Monday, September 7, 2015

၂၀၁၅ စက်တင်ဘာလ ၈ ရက်နေ့ အင်္ဂါနေ့ ရွှေဈေး ခန့်မှန်းခြင်း

၂၀၁၅ စက်တင်ဘာလ ၈ ရက်နေ့ အင်္ဂါနေ့ ရွှေဈေး ခန့်မှန်းခြင်း

 မနေ့က မျှော်မှန်းထားသလို အဖွင့်ဈေး နဲ့ အပိတ်ဈေးဟာ  ဈေးအနည်းငယ် ကျခဲ့တာ ဖြစ် ပေမယ့်လည်း Monthly and Weekly Time Frame မှာတော့ သိသာတဲ့ပြောင်းလဲ မှုမျိုး မရှိပါဘူး ။ Daily Timeframe ကို ဆက်ကြည့်ရအောင်ပါ။
Daily Time frame မှာတော့ မနေ့က ဆက်တိုက်ကျဆင်းလာတဲ့ လေးရက်မြောက်အနေနဲ့ Bearish Candle အဖြစ် ပိတ်သိမ်းခဲ့ပြီးတော့ ယနေ့မှတော့ Bullish Candle အဖြစ် အစပျိုးနေတာကို တွေ့ရပါတယ်။ ဒါဟာ ဒီနေ့ အတွက် Bullish ဆက်ဖြစ်မလား Bearish အတွက် Re-bounce ဖြစ်ဖို့ အတွက်လား ဆိုတာကတော့ စောင့်ကြည့်ရပါမယ်။ 

၂၀၁၅ စက်တင်ဘာလ ၇ ရက်နေ့ တနင်္လာနေ့ ရွှေဈေး ခန့်မှန်းခြင်း



ယနေ့ ၂၀၁၅ စက်တင်ဘာလ ၇ ရက်နေ့ တနင်္လာနေ့

XAUUSD Monthly Timeframe တွင် ဖော်ပြချက်အရ ခန့်မှန်းရမည် ဆိုလျှင် ပြီးခဲ့တဲ့ လတုန်းက Bullish Candle အဖြင့် ပြခဲ့သော်လည်းပဲ ဒီလ အတွင်း လဆန်း ပိုင်းတွင် Price ဟာ အနည်းငယ်တက်ယောင်ပြခဲ့ပြီးတော့ Bearish Candle အဖြင့် အစပျိုးနေပြီးဖြစ်နေပါတယ်။ ဒီအခြေအနေဟာ လာမယ့် ရက်ပိုင်းအတွင်း ဈေး ဆက်လက် ကျနိုင်လိမ့်မည် ဟု ခန့်မှန်းနိုင်သော်လည်းပဲ ဈေးပြန်တက်လိမ့်ဦးမည်ဟုလည်း ယူဆနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေပါတဲ့ အတွက် ဝေခွဲလို့ မရသေးတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။



W1 Time Frame ကြည့်မယ်ဆိုပါက ပြီးခဲ့တဲ့ သီတင်း လေးပတ် အတွင်း ပထမနှစ်ပတ်မှာ Price ဟာ အတက်ဘက်ကို ဦးတည်ခဲ့ပြီးတော့ နောက်ဆုံး နှစ်ပါတ်မှာတော့ အကျဘက်ကို ပြန်လည် ဆင်းလာတာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပထမ နေ့တွင်လည်း ယခင် နှစ်ပတ်အတွင်း ကျရှိန်မကုန်သေး တဲ့ သဘော ဖြစ်နေတဲ့ အခြေအနေမျိုး နဲ့ Bearish Candle စတင် ချင်သလိုလို အခြေအနေမျိုး ဖြစ်နေပါတယ်။
ဒါဟာ Monthly & Weekly Timeframe တွေအရတော့ ဈေးဟာ လက်တလော အခြေအနေအရ Down Trend အဖြစ် ရပ်တည်နေတယ် လို့ ခန့်မှန်းနိုင်ပါတယ်။


Daily Time Frame ကတော့ ဘယ်လိုပြနေသလဲဆိုရင် - လွန်ခဲ့သော နှစ်လပိုင်း အတွင်း တောက်လျောက် ကျဆင်းခဲ့သော price ဟာ ပြီးခဲ့တဲ့ လမှာ 4/5 လောက် ပြန်တက်သွားပြီး အနည်းငယ်ပြန် ဆင်းခဲ့ကာ 1/2 လောက်တွင် ဈေးပိတ်သွားခဲ့တာ တွေ့ပါတယ်။ ဒါဟာ ယခုနှစ် ဇန်န၀ါရီလ မှ တောက်လျောက်ကျဆင်းခဲ့သော ကျဆင်းမှုကို ပြန်လည် တွန်းလှန်ဖို့ အခြေအနေတစ်ခု လောလော ဆယ် မဖြစ်ပေါ်လာနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ လက ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးဈေးထက် ကျော်လွန် တဲ့ ဈေးကို ၀ယ်သူ မနှစ်သက်နိုင်သေးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဈေးဟာ ဘေးတိုက်အနေအထား ဆက်ရွေ့မလား လွန်ခဲ့တဲ့ နှစ်လ အတွင်းဖြစ်ပေါ်ခဲ့တဲ့ အနိမ့်ဆုံးဈေး အောက်ကိုပဲ ဆက်ဆင်းမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။


  

H4 Time Frame အရကြည့်မယ်ဆိုရင် - ပြီးခဲ့တဲ့ သီတင်း လေးပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ price action ပါပဲ။ ဒါကိုကြည့်မယ် ဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးနှုံးဟာ လွန်ခဲ့တဲ့ သီတင်းလေးပတ်အတွင်း တက်ဈေး ကျဈေး တွေရဲ့ အလယ်မှာ လက်ရှိရှိနေပါတယ်။ price ဟာ Balance အခြေအနေလို့လည်း ဆိုလို့ရပါတယ်။ ဒီဈေးနှုံးဟာ UpTrend အတွက် Retrace (Bounce) ဖြစ်နိုင်တဲ့ နေရာတစ်ခု ဖြစ်နိုင်သလို Down Trend အတွက် Breakout ဖြစ်မယ့်နေရာလည်း ဖြစ်ပါတယ်။


H1 Time Frame မှာ ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ အပတ် ကြာသပတေး၊ သောကြာနေ့များမှာ ကြာသပတေးနေ့ က ကျဆင်းခဲ့သော ဈေးဟာ သောကြာနေ့ နံက်ပိုင်းမှာ ငြိမ်သွားခဲ့ပါတယ်။ ဒါဟာ သောကြာနေ့ ထွက်မယ့် NFP ကို
စောင့်နေကြတယ်လို့ ဆိုလိုရသလို ရောင်းသူဝယ်သူ ပေါက်ဈေး မကြိုက်တဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။  သောကြာနေ့ ညနေမှာ ဖြစ်ပေါ်ခဲ့တဲ့ NFP အချိန်တွင် ရုတ်တရက် တက်သွားသော ဈေးနှုံးဟာ ၀ယ်သူအများအပြားဟာ
လိုက်မသွားခဲ့ကြပါဘူး။ ဒါကြောင့် ဈေးဟာ ပြန်ကျခဲ့ပါတယ်။ NFP ကစားသူ အချို့ကြောင့် ဈေး ဟာ အတက်အကျ ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်မှာ မူလ ဈေးထက် အနည်းငယ် လျော့နည်းသော ဈေး နှုံးရောက်တဲ့ အချိန်မှာ သောကြာနေ့ ဈေးကွက်ပိတ်ခဲ့ပါတယ်။ ဒါဟာ ယနေ့ တနင်္လာနေ့ မှာ ဈေးထက်တက်နိုင်တဲ့ position ဖြစ်ပေါ်ခဲ့သော်လည်း ထိုနေ့ အပိတ်ဈေးကို ၀ယ်သူတွေ မနှစ်သက်ခဲ့ပါဘူး ။ မဖြစ်မနေ ရောင်းသူအချို့ရဲ့ လိုအပ်ချက်ကြောင့် ဈေးဟာ အနည်းငယ် ပြန်ကျခဲ့သော်လည်း ထို အကျဈေးကို ၀ယ်သူ အချို့က နှစ်သက်ပြီးတော့ ပြန်တွန်းတင်ခဲ့ပါတယ်။



PM 1:55 ယနေ့ နေ့လည် အချိန်မှာတော့ နေ့လည် အချိန် Eprope/Berlin ဈေးကွက်ဖွင့်ချိန် PM 12:30 နှင့် Europe/London ဈေးကွက်ဖွင့်ချိန် PM 1:30 အချိန်တွေမှာတော့ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးပါဘူး။ သောကြာနေ့က အကျိုးသက်ရောက်မှု ဟာ ဒီသီတင်းပတ် ပထမရက်အတွက် ရက်ဆက်နေ့များလို သိသိသာသာ မရှိစေပါဘူး ။ ယနေ့ အတွက်က တော့ Trader တွေဟာ ဘယ်သူ ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်နေကြပါတယ်။ Data News တစ်ခုခု ဖြစ်ပေါ်လာတာဟာ ဈေးကွက် ဈေးနှုံးကို တိုက်ရိုက်ပြောင်းလဲ လိုက်တာ မဟုတ်ပါဘူး။ ထို Data, News တွေကြောင့် ခန့်မှန်းတက်ကြသော သူများ (Trader, Investor ..etc ) စသည် ဖြင့် သူတို့ဟာ နောင်ဖြစ်လာမယ့် အလားအလာပေါ် ခန့်မှန်းပြိး ဈေးကွက်မှာ ၀ယ်ရောင်းကြပါတယ်။ ထိုသူတွေ ၀ယ်ရောင်းလုပ်လို့ ဈေးစလှုပ်ပြီးဆိုတာနဲ့ သူတို့နောက်က Follower တွေဟာ လိုက်ကြပါတယ်။ အဲ့ဒီမှာ တဆင့်ထက် တစ်ဆင့် များလာပြီး ဈေးကွက် ကို ကိုင်လှုပ်တော့ တာပါပဲ။ ကျွန်တော်တို့ သတိထား ရမှာက Price ဟာ တစ်နှစ် အတွင်း အမြင့်ဆုံးဈေး သို့မဟုတ် အနိမ့်ဆုံးဈေး နေရာ ရောက်ရှိမနေပါက လက်ရှိ ဖြစ်ပေါ်နေတဲ့ ပေါက်ဈေး ကို လစ်လျူရှု့ထား နိုင်ရပါမယ်။ ဈေး ကွက်ဟာ ငြိမ်နေရာမှ ဘယ်ဘက်ကို ဦးတည်သွားသလဲ ဆိုတာကိုပေါ့။ ကျွန်တော်တို့အနေနဲ့ ဈေးကွက်ကို တိုက်ရိုက်ခန့်မှန်းဖို့ ရာ အင်အားမရှိပါဘူး ။ သို့သော်လည်း ခန့်မှန်းသင်ယူ တာကတော့ တွဲပြီး လုပ်သွားရမှာ ဖြစ်ပါတယ်။ ထိုသို့ တိုက်ရိုက်ခန့်မှန်းနိုင်စွမ်း မရှိတဲ့အတွက် ခန့်မှန်းနိုင်သူတွေ နောက်ကနေပြီး Follower လုပ်ရမှာ ဖြစ်ပါတယ်။
မရှိမဲ့ရှိမဲ့ အသိလေးနဲ့ ခန့်မှန်းရမယ် ဆိုရင် လောလောဆယ် Price ဟာ ဘယ်ဘက်သွားရမှန်း မသိပါဘူး ။ Time Frame အကြီးတွေ အရတော့ ဈေးကျမယ်လို့ ပြနေပါတယ်။ ကိုယ့်လိုပဲ အခြားလူတွေ က ကျမယ်လို့ ထင်နေကြမှာဖြစ်ပါတယ်။ ဒီတော့ ၀ယ်ဖို့ စိတ်ဝင်စားမှု အားက နည်းနေပါတယ်။ ရောင်းဖို့ စိတ်ကူးနေကြပါတယ်။ ကျွန်တော်တို့ ရောင်းရင် ဘယ်သူဝယ်မလဲ ၀ယ်မယ့်သူရှိနေပါ့မလား။ 












မနေ့က 1132.69 ထိ NFP တွင် ရောက်ရှိသွားသော်လည်း ပြန်ကျ ပြန်တက် ပြီးတော့ နောက်ဆုံး ပြန်ဆင်းလာတာ ကတော့ Supply 2 ပဲ ဖြစ်ပါတယ်။ ကျဈေးမှာတော့ လွန်ခဲ့တဲ့ သုံးပတ် အတွင်းဖြစ်ခဲ့သော် Demand 1 ကို မဖြတ်ကျော် ကြသေးပါဘူး။ ဒါဟာ Demand 1 ထက်နိမ့်သော ဈေးကို ရောင်းသူ စိတ်မ၀င်စားကြတဲ့ သဘောပါပဲ။ ဒီနေ့ မှာလည်း Supply 1 တစ်ခု Create လုပ်ပြီး ဒုတိယ အကြိမ် ထပ်မံ Supply 1 ကိ ချည်းကပ်ခဲ့တာ တွေ့ပါတယ်။
ဒီအချိန်မှာ price ဟာ ဘယ်သွားရမှန်း မသိသေးတယ်ဆိုတာ ရောင်းသူဝယ်သူ ဘာလုပ်ရမှန်း မသိတာပါပဲ။ Price action တွေကြောင့် လူတွေဟာ Indicators တွေကို ဖန်တီးကြပါတယ်။ ပြီးတော့ Indicators တွေကို ကြည့်ပြီးတော့ လူတွေက အရောင်းအ၀ယ်လုပ်ကြပြန်တယ်။ အဲ့ဒီလုပ်ကြတဲ့ အရောင်းအ၀ယ်တွေ ကပဲ Price action တွေကို ဖြစ်စေပြန်တယ်။ သဘောကတော့ ယခုလို price ဟာ ဘယ်သွားလို့ ဘယ်လာရမှန်း မသိတဲ့ အချိန်ဟာ Indicators တွေရဲ့ ခေါ်ဆောင်ရာ နောက်သို့ လိုက်ကြတော့မယ် ဆိုတဲ့ အခြေအနေပါပဲ။
ကျွန်တော်တို့ Indicators တွေကို ဆန်းစစ်ကြည့်ကြရအောင်