားပါ။ ပြောထားတဲ့ အတိုင်းလုပ်လိုက်ပါ။
“ ချမ်းသာချင်ရင် Trading Plan ကိုဖတ်ပါ။” ဆိုတဲ့ သတိပေးစာ အရ သင်ဟာ ယခု Trading Plan ကို ဖတ်နေပါပြီ..။ အခု နောက်တခု ပြောချင်တာကတော့ ဤ Trading Plan ကို ဖတ်ပြီးရင် ဒီ အထဲက ရေးသားထားတဲ့ အတိုင်း တသဝေ မတိမ်း ပြုလုပ်ရပါမယ်..။
ဆက်ဖတ်ပါ - အောက်ပါအချက်တွေကို သဘောပေါက်အောင် စိတ်ခံစားပြီး ဖတ်ပါ..။ အကြမ်းဖျဉ်း မှတ်ထားပါ။
အောင်မြင်ဖို့အတွက်
Money management = 30%
A.    Risk and Reward Ratio
B.    Trade အလိုက် ငွေရင်းမှ Risk ထားမည့် ရာခိုင်နှုံး
C.    နေ့အလိုက်၊ အပတ်စဉ်၊ လစဉ် Risk ထားမည့် ရာခိုင်နှုံး
D.    Trade အလိုက် Profit Target
E.     Daily, Weekly, Monthly and Year Profit Target
Strategies = 15% (မိမိနှစ်သက်ရာက နည်းဗျူဟာ သုံးနိုင်ပါသည်။)
A.    Supply and Demand (ပထမဦးစားပေး)
B.    Supply and Demand (ဒုတိယ ဦးစားပေး)
C.    Supply and Demand (တတိယ ဦးစားပေး)
State of Mind = 55%
A.    Trade တစ်ခု မှာ ငွေရရှိဖို့ အာမခံတဲ့ နည်းလမ်း မရှိပါဘူး ဆိုတာ မှတ်ပါ။
B.    Trading ကို စီးပွါးရေး တစ်ခုကဲ့သို့ ဆက်ဆံ ထိတွေ့ပါ..။
C.    Plan ဆွဲထားတဲ့ အတိုင်း တသဝေမတိမ်း ဆောင်ရွက်ပါ..။
D.    Plan မှ လွတ်ကင်း၍ လုံးဝ (လုံးဝ) Trade မလုပ်ရ..။
E.     အမြတ်တွေကို ဆက်လက်ခွင့်ပြုခြင်း အားဖြင့် စီးဆင်းစေ၍ အရှုံးတွေကို တိုတိုနဲ့ ဖြတ်ရန်..။
F.     အချို့သော စစ်ပွဲလေး တွေမှာ ရှုံးရနိုင်တယ်..။ ဒါပေမယ့် စစ်ပွဲကြီး မှာ နိုင်ရမယ်.။
G.    မိမိရဲ့ Plan အပေါ်မှာ ယုံကြည်ချက် အပြည့်ရှိရမယ်..။ ယုံကြည်မှု လွန်ကဲ တာမျိုးတော့ မဖြစ်ရ..။

1.     ကျွမ်းကျင်စွာ အကဲဖြတ်ခြင်း - Skill Assessment
ကိုယ့်ကိုယ်ကို ပြန်မေးလိုက်ပါ။
A
Trade လုပ်ဖို့ အဆင်သင့်
ဖြစ်
မဖြစ်

B
System တွေကို paper trading ဖြင့် စစ်ဆေး
ပြီး
မပြီး

C
ကိုယ့်ကိုယ်ကို စိတ်ချယုံကြည်မှု
ရှိ
မရှိ

D
Signals တွေနောက်ကို လိုက်ဖို့ တုံ့ဆိုင်းခြင်း ချီတုံချတုံ
ဖြစ်
မဖြစ်

E
ငွေတွေကို ဆုံးရှုံးစေနိုင်တဲ့ အမှားတွေ မလုပ်မိအောင် နေနိုင်ခြင်း
ရှိ
မရှိ

F
Traders အများစု အနားယူနေချိန်တွင် အမြတ်တွေ ရယူဖို့ အဆင်သင့်
ရှိ
မရှိ

2.     စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း - Mental Preparation
ကိုယ့်စိတ်ကို ပြန်ကြည့် သေသေချာချာ  ပြန်လည် စစ်ဆေးလိုက်ပါ။

A
စိတ်ထဲမှာ ပေါ့ပါးနေမှု
ရှိ
မရှိ

B
ညဖက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း
ရှိ
မရှိ

C
ရှေ့လာမယ့် အဖြေတွေ အတွက် ခံနိုင်ရည်
ရှိနိုင်
မရှိနိုင်

D
စိတ်ထိခိုက်လွယ်ခြင်း
ရှိ
မရှိ

E
Market ထဲဝင်ဖို့ စိတ်ဓါတ်ရေးရာ အဆင်သင့်
ဖြစ်
မဖြစ်

F
လိုအပ်ပါက တစ်နေ့တာ အနားယူ
နိုင်
မနိုင်


3.     Risk Level ထားပါ - Set Risk Level
A.    တစ်နေ့တာ အတွက် ထားမယ့် Risk အများဆုံး ငွေရင်းရဲ့ 5 % ထားပါ့မယ်.။ ဒါဟာ လောဘ နည်းနည်း ကြီးထားတာ ဖြစ်ပြီး Demo Trading နဲ့ စမ်းသပ်ပြီး အဆင်မပြေလို့ ရှုံးနိုင်ချေ များလို့် ထပ်လျော့ မှ အဆင်ပြေမယ် ဆိုရင် ထပ်လျော့ ရမယ်။ အခြား မတိကျသော အကြောင်းပြချက်များဖြင့် လမ်းကြောင်းသွေဖီ မသွားရ။
B.    တနေ့ ၀င်မယ့် Trades ကို တပြိုင်နက် အများဆုံး 3 Trades ထက် ပိုမထားရ ဟု သတ်မှတ်ပါတယ်..။ ၀င်ထားပြီးတဲ့ Trade ထွက်သွားလျှင် ထပ်ဝင်နိုင်တယ်.။ သို့သော် တနေ့တာ 5% Risk ထက် မပိုရ။ အဓိပ္ပါယ်မှာ မြတ်လျှင် ထပ်ဝင်နိုင်သည့် သဘောဖြစ်တယ်။
C.    Trades တစ်ခုအတွက် Risk အများဆုံး ဟာ  2 % or 5/3 % ဖြစ်ပါမည်။
D.    တစ်နေ့ တာအတွင်း အထက်ပါအတိုင်း ဆုံးရှုံးခဲ့မယ် ဆိုရင် Trading Desk မှ ထွက်ပြီး အနားယူလိုက်ပါ။


 4. ရည်ရွယ်ချက် ပန်းတိုင် ထားပါ - Set Goals
ပထမ အဆင့် - Risk & Reward ratio ကို 1:3 ထားပါ။ ၄င်း အချိုး ရနိုင်သော Entry point များကို ရှာပါ။ Long Time Frame အတွက် ဖြစ်သည်။ Stop Loss ကို မရွှေ့ပဲ ထားနိုင်ရမည့် Trade မျိုးဖြစ်သည်။(Traders အများစုဟာ အနည်းဆုံး လျာထားချက် အမြတ်ဟာ အရှုံးထက် သုံးဆ မရှိပဲနဲ့ trade တစ်ခုကို ၀င်မှာ မဟုတ်ပါဘူး..။)
ဒုတိယ အဆင့် - Risk & Reward ratio 1:2 & above ရနိုင်သော Entry point များကို ရှာပါ။ Medium Time frame အတွက် ဖြစ်သည်။Profit ရသည့် အချိန်တွင် လိုအပ်ရင် Stop ကို ရွှေ့ပေးရမည်။
တတိယ အဆင့် - Risk & Reward ratio 1:1 & above ရနိုင်သော Entry point များကို ရှာပါ။ Short Time Frame အတွက် ဖြစ်သည်။ Profit ရသည့် အချိန်တွင် လိုအပ်ရင် Stop ကို ရွှေ့ပေးရမည်။
(ဒုတိယ အဆင့် နှင့် တတိယ အဆင့်သည် ပထမအဆင့် သုံးလို့ မရသည့် အခါမှသာ သုံးမည်။)

For, Trades, Risk & Reward About,  Profit per Trade, Total Profits We Can
For
Trades
Risk & Reward About
Profits Per Trade
Total Profits We Can
Trade
One
လျာထားချက်
6%
6%
One day
Three
Three တွင် Two Win, One Lose =  12%win, 2%Lose
6%
10%
One Week
15 Trades
5 Days တွင် Four Win, One Lose = 40%win, 5%Lose
6%
35%
One Month
60 Trades
4 Weeks တွင် Three Win, One Lose = 105%win, 25%Lose
6%
80%
3 Month
180 Trades
…………………………………………..
6%
240%
1 Year
720 Trades
…………………………………………..
6%
960%
အထက်ပါ တွက်နည်းသည် Profits ကြောင့် ထပ်တိုးလာမည့် ငွေရင်း ရဲ့ အမြတ်များ မပါဝင်သေးပါ..။ အနည်းဆုံး ထားရမည့် Traget ဖြစ်သည်။ ထိုအတိုင်းမရရင် မလုပ်ရ။
5.     ကျွန်တော်တို့ရဲ့ အိမ်စာတွေကို လုပ်ပါ - Do Your Homework
Homework
A. ပြည်ပဈေးကွက်တွေဟာ တက်နေလား ကျနေလား ..။
B. The S&P 500 or Nasdaq 100 exchange-traded funds ကဲ့သို့သော အနာဂတ် ရည်ညွန်းကိန်း တွေဟာ အကြို ဈေးကွက် ထဲမှာ တက်နေသလား ကျနေသလား..။
C. စီးပွါးရေး သို့မဟုတ် လုပ်ခလစာ ဘယ်လို အချက်အလက်တွေဟာ ဘယ်အချိန် မှာ ထွက်ပေါ်လာမလဲ.ပေါ့.။
D. ကျွန်တော်တို့ ရဲ့ အရှေ့မှာ စာရင်းတစ်ခု ချိန်ဆွဲထားပြီးတော့ အရေးကြီးတဲ့ စီးပွားရေး သတင်းပို့ချက် တစ်ခု မတိုင်မှီ Trade လုပ်ချင်ပါက  ဆုံဖြတ်ချက် ချပါ..။ Trader အများစု အတွက် report ထွက်လာသည့်တိုင်အောင်စောင့်တာက မလိုအပ်တဲ့ ဆုံးရှုံးမှုတွေကို ရယူတာထက် ပိုမို ကောင်းမွန်ပါတယ်..။
E.  Pros တွေဟာ probabilities အပေါ်အခြေခံ၍ Trade လုပ်ကြပါတယ်..။ သူတို့ဟာ လောင်းကစား မလုပ်ကြပါဘူး..။
  6. Trade ပြင်ဆင်ခြင်း - Trade Preparation
Trade လုပ်ဖို့ အတွက် ပြင်ဆင်ရန်
A
Trade လုပ်မယ့် နေရာကို သတ်မှတ်
ပြီး
မပြီး

B
Trade လုပ်မယ့် ကွန်ပြူတာ အဆင်သင့် ဖြစ်
ပြီး
မဖြစ်ပြီး

C
ကွန်ပြူတာပေါ်မှာ Trading Software အဆင်သင့်
ရှိပြီး
မရှိသေး

D
Trading Software တွင် မိမိ အသုံးပြုမည့် Strategy
ရှိ
မရှိ

E
အသုံးပြုမည့် Strategy နှင့် အကျွမ်းတ၀င် ရှိပြီး
ဖြစ်
မဖြစ်

F
Support and Resistance Levels တွေကို ထင်ရှားစေရန် ပြုလုပ်ရမည့် နည်းလမ်း ရှာဖွေလုပ်ဆောင်
ပြီး
မပြီး

G
Major and minor label တွေကို ထင်ရှားစေဖို့ နည်းလမ်း ရှာဖွေ လုပ်ဆောင်
ပြီး
မပြီး

H
Entry and exit signals တွေကို ထင်ရှားစေဖို့ နည်းလမ်း ရှာဖွေ လုပ်ဆောင်
ပြီး
မပြီး

I
Entry and exit signals တွေကို Alerts တွေနဲ့ ထားနိုင်ဖို့ ကျွမ်းကျင်မှု
ရှိ
မရှိ

J
သေသေချာချာ ပြုလုပ်ထားတဲ့ signals တွေ အားလုံးဟာ အလွယ်တကူ မြင်နိုင်အောင် သို့မဟုတ် ကြည်ကြည်လင်လင် မြင်လွယ် ကြားလွယ် ရှာဖွေတွေ့ရှိနိုင်အောင် ပြုလုပ်
ပြီး
မပြီး

K
Trading area ဟာ စိတ်ပျံ့လွင့်စေခြင်း မရှိတဲ့ နေရာ
ဖြစ်
မဖြစ်

L
ဒါဟာ စီးပွါးရေး လုပ်တာ ဖြစ်တယ် ဆိုတာကို သတိထား
နိုင်
မနိုင်

M
စိတ်ပျံ့လွင့် စေခြင်း မရှိစေရန် ထိမ်းချုပ်
နိုင်
မနိုင်

7.     ထွက်ရမည့် စည်းကမ်းဥပဒေ ထားခြင်း - Set Exit Rules
Exit Rule
A
Exit လုပ်ဖို့အတွက် အာရုံ စူးစိုက်မှု
ရှိ
မရှိ

B
Entry ကဲ့သို့ ကြိုးပမ်း အားထုတ်မှု
ရှိ
မရှိ

C
ဘယ်အချိန်မှာ Exit လုပ်မလဲ ဂရုစိုက်မှု
ရှိ
မရှိ

D
ဘယ်နေရာမှာ Exit လုပ်မလဲ ဂရုစိုက်မှု
ရှိ
မရှိ

E
ဈေးကျနေရင် ၀ယ်ထားတာတွေ ပြန်ရောင်း
နိုင်
မနိုင်

F
ဈေးတက်နေရင် ရောင်းထားတာတွေ ပြန်ဝယ်
နိုင်
မနိုင်

G
Stop ကိုထိသွားတာ ဟာ ကျွန်တော်တို့ မှားနေတယ် ဆိုတဲ့ အဓိပ္ပါယ် ဆိုတာ
သိ
မသိ

H
ငွေကြေးစီမံခန့်ခွဲခြင်း နှင့် အရှုံးတွေကို ကန့်သတ်ခြင်းဖြင့် အမြတ်တွေ
ရှာနိုင်
မရှာနိုင်

I
Trade ထဲကို မ၀င်ခင် ထွက်ရမည့်နေရာကို
သိ
မသိ

J
Trade မ၀င်ခင် လားရာ ဆန့်ကျင်သွားမယ် ဆိုရင် Stop Loss ကို ဘယ်နေရာမှာ ထားမလဲဆိုတာ ကိုချရေး
ပြီး
မပြီး

K
Trade တိုင်းမှာ Profit target
ထားပြီး
မထားပြီး

L
စိတ်ကူးယဉ် Stop တွေကို အားထားခြင်း
ရှိ
မရှိ

M
Profit target ရောက်ရင် တချို့တ၀က်ကို ခွဲ ထွက်ရန် (ဤနေရာတွင် သေချာ တွက်ချက်ရန် RRR ကို ဘယ်လို အချိုးနဲ့ ပြန်ပြောင်းနိုင်မလဲ .. ဖြစ်နိုင်ချေ အရှိဆုံး RRR ကိုထားပြီး မျှော်မှန်းထားသော Profit ရပြီးလျှင် တချို့ တစ်ဝက်ထွက်မလား ..။ သို့ မဟုတ် မထွက်ပဲနဲ့ ဆက်ထားမလား..။ Stop ကို ရွှေ့မလား.. တစ်ခုခု လုပ်ရမှာ ဖြစ်တယ်..။ Software နဲ့ ဘယ်လို ထိမ်းလို့ရနိုင်မလဲ ရှာဖွေရန်..။)
ရှိ
မရှိ

N
Risk ကို ကြိုတင်သတ်မှတ် ထားခြင်း
ရှိ
မရှိ

M
Stop Loss ဖြင့်ထွက်ခဲ့ရင် သတ်မှတ်ထားတဲ့ Risk ထက် ကျော်လွန်ခြင်း လုံးဝ
ရှိရန်
မရှိရန်

8. ၀င်ရမည့် စည်းကမ်းဥပဒေကို သတ်မှတ်ခြင်း - Set Entry Rules
Set Entry Rule
A.    ၀င်ရမယ့် Entry Point တွေကို အသုံးပြုမယ့် Strategy ဖြင့် နည်းစနစ်တကျ သတ်မှတ်ထား ရမယ်။
B.    ကွန်ပြူတာတွေနဲ့ Trade လုပ်လို့ရအောင် ကြံဆောင်ရမယ်..။
C.    Auto Trading Program တွေ ရေးဆွဲ လေ့လာရမယ်..။
9. ပိုမိုကောင်းမွန်သော မှတ်တမ်းများကို ထိမ်းသိမ်းခြင်း - Keep Excellent Records -
Keep Excellent Records
A.    Trade တစ်ခု ၀င်တာနဲ့ ဘယ်လိုဝင်လဲ မှတ်တမ်း တင်ပါ
B.    Trade တစ်ခု ထွက်တာနဲ့ ဘယ်လို ထွက်သွားလဲ မှတ်တမ်းယူပါ
C.    ရှုံးရှုံး နိုင်နိုင် မှတ်တမ်း တင်ပါ
D.    အသေးစိပ် မှတ်တမ်းယူပါ

10. Post-mortem တစ်ခု ပြီးမြောက်စေခြင်း - Perform a Post-Mortem
Post-mortem
A.    တစ်ရက်ပြီးတိုင်မှာ Trading journal ရေးပါ။
B.    ကောက်ချက်ဆွဲပါ
C.    ပြုလုပ်ချက် နှင့်ရလဒ် ကောက်ချက်ဆွဲပါ
D.    ကောက်ချက် ဆွဲသော အဖြေများဖြင့် Trading Plan ကို အကောင်းဆုံး ဖြစ်အောင် ပြုပြင်ပါ..။
သင်ဖတ်လို့ပြီးသွားပါပြီး .. ။ ဖတ်ပြီးတဲ့ အတိုင်း အလုပ်လုပ်ပါ။ အလေ့အကျင့် ရသွားပြီးတဲ့ အချက်များကို ပြန် ချုံ့နိုင်ပါသည်။ (ပယ်ထုတ်နိုင်ပါသည်) Plan ကို အမြဲတမ်း Modifined လုပ်နေပါ။