Monday, February 1, 2016

How to Use Fundamental Analysis to Profit in Forex



How to Use Fundamental Analysis to Profit in Forex

ကျွန်တော်တို့ Forex မှာ အမြတ်တွေ ရရှိဖို့အတွက် Fundamental Analysis ကို ဘယ်လို အသုံးပြုမလဲ ဆိုတာကို လေ့လာကြရအောင်..။ ကျွန်တော်တို့ သိထားရမှာက Forex market ဆိုတာကလည်း Fundamental analysis နည်းလမ်းဖြင့် အမြတ်ရှာရန် အတွက် ဈေးကွက် အားလုံးထဲမှာ သာလွန်ကောင်းမွန်တဲ့ ဈေးကွက်တခုလည်း ဖြစ်နေတာဆိုတာပါပဲ။ စီးပွါးရေး လှုပ်ရှားမှု အားလုံးကို တည်ဆောက်ထားတဲ့ အခြေခံ အုပ်မြစ်တွေကတော့ currencies တွေပဲဖြစ်ကြပါတယ်။ ထို့ပြင် စီးပွါးရေး ကဏ္ဏအသီးသီး၌ ဖွဲ့ဖြိုးတိုးတက်မှု အားလုံး ဟာလည်း currency market trends တွေကို သက်ရောက်မှု ရှိနေပါတယ်။ ဖြစ်ပေါ်လာတဲ့ အချက်အလက်တွေ သတင်းတွေ များနေတာဟာ beginner တွေရဲ့ trading လုပ်ငန်းစဉ် တွေကို ရှုတ်ထွေးစေတာတော့ အမှန်ပါပဲ။ တကယ်တော့ fundamental factors အားလုံးဟာ ကမ္ဘာ့ စီးပွါးရေး ကို အပြန်အလှန်အားဖြင့်  သြဇာလွှမ်းမိုးမှု ရှိနေပါတယ်။ ပြီးတော့ Mortgages (ပေါင်နှံစာချုပ်) အပေါ် Interest rates ( အတိုးနှုံး) နဲ့ CDs .. ကဲ့သို့သော  အခြေခံ အယူအဆများနဲ့ ငွေပေးချေလွှာ၊ နိုင်ငံ့စက်မှု ထုတ်ကုန် ကဲ့သို့ ယေဘုယျ အချက်အလက် တွေကနေတဆင့် ကျွန်တော်တို့ လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ခြေရာကောက်ဖို့ အတွက် အဆင်ပြေနိုင်ပါတယ်။ အခု ကျွန်တော်တို့ဟာ Fundamental Analysis ရဲ့ လက်တွေ့ဆန်တဲ့ applications တွေကို စပြီးတော့ လေ့လာကြရအောင်ပါ။ ဒီနေရာမှာ ကျွန်တော်တင်ပြချင်တာကတော့ အောင်မြင်တဲ့ Trader (Successful Trader) တယောက်နဲ့ Beginner Trader တစ်ယောက် အကြား Fundamental analysis ရဲ့ အသုံးပြုပုံအကြောင်းကို  အပြန်အလှန် မေးမြန်းဆွေးနွေးတဲ့ ပုံစံမျိုးနဲ့ ဖော်ပြပေးချင်ပါတယ်။ ဖော်ပြပါ အမေးအဖြေ ကဏ္ဏ လေးမှာတော့ ကျွန်တော်တို့ Successful Trader ကို (ST) လို့ ရေးပြီး၊ Beginner ကိုတော့ (B) လို့ ရေးသား ဖော်ပြပါ့မယ်။ အကယ်၍ ကျွန်တော်ရဲ့ တင်ပြပုံ ညံ့ဖျင်းမှုကြောင့် အချို့သော indicators နဲ့ application တွေရဲ့ ရှင်းပြချက်တွေကို ရှုတ်ထွေး နားမလည်ပါက ရိုးရှင်းစွာပဲ ကျော်သွားနိုင်ပါတယ်။
B: Currency trading လုပ်ပြီးတော့ ကျွန်တော် အမြတ်ရချင်ပါတယ်။ ပြီးတော့ ကျွန်တော် ငွေရှာတဲ့ အခါမှာ Fundamental analysis နည်းစနစ်ပေါ်မှာ အခြေခံပြီးတော့ လုပ်ချင်ပါတယ်။ ကျွန်တော်ဘယ်လို လုပ်ရင်ရနိုင်မလဲ ခင်ဗျာ
ST: မိတ်ဆွေအနေနဲ့ Fundamental News တွေနဲ့ ဗဟိုဘဏ် စရင်းဇယားတွေ (central bank statistics) နောက်ကို လိုက်ကြည့်ခြင်း အားဖြင့် လေ့လာနိုင်ပါတယ်။ ဒါပေမယ့် မလုပ်ခင်မှာ မိတ်ဆွေ နေထိုင်တဲ့  the European Research Area (ERA) ရဲ့ နားလည်မှု တစ်ခုကို ရရှိထားဖို့တော့ လိုပါလိမ့်မယ်။ ERA တစ်နယ်ဆီမှာ သူ့ရဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နေတဲ့ အား different dynamics driving တွေ ရှိပါတယ်။
B: Dynamics  အမျိုးအစား ဘယ်နှစ်မျိုးလောက် ရှိပါသလဲ ခင်ဗျ။ ပြီးတော့ the European Research Area (ERA) ရဲ့ နားလည်မှု အားဖြင့် ဆိုတဲ့ အဓိပ္ပါယ်က ရော ဘာကိုဆိုလိုတာလဲ ခင်ဗျ။
ST: ERAs ရဲ့ အကြောင်းပြောရမယ် ဆိုရင်တော့ အနည်းငယ် ရှုတ်ထွေးပါလိမ့်မယ်။ ဒါပေမယ် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် အရ မိတ်ဆွေကို ပြောပြပါမယ်။ The trader, ကုန်သည် တစ်ယောက် ဆိုပါတော့၊ သူအနည်းဆုံး သိထားသင့်တာကတော့ စီးပွါးရေး ကူးသန်းရောင်းဝယ်မှု boom-bust cycle ရဲ့ အစိတ်အပိုင်း ကိုပါ။
B: အဲ့ဒါကို ကျွန်တော့်အနေနဲ့ ဘယ်လို လုပ်နိုင်သလဲ ခင်ဗျ။
ST: မိတ်ဆွေအနေနဲ့ the Senior Loan Officer Survey of the US Federal Reserve လိုမျိုး ဗဟိုဘဏ်တွေက ကမ်းလှမ်း ချေးငွေ စာရင်းဇယားတွေ နောက်ကို လိုက်သင့်တယ် လို့ ဆိုချင်ပါတယ်။ ဘဏ္ဏာရေး ဆိုင်ရာ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ငွေချေး စံချိန်စံညွန်းတွေကို leading into and during the bust phase of the cycle အချိန်မှာ တင်းကျပ်ပြီး leading into and during the boom phase အချိန်မှာ အနားပေး လျော့ချ လိုက်လေ့ရှိပါတယ်။ သူတို့တွေဟာ ကုမ္ပဏီတွေ ဒေ၀ါလီခံနေတဲ့ အချိန်မှာ ငွေမချေးချင်ကြပါဘူး၊ သူတို့ငွေချေးချင်တဲ့ အချိန်က လူတွေ အမြတ်အစွန်း များများ ရှာနိုင်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒီလိုချေးငှါးမှု က ပြန်လည်ဝင်လာတဲ့ အတိုးတွေကို ရှာဖွေပြီးတော့ သူတို့ရဲ့ ရှယ်ယာရှင်တွေကို ခွဲဝေပေးပါတယ်။
B: ဒီ Phase of the cycle ကို နားလည်ရင် ကျွန်တော့် အတွက် ဘာအကျိုးတွေ ရနိုင်မလဲ ခင်ဗျ။
ST: သဘောတရား အားလုံးဟာ တူတူပါပဲ။ the bust phase of the economic cycle အခြေအနေမှာ အရံငွေကြေး ဟာ အခြားသော နိုင်ငံအများစုရဲ့ currencies ကို ဆန့်ကျင်ပြီး တန်ဖိုးတက်လာပြီး boom phase အခြေအနေမှာတော့ အရံငွေကြေး တန်ဖိုး လျော့ကျလာတက်ပါတယ်။ Booms တွေဟာ ငွေချေးငှါးခြင်း ဖြင့် ထောက်ပံ့မှုရနေပါတယ်။ အဲ့ဒီ ချေးငှါးမှု အများစုကလည်း ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဏာရေး ဖွဲ့စည်းပုံ ရဲ့ သဘောသဘာဝကို အမှီပြုပြီးတော့ အရံငွေကြေးမှတဆင့် ကောက်ယူနေရတာ ဖြစ်ပါတယ်။
B: မိတ်ဆွေ ပြောတဲ့ သဘောက boom-bust cycle ကို မှန်မှန်ကန်ကန် ရိုးရိုးပဲ identifying လုပ်ရုံနဲ့ ကျွန်တော့်ရဲ့ ငွေရင်းကနေ တဆင့် ဒီပညာကပဲ အမြတ်တွေ ရနိုင်တဲ့ သဘောလား
ST: ဟုတ်ပါတယ်။ boom-bust cycles တွေဟာ အလွန် ပဲ powerful ဖြစ်ပါတယ်။  high-level ဖြစ်ရပ်တွေဟာ အရာ အားလုံးကို သူတို့နှင့်အတူ တွဲဖတ်ရွှေ့ရှားဖို့ အတွက် force ပေးပါတယ်။ 

B: တခါလောက် boom-bust cycle ရဲ့ phase ကို identify လုပ်တာနဲ့ သတင်းတွေ သတင်းထုတ်ပြန်မှုတွေက နေပြီးတော့ ကျွန်တော် ဘယ်လို အမြတ်ရှာနိုင်မလဲ
ST: သူတို့ပေးတဲ့ data တွေဟာ phase of cycle ရဲ့ big picture တစ်ခု စိတ်ကူး ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။ အဲ့ဒီပုံဟာ မိတ်ဆွေ ကို စီးပွါးရေးမှာ ဘာကို လုပ်ရမလဲ ဆိုတာကို နားလည်ဖို့ အတွက် အကူအညီ ပေးပါလိမ့်မယ်။
B: အဲ့ဒါကို နားလည်ပြီး ဆိုပါတော့  ကျွန်တော် အမြတ်ဘယ်လိုရနိုင်မှာလဲ
ST: တကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှု သို့ စီးပွားရေး (in other words, the “big picture” of that economy) ဆွဲဆောင်မှုတစ်ခု ဟာ အခြား အရာတွေကို ဆန့်ကျင်နေတဲ့ ၄င်းတို့ရဲ့ currency’s value ရဲ့ အဓိက မောင်းနှင်သူအားပါပဲ။ Big Picture ကို နားလည်လာလို့ရှိရင် အများစုထဲက ဘယ်သူဟာ မိတ်ဆွေအတွက် အကျိုးအမြတ် ပေးနေမလဲ ဆိုတာကို identify လုပ်နိုင်လာပါလိမ့် မယ်။ Main trends တွေကို ဘယ်သူတွေမောင်းနေသလဲ ဆိုတာကို မိတ်ဆွေ သိပြီးတဲ့နောက်မှာ သူတို့တွေနောက်က နေလိုက်ပြီး မိတ်ဆွေရဲ့ Trades တွေကို လုပ်မယ်ဆိုရင် မိတ်ဆွေဟာ profits တွေ အများကြီး ရှာနိုင်ပါလိမ့်မယ်။
B: ကျွန်တော် နားမလည်သေးဘူး။ Big picture ကနေပြီးတော့ အကျိုးမြတ် မျာများ ရယူနိုင်သူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို ဘယ်လို identify လုပ်ရမလဲ ခင်ဗျ
ST: ဒါ ဟာ မခက်ခဲ ပါဘူး။ ဘယ်ဈေးကွက်မှာ မဆို actor နှစ်မျိုးပဲ ရှိတာပါ။ ဈေးကစားသူတွေ( financial actors)၊ ရင်းနှီးမြုပ်နှံသူတွေ investors, hedgers တွေနဲ့ အခြားသော စီးပွါးဖြစ် actors တွေ ပဲ ဖြစ်ပါတယ်။ အချို့သော အခြေအနေတွေကတော့  ငွေချေး စံချိန်စံညွန်းတွေဟာ လျော့ရဲ နေတဲ့နေရာ၊ ပြီးတော့ ကြွယ်ဝစွာ ငွေကြေးစီးဆင်းမှုတွေ ရှိနေတဲ့နေရာ၊ ဈေးကစားတဲ့သူတွေဟာ အလွယ်တကူပဲ စစ်မှန်တဲ့ စီးပွါးရေး လှုပ်ရှားမှုတွေထဲမှာ ပါသင်ပတ်သတ်နေသူတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေ၊ ပြီးတော့ price trends တွေရဲ့ အဓိက မောင်းနှင်သူတွေ ဖြစ်ပေါ်လာမှု တွေပဲ ဖြစ်ပါတယ်။ အခြားတဖက်မှာတော့ ငွေဟာ အလွန် ဈေးပေါမနေတဲ့ နေရာ(in other words, interest rates are at levels suitable to the global economy’s condition)၊ ရင်းနှီးမြုပ်နှံသူ နဲ့ ဈေးကစားတာ မဟုတ်တဲ့သူ တွေဟာ prices ရဲ့နောက်ကွယ်မှာ အဓိက စွမ်းအား အဖြစ် ရှိနေပါတယ်။ ဘယ်လိုမျိုး actors တွေဟာ Price trends ကို မောင်းနှင်မယ်လို့ identifying လုပ်ခြင်း အားဖြင့် မိတ်ဆွေ အနေနဲ့ Nature of cycle ကို နားလည်လာနိုင်ပါတယ်။ ငွေကြေးဆိုင်ရာ ချဲ့ထွင်ခြင်း (easy money and speculation) အားဖြင့် မောင်းနှင်ခဲ့မယ် ဆိုရင် ဒါမှမဟုတ် ဆန်းသစ် တီထွင်မှုနဲ့ တိုးမြှင့် ကုန်ထုတ်စွမ်းအား (in other words, technological or social advancement) တို့ဖြင့်  မောင်းနှင်ခဲ့မယ်ဆိုရင် ဒါဟာ nature of cycle ပါပဲ။ သို့သော်လည်း မိတ်ဆွေအနေနဲ့ စိတ်တည်ငြိမ် ရမယ်။ speculators တွေဆီက လုံလောက်တဲ့ အကျိုးစီးပွားရှိခဲ့တယ် ဆိုလျှင် ပူပေါင်းတွေကို ဖန်တီးရန် အသန်စွမ်းဆုံး နဲ့ အဓိပ္ပါယ် အရှိဆုံး Fundamental dynamics တွေတောင်မှ  အသုံးပြုသွားနိုင်ပါတယ်။
B: ပြီးတော့ အဲ့ဒီကနေ ကျွန်တော် အမြတ်ဘယ်လို ရှာရမလဲ
ST: မိတ်ဆွေအနေနဲ့ currency trends နောက်ကိုပဲ ရိုးရိုးလေး လိုက်သွားနိုင်ပါတယ်။ မိတ်ဆွေရဲ့ စီစစ် တွေရှိချက်တွေဟာ confirm မဖြစ်ရင် တောင်မှ ဒီနည်းလမ်း ဟာ ဈေးကွက်မှာ အကျိုးသက်ရောက်နေမှာပါ။ ဒီလို ပြုလုပ်ရတဲ့ နည်းလမ်း  အပြုအမူတွေ ဘာကြောင့်ဖြစ်ရတယ် ဆိုတာ မိတ်ဆွေနားလည်လာတာနဲ့ အမျှ  အဲ့ဒီအတိုင်း လိုက်လုပ်သွားပြီးတော့ အမြတ်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
B: ကျွန်တော် ခုချိန်ထိ နားမလည်သေးပါဘူး။ အကယ်၍ ကျွန်တော် ရိုးရိုးရှင်းရှင်းနဲ့ trend နောက်ကို လိုက်ဖို့ fundamental analysis ကို အသုံးပြုခဲ့လို့ရှိရင် ဘာကြောင့်  fundamental analysis အကြောင်း တပြိုင်နက်  သတိမထားမိပဲ trend နောက်ကို မလိုက်ရမှာလဲ။ ကျွန်တော့်ကို ရှင်းပြပါဦး ခင်ဗျ။
ST: မိတ်ဆွေ ဟာ trend နောက်ကို သာလျှင် လိုက်နေသရွှေ့ the fundamental factors ဟာ trend ကို ဦးစားပေးပါတယ်။ Speculative activity တွေဟာ bubbles တွေ ဖန်တီးလေ့ရှိ ပြီးတော့ the bursting of bubbles ဟာ တခါတရံ အလွန်လျှင်မြန်စွာပဲ ဖြစ်ပျက်ပါတယ် ပြီးတော့ အလွန်မြန်မြန်ပဲ ပျက်စီး နိုင်ပါတယ်။ သို့သော်လည်း bubbles တွေဟာ လက်ခံလောက်တဲ့ နေရာတစ်ခု နဲ့ သင့်လျော်တဲ့ အမြတ်အစွန်း ရနိုင်တဲ့ အခြေအနေသို့ ကြီးထွားလာပါတယ်။ ပြီးတော့ ဒါဟာ အစောပိုင်း အဆင့်၌ သူတို့ကို ပါဝင်တယ်ဆိုတဲ့ အကြောင်း ဟာဆိုရင် ဘာမှ မမှားပါဘူး။ Fundamental analysis မှ တဆင့် မင်းအနေနဲ့ ရှောင်ကျင်ရ မှာကတော့ ထင်ကြေး ဖြင့် အားရ၀မ်းသာ မခုန်ဝင်ဖို့ကိုပါပဲ။ အကယ်၍ economic environment ဟာ ညင်သာစွာ ပြောင်းလဲသွားခဲ့တယ်လို့  fundamental factors တွေက ပြောတဲ့အချိန်မှာ လျှင်လျှင်မြန်မြန်ပဲ မိတ်ဆွေရဲ့ direction ဟာ ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ မှတ်ပါ။ fundamental analysis ဟာ the causes of economic events (စီးပွါးရေး အဖြစ်အပျက်တွေ ဖြစ်ပေါ်စေတဲ့ အကြောင်းတရား) တွေကို လေ့လာတာဆိုတာကိုပါ။
B: Big Picture ကနေပြီးတော့ ရလာတဲ့ long-term trends မှာ အမြတ်ထုတ်ဖို့ ပြီးတော့ bubbles တွေဟာ burst ဖြစ်တာ ဒါမှမဟုတ် bursting ဖြစ်နေတာကနေပြီး အဆုံးသတ်သွားတာ၊ အဲ့ဒီလိုမျိုး avoiding bubbles အတွက်လည်း fundamental analysis က အသုံးဝင်တယ် လို့ဆိုလိုတာလား ၊ အခြားစကားလုံး ရှိသေးလား ခင်ဗျ။
ST: ဒါပေါ့ ။ မှန်တာပေါ့ fundamental reasons အသေးစိပ် မပါရင်တောင်မှ bubble တစ်ခုကို ရိုးရှင်းစွာပဲ ရှောင်ကျဉ်နိုင်ပါတယ်။ တခုမှတ်ထားရမှာက သူရဲ့ဈေးနှုံး လမ်းကြောင်းပုံစံဟာ parabola ရဲ့ ပုံသဏ္ဏာန် ဖော်ဆောင်တက်ပါတယ်။ 

B: မိတ်ဆွေအနေနဲ့ အပမ်းမကြီးဘူး ဆိုရင် ကျွန်တော့်ကို big picture ကို ဘယ်လို တည်ဆောက်ထားသလဲ ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။
ST: ဟုတ်ကဲ့ ပြောပြနိုင်ပါတယ်။ မိတ်ဆွေအနေနဲ့ အတိုးနှုန်း တွေနဲ့ စလို့ရပါတယ်။ ပြီးတော့ Big bank ကြီးတွေနဲ့ အခြားသော ဘဏ္ဏာရေး အဖွဲ့အစည်းတွေ ကနေပြီးတော့ စီးပွါးရေးနဲ့ ပတ်သတ်တဲ့ သူတို့တည်ဆောက်ထားတဲ့ ရုပ်သံ channels တွေကနေပြီးတော့ ဘယ်လိုထုတ်လွင့်သလဲ ဆိုတာကို ကြည့်ပါခင်ဗျ။ ပြီးရင် မိတ်ဆွေအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုအသစ်တွေ၊ ဘဏ္ဏာရေး ထုတ်ကုန်တွေ၊ emerging nations တွေ၊ အခြား ..အ ရာတွေ တော်တော်များများရှိပါသေးတယ်။ ဒါတွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး ကောင်းမွန်မှု ရဲ့ ကာလ အပိုင်းအခြား တစ်ခုအတွက် လောင်စာ ဆီ သဘောမျိုးပါပဲ။ ပြီးတော့ political climate လို့ဆိုတဲ့ နိုင်ငံရေး ရာသီဥတု ကိုလည်း ထည့်သွင်း တွေးတောရပါမယ်။ ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက် ကြီးပွါးလာအောင် မောင်းနှင်ပေးတဲ့ နိုင်ငံတွေမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ အများကြီး ရှိနေသလား ဆိုတာလိုမျိုးပေါ့။
B: Forex trading မှာ အောင်မြင်ဖို့အတွက်ဆိုရင်  ဒါကို ကျွန်တော့်အနေနဲ့ ဘယ်လို အသုံးပြုရနိုင်မလဲ။
ST: ဒါဟာ fundamental analysis ရဲ့ ပထမ အဆင့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး အရှိန်အဟုန် အပေါ်မှာ မိတ်ဆွေ အနေနဲ့ ဆုံဖြတ်ချက်ချရပါမယ်။ ကမ္ဘာ့စီးပွားရေး ကောင်းမွန်မှု အနေအထားဟာ ကျွန်တော်တို့ Trading မှာ တာဝန်ယူမှုတွေ အများရှိ ရှိနိုင်ပါတယ်။ အဲ့ဒီလို သက်ဆိုင်တယ်လို့ ထင်ရတဲ့ အရာတွေကတော့ Forex ဈေးကွက်မှာ မတည်ငြိမ်မှု တွေ၊ carry trades တွေ၊  နယ်စပ်ဖြတ်ကျော် ငွေကြေး အလုံးအရင်း စီးဆင်းမှု တွေနဲ့ စသည် စသည် အရာတွေပဲ ဖြစ်ပါတယ်။ နောက် အရေးပါ ထည့်သွင်းစဉ်းစားသင့်တဲ့ အရာတစ်ခုက ကျွန်တော်တို့ ရှေးရိုးစွဲ အယူအဆတွေကို လည်း မှီငြမ်းဖို့ပါပဲ။ ကြိမ်နှုံးမြင့် စီးပွါးရေး အချက်အလက် (high-frequency economic data) တွေကို ကောင်းကောင်းပြန်ကြည့်မိဖို့ပါပဲ။ (တာရှည်ခံ ကုန်ပစ္စည်း အော်ဒါများ၊ အပတ်စဉ်ထုတ် အလုပ်လက်မဲ့ တောင်းဆိုမှုများ .. စသည်ဖြင့်)
B: ဒါဆိုရင် ကျွန်တော်တို့ ရဲ့ forex strategy အပေါ်မှ ဆုံးဖြတ်ချက် ချဖို့ အတွက် highest level မှာရှိနေတဲ့ ကမ္ဘာစီးပွားရေး အခြေအနေကို analyze လုပ်သင့်တယ်လို့ ဆိုလိုတာလား ခင်ဗျ။
ST: ဟုတ်ပါတယ်။
B: ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ထပ်ပြီး မေးပါရစေ။  ယခု ကျွန်တော် ဘယ် currency အပေါ်မှ ၀ယ်မယ်၊ ဘယ် currency အပေါ်မှာ ရောင်းမယ် ဆိုတာကို ဘယ်လို ဆုံးဖြတ်ချက်ချ နိုင်ပါသလဲ ခင်ဗျ။
ST: ဒါက တော့ fundamental analysis ရဲ့ဒုတိယ အဆင့်ပေါ့။ စိတ်ထဲမှာ မှတ်ရလွယ်အောင်လို့ မိတ်ဆွအတွက် အရာရာ ရိုးရိုးလေးနဲ့ လွယ်လွယ်ကူကူပဲ မှတ်လို့ရအောင် ကျွန်တော်ပြောပြသွားပေးပါ့မယ်။ ဘယ် currency မှာ long လုပ်မှာလဲ၊ short လုပ်မှာလား၊ ဆိုတာကို ဆုံးဖြတ်ချက် ချမှတ်တဲ့အခါမှာ စီးပွားရေး ရဲ့ ecomomic fundamental health ကို ကျွန်တော်တို့ နောက်ထပ် ဆွေးနွေးကြမယ့် အညွန်းကိန်းများကို ထည့်သွင်း စဉ်းစားပြီး ဆန်းစစ်ကြတာပေါ့။ Forex market လှုပ်ရှားမှုကို အဓိက မောင်းနှင်သူတွေရဲ့ သဘောထားတွေ ဟာ the nation’s fundamentals နိုင်ငံရဲ့ အခြေခံ အချက်အလက်တွေဆီကို ဦးတည်နေတယ် ဆိုတာကို မိတ်ဆွေလည်း အကဲခတ်မိလောက်ပြီး ထင်ပါတယ်။ အခြားစကားလုံးအနေနဲ့ ပြောရမယ် ဆိုရင်တော့ The nation’s economic choices နိုင်ငံရဲ့ စီးပွါးရေး ရွေးချယ်မှု တွေနဲ့ အတူ သူတို့ကိုယ်သူတို့ တန်းညှိထားတဲ့ ဈေးကွက်တွေထဲမှာ the most powerful actors တွေ ရှိမရှိ၊ ဆိုတာကို ကျွန်တော်တို့ အနေနဲ့ တွေးတောဖို့တော့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံရဲ့ စီးပွါးရေး မူဝါဒများဟာ ယုံကြည်စရာကောင်းပြီး ခိုင်မာနေမယ်ဆိုရင်၊ ပြီးတော့ ဈေးကွက်ကလည်း အဲ့ဒီ မူဝါဒတွေ နဲ့စပ်လျှင်း၍ လိုလိုလားလား ရှိတယ်ဆိုရင် သင်အနေနဲ့ အဲ့ဒီ currency ကို ၀ယ်နိုင်ပါပြီ။ တခု သတိထားရမှာက bubbles တွေကိုတော့ သတိနဲ့ ရှောင်ကျဉ် ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွါးရေး မူဝါဒတွေဟာ ယုံကြည်လောက်အောင်ရှိပြီး ကောင်းမွန် တယ် ဆိုရင်၊ ဒါပေမယ့် Powerful market actors တွေဟာ ဒီ မူဝါဒတွေကို ကူညီပံ့ပိုးမှု မရှိကြဘူး ဆိုရင် ကျွန်တော်တို့ အနေနဲ့ currency ကို မ၀ယ်သင့်ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒါကို ရောင်းဖို့ အတွက်ကတော့ ထောက်ခံချက် တစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ပြောပြောနေတဲ့ risk အကြောင်းကို တော့ အလွန် သတိထား ရမှာပေါ့။ တကယ်လို့ နိုင်ငံ့စီးပွါးရေး မူဝါဒတွေဟာ ကပြောင်းတိ ကပြောင်းပြန် မိုက်မိုက်ကန်းကန်း ဖြစ်နေမယ် ဆိုရင် ဈေးကွက်ဟာ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို ထောက်ခံအားပေးနေသော်လည်း သင့်အနေနဲ့ အဲ့ဒါ အားလုံး long ပဲဖြစ်ဖြစ် Short ပဲဖြစ်ဖြစ် မှာ currency ကို trade မလုပ်သင့်ပါဘူး ။ ဒါပေမယ့်  အဲ့ဒီလို ဖြစ်နေပေမယ့်လည်း နောက်ဆုံးမှာ Market ဟာ အဲ့ဒါတွေကို အာရုံစူးစိုက်တယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ currency ကို Short လုပ်နိုင်ပြန်ပါတယ်။
B: ကျွန်တော်တို့ ဂရုမစိုက်တက် တဲ့ ဈေးကွက်ရဲ့ ထင်မြင်ချက်တွေ ကို အပြည့်အ၀ အခြေခံပြီးတော့ ကျွန်တော်တို့ရဲ့ fundamental analysis အပေါ်မှ ဆုံးဖြတ်ချက် ချလို့ ရနိုင်ပါသလား ဒါပေါ့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် causes of bubbles နဲ့ market’s delusions  နောက်ကွယ်က reasons တွေကို နားလည်ရန် အတွက် ဒါဟာ အများကြီး လိုအပ်ပါတယ်။ မှားယွင်းနေတဲ့ ဈေးကွက်မှာ ခုန်ဝင်မိနိုင်တဲ့ အခြေအနေမျိုး မရောက်ခင်မှာ အဲ့ဒီ အကြောင်းတရားတွေ ရပ်စဲသွားတဲ့ အထိကို စောင့်ရပါမယ်။ Fundamental analysis ဟာ အမြဲတမ်း မှန်ပါတယ်။ မညီမျှမှုနဲ့ မူမမှန်မှုတွေဟာ policy action ဒါမှမဟုတ် market developments အောက်မှာ အမြဲတမ်း မှန်ကန်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း ဖြစ်မယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ ဘာလို့လည်းဆိုတော့ ဒီလို အမြဲတမ်း မှန်နေမယ်ဆိုရင် အမှားပြင်ဆင်ချက် ဆိုတာ ရှိလာမှာ မဟုတ်လို့ပါပဲ။ အကယ်၍ ကျွန်တော်တို့ဟာ  market’s emotional behavior ကို လုံးဝလျစ်လျူရှုခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ ကာလ ရှည်ကြာစွာ စောင့်ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ  မျှော်မှန်းထားသလို မှန်မှန်ကန်ကန် ဖြစ်ပေါ်လာဖို့ အတွက် အလွန်ကာလ ရှည်ကြာတက်လို့ပါပဲ ။
B: ကျေးဇူးတင်ပါတယ်။ တခြား မိတ်ဆွေ နှစ်သက်တာတွေ ပြောဖို့ ရှိသေးလား။
ST: ကျွန်တော်တို့ ဟာ ဒီလိုလုပ်ဖို့ ကောင်းမွန်တဲ့ အခြေအနေ မရှိခဲ့ဘူး ဆို ရင် Parabolic price action ထဲမှာ ပါဝင် မဆောင်ရွက်ပါနဲ့လို့ ပြောချင်ပါတယ်။ အကျိုးသင့်အကြောင်းသင့် နဲ့ အဆိုပြုထားတဲ့ အကြောင်းတရားများဟာ  ယုံကြည်စရာ ဘယ်လို ကောင်းသလဲ ဆိုတာကို အာရုံစူးစိုက်မှု မရှိပဲ ဘယ်သူမှ bubble တစ်ခုကို မဖန်တီးနိုင်ပါဘူး ။ ပြင်းထန်တဲ့ ကမ္ဘာ့စီးပွားရေးကို ကာကွယ်နိုင်မှု မရှိခြင်း (non-protectionist global economy)၊ Trade-intense များ၊ highly integrated တို့အတွက် ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်တွေဟာ မှားယွင်းနိုင်တယ် ဆိုတာကိုလည်း သတိထားသင့်ပါတယ်။ လွယ်လွယ်ကူကူနဲ့ နယ်စပ်ဖြတ်ကျော် ငွေကြေးစီးဆင်းမှု မရှိတဲ့ ပတ်ဝန်းကျင် တစ်ခုမှာ ဖြစ်ရပ်တွေကတော့ အမျိုးမျိုးအပြားပြားနဲ့ ကို ရှိနေကြပါတယ်။ သို့သော် role of speculators ထဲမှာတော့ အဓိက ခြားနားချက် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ Non-free တစ်ခု မှာ Protectionst environment , Speculators တွေဟာ Popping bubbles of giant scale ကြောင့် သူတို့ လိုချင်တဲ့ ရင်နှီးမြုပ်နှံမှုတွေကို မလုပ်ချင်ကြပါဘူး။ သူတို့ဟာ determining price trend တွေမှာ greater role တစ်ခု အဖြစ် ကုန်သွယ်ရေးဆိုင်ရာ ထောက်ပံ့ငွေ စီးဆင်းမှု (grant trade flows) ကိုဖန်တီး လေ့ရှိပါတယ်။ အလွယ်ပြောရရင်တော့ သူတို့ ရင်းနှီးမြုပ်နှံမှု မလုပ်ချင်တဲ့ အခါမှာ သူတို့ လိုချင်တဲ့အခြေအနေမျိုးရောက်အောင် ရင်နှီးမြုပ်နှံမယ့် သူများကို ငွေချေးပေးတဲ့သဘောပါပဲ။ Fundamental analysis က နိုင်ငံ တစ်ခုရဲ့ အတွင်းမှ အပြင်၊ အပြင်မှ အတွင်း စီးဆင်းနေတဲ့ characterize money ကို ရည်မှန်းပါတယ်။ အခြားစကားလုံး ဖြင့်ဆိုရသော် fundamental analysis ဟာ the well-being of an economy ၊ ဘဏ္ဏာရေး အဖွဲ့အစည်းများရဲ့ အခြေအနေ သို့မဟုတ် ပညာရှင်များရဲ့ အမြင် သို့မဟုတ် နိုင်ငံရေးသမားများ ကို examining လုပ်ဖို့ အတွက် ကန့်သတ်ထားတာ မရှိပါဘူး။ အမှန်တကယ် causes of price trends တွေကို analyzing လုပ်နေစဉ်မှာပဲ နိုင်ငံတစ်နိုင်ငံ အတွက် အကောင်းဆုံး လမ်းကြောင်းပေါ်မှာ သူတို့ကို အသုံးပြုဖို့ ဆုံးဖြတ်ချတ် ချရုံမျှသာ ဖြစ်ပါတယ်။ The causes of price trends တွေဟာ တစ်ခါတရံ the dictates of economic theory တွေကနေပြီးတော့ လုံးဝကို လွတ်လွတ်လပ်လပ် သူ့ဖာသာ သူ ဖြစ်နေတက်ပါတယ်။ ဒီအခြေအနေမှာ Fundamental analysis ဟာ စီးပွါးရေး တစ်ခု အကြောင်းကို ကောင်းသလား ဆိုးသလား ဆိုတာကို complete picture အဖြင့် မတင်ပြနိုင်ပါဘူး။ အကယ်၍ market ဟာ over a period of years မှာ ERROR တစ်ခု အတွင်း ရှိနေတယ်ဆိုရင် successful analysis ဟာလည်းပဲ အဲ့ဒီ ERROR အတွက် powerful reasons တစ်ခု ပြသနိုင်ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ error ဖြစ်တယ်ဆိုရင်လည်း error ဖြစ်တဲ့ အကြောင်းပြချက် ရှိတယ်ဆိုတာကို successful analysis က လုံးဝကို ပြသနိုင်တယ် ဆိုတာပါ။ ကျွန်တော်တို့ မှတ်ထားရမှာက ERROR ဆိုတဲ့ စကားလုံးကို ဘာသာပြန်နေတဲ့ နေရာမှာ  မိုက်ခရိုစီးပွါးရေး အခြေခံပေါ်မှာ သာလျှင် အသုံးပြု ဖို့လိုတာပါ။ လူ့အဖွဲ့အစည်းရဲ့ သာယာဝပြောမှုဟာ သူတို့ဖာသာသူတို့ အလွန်ကြွယ်ဝအောင် ဖြစ်ပေါ်စေတဲ့ နေရာမှာ The well-being of the society ကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ် အကြောင်းကိစ္စ တစ်စုံတစ်ခု နောက်ဆုံး မှာ ဖြစ်ပေါ်လာနိုင်သလား ဆိုတာတွေကိုလည်း ရွေးချယ်ရမှာဖြစ်ပါတယ်။ အခြားသောနည်း ဖြင့် ပြောရမယ်ဆိုရင် bubbles ကြောင့် လောင်ကျွမ်းတဲ့ ERRORSs တွေ ဟာ လူမျိုးစုတွေကို ထိခိုက်မှု ကြီးစေတဲ့ အကြောင်းတရား ကြောင့် ဖြစ်ပေါ်လာတဲ့ errors များပဲ ဖြစ်ပါတယ်။ ဈေးကစားသူတွေဟာ သူတို့ရဲ့ အမှားတွေဖြင့် ခံခဲ့ရပြီး သွားပါပြီး။ ဒါပေမယ့် သူတို့ထဲက အချို့ကတော့ အမြတ်အစွန်း ကြီးကြီးမားမား ထုတ်နုတ်ပြီးတော့ ဒီကစားနည်းကို စွန်လွတ်သွားကြပါတယ်။

 (မှတ်ချတ် အနေနဲ့ကတော့ ကျွန်တော်တို့ speculator  ဆိုတဲ့ စကားလုံးကို စီးပွါးရေး ဖြစ်ရပ်မှန်များကို လျစ်လျူရှုသူ ဖြစ်ပြီး လေ့ကျင့်မှု တွေကနေပြီး ခေါင်းမာတက်ပြီး စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ရှိသူ actor တစ်ယောက်ကိုရည်ညွန်းဖို့ အသုံးပြုပါတယ်။ speculator တွေရဲ့ လှုပ်ရှားမှုတွေဟာ ဥပမာ - ဆောက်လုပ်ရေးကုမ္ပဏီများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ နှင့် အခြားလုပ်ငန်းများ ကဲ့သို့သော ဘဏ္ဏာရေး လုပ်ငန်း မဟုတ်သူ (non-financial actors) များ ကြောင့် ဖြစ်ပေါ်လာတဲ့ market movement activities တွေကို စုပ်ယူသွားတာ ဖြစ်ပါတယ်။)
**** Nonentity Trader

 
မှ မှီငြမ်းကိုးကားပါသည်။ တိုက်ရိုက်ဘာသာပြန်ဆိုခြင်း မဟုတ်ပါ။ နားလည်မိသလောက် တက်သလောက်မှတ်သလောက် ပြန်လည်ဖော်ပြတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်လွဲမှားစွာ ဖော်ပြမိပါက ကျွန်တော့်ရဲ့ အားနည်းချက်သာ ဖြစ်တဲ့အတွက် ပြင်ဆင်ဖတ်ရှု့ ပေးပါရန် လေးမြတ်စွာ တောင်ပန်အပ်ပါသည်။ အားလုံးပဲ အောင်မြင်ကြပါစေ။

1 comment: