Saturday, February 13, 2016

Guide to Fundamental Analysis of the Currency Market (၁)



ဒီ Guide မှာ ကျွန်တော်တို့ လေ့လာသွားကြရမှာကတော့ Step-by-step plan နဲ့ အတူ ကမ္ဘာလုံးဆိုင်ရာ စီးပွါးရေး ပတ်ဝန်ကျင် ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်မှု တွေ အပေါ်မှာ analyzing လုပ်ဖို့နဲ့ ဘယ်လို ငွေကြေး Currency တွေ ကို ၀ယ်ဖို့ ဒါမှမဟုတ် ရောင်းဖို့ ဆိုတာကို deciding ဆုံးဖြတ်ချက်ချဖို့ အတွက်ကို လေ့လာသွားကြမှာ ဖြစ်ပါတယ်။ 

Fundamental and Technical Analysis (FA and TA) ဆိုတာ market conditions တွေအမြဲတမ်း ပြောင်းလဲနေတဲ့ အခြေအနေအောက်မှာ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်  အလားအလာရှိတဲ့ အခြေအနေတွေ ကို Forex Traders တွေ တစ်ဦးမှ တစ်ဦး၊ တစ်ဖွဲ့မှ တစ်ဖွဲ့လက်ဆင့်ကမ်း ပေး လမ်းညွန်မှု ပေးခဲ့တဲ့ နည်းစနစ် များ ဖြစ်ပါတယ်။ Beginner တွေနဲ့ ၀ါရင့် traders တွေ နှစ်ဦးစလုံးဟာ  ကျွန်တော်တို့ ဆက်လက်လေ့လာမယ့်  အချက်အလက်များက အကျိုးများစွာ ရရှိနိုင်ပါတယ်။ သို့သော်လည်း ၀ါရင့်တွေကတော့  ပိုမို ထူးချွန်အောင် ဂရုတစိုက် သင်ကြား သင်ယူလေ့ရှိကြပါတယ်။ သူတို့ဟာ ညီမျှခြင်း ရဲ့ FA side အပေါ်မှာပဲ အဓိက အချိန်တွေကို မဖြုန်းတီး တက်ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့ လူသားတွေ ဖန်တီးထားသော တောင်တွေလောက်ရှိတဲ့ Data တွေကို လက်သင့်ခံဖို့ နဲ့ ဖတ်ဖို့ အတွက် လုပ်နိုင်စွမ်းအားတွေ၊ ဒါမှမဟုတ် ထိုသူတို့ရဲ့ သတင်းသော့ချက်တွေ၊ သတင်းရင်းမြစ် resources တွေ ဟာ သူတို့(၀ါရင့်တွေ) ဆီမှာ မရှိပါဘူး။
Large banks, hedge funds တွေနဲ့ institutional investors တွေမှာ အဲ့ဒီ resources တွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒါတွေ သူတို့ဆီမှာ ရှိနေတာတောင်မှ ဈေးကွက် ဟာ ဘယ်လို ပြောင်းလဲမှု အပေါ်မှာ forces ရှိနေတယ် ဆိုတာကို ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ ဒါဟာသူတို့ အတွက် မှန်ကန်တဲ့ ခန့်မှန်းချက်တွေ တွက်ထုတ်တဲ့အခါမှာ ခက်ခဲတဲ့ အချိန်တစ်ခုအဖြစ် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတက်ပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာ ကြီးမားတဲ့ အခွင့်အရေးတွေကို ဘယ် currency pairs တွေက ရနိုင်ပါသလဲ။ ဒါကို ဖော်ပြပေးနိုင်တဲ့ အမျိုးမျိုးသော existing monetary policy လက်ရှိငွေကြေးဆိုင်ရာ မူဝါဒများ၊ the interplay of key variables နှင့် market direction တွေ ရှိပါတယ်။ ဒါတွေကို ယေဘုယျ ခံစားချက် တစ်ခု အနေနဲ့ ဆုံးဖြတ်ချင်တယ် ဆိုရင် FA ကို ရိုးရှင်းစွာပဲ အသုံးပြုဖို့ ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လို Trader တိုင်း ရဲ့ ရည်မှန်းချက်ကတော့ နေ့စဉ် နေ့တိုင်း Market ရဲ့ အခြေအနေကို အကဲ ဖြတ် ပြီးတော့ ကျွန်တော်တို့ ရဲ့ strategy နည်းဗျူဟာ အရ modify လုပ်ဖို့ ပဲ ဖြစ်ပါတယ်။ Each and every trading day အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်၊ အောင်မြင်မှု တို့ အတွက် မရှိမဖြစ် အသုံးပြုရမယ့် လက်နက် (Tools) တွေကတော့ FA နဲ့ TA တို့ပဲ ဖြစ်ပါတယ်။
-       1st Step: Study the macroeconomic arena
-       2nd Step: Study global monetary environment
-       3rd Step: 

1st Step: Study the macroeconomic arena
ကျွန်တော်တို့ ဟာ ချမ်းသာကြွယ်ဝမှု ကို လိုချင်တယ်၊ တည်ဆောက်ဖို့ ဆိုရင် Analytical Structure တစ်ခု ကို ဖန်တီး ကို ဖန်းတီးရပါမယ်။ ဒါဟာ လုပ်ကို လုပ်ရမှာပါ။ ကျွန်တော်တို့ ဒီ Structure ကို ဖန်တီးရာမှာ ကျွန်တော်တို့ ပထမဦးစွာ လုပ်ရမှကတော့ သူ့ရဲ့ အခြေခံ ကစပြီး တည်ထောင်ဖို့ပဲ ဖြစ်ပါတယ်။ Basis of our analysis က တော့ Global scale အောက်မှာ ရှိနေတဲ့ macroeconomics (ကျယ်ပြန့်သော အမြင်ဖြင့် စီးပွါးရေးဆိုင်ရာ လေ့လာမှု) တွေကို သင်ယူမှုတွေ ထဲမှာ ပါဝင်ပါတယ်။ လိုရင်းပြောရရင်တော့ Basis of our analysis ဟာ macroeconomics အောက်က ခေါင်းစဉ်ခွဲ တစ်ခုပေါ့။ Lowest level မှာရှိနေတဲ့ data ကို စစ်ထုတ်ဖို့နဲ့ dynamics of currency pairs တွေဆီကို ရောက်ဖို့ Highest level မှာ background ကို ကျွန်တော်တို့ အရင် သက်သေပြုဖို့ လိုပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ ဒါကို စ လုပ်တဲ့အခါမှာ cyclical dynamics, the monetary policies of major central banks and a few other indicators တွေကို စစ်ဆေးဖို့ လိုပါလိမ့်မယ်။
အတိက်က Past behavior of Monetary institutions တွေမှာ သူတို့ရဲ့ အနာဂတ် ရွေးချယ်မှုတွေ ကို ကြီးမားတဲ့ ဆက်စပ်မှုတွေ ရှိနေပါတယ်။  ။ Future direction of the markets - အနာဂတ် ဈေးကွက်လားရာကို analyzing လုပ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ စိတ်ကူးထဲမှာ သမိုင်းနဲ့ ဆိုင်တဲ့ အချက်အလက်တွေ ကို သိမ်းဆည်းထားဖို့ လိုပါသလား။ ဘာကြောင့် သိမ်းဆည်းထားဖို့လိုပါသလဲ။ ဆက်ပြီးလေ့လာကြရအောင်ပါ။
ပထမ အဆင့် က တော့ ကျွန်တော်တို့ အတိတ်ဖြစ်ရပ်၊ ပစ္စုပ္ပါန် ဖြစ်ရပ် တွေဟာ အနာဂတ်ဖြစ်ပေါ်လာမှု နဲ့ ဖြောင့်ဖြောင့် ကြီး ဆက်စပ်နေပါတယ်။ Global scale အရ Boom period အတွင်းမှာ မတည်ငြိမ်မှု (volatility) တွေဟာ ကျဆင်းလာမယ်။ ငွေဖြစ်လွယ်ခြင်း (liquidity) ကြောင့် ကြွယ်ဝချမ်းသာလာကြမယ်။ Bust period အတွင်းမှာတော့ ဆန့်ကျင်ဘက် အဖြစ်အပျက် ဖြစ်ပေါ်လာပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် Data တွေကနေပြီးတော့ noise တွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိဖို့ ဆိုတာကတော့ တော်တော် အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေး ရဲ့သားကောင် (a victim of political) ဖြစ်သွားပါလိမ့်မယ်။ Media တွေရဲ့ လှည့်ဖြားမှုကို ခံရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ analysis ဟာ ကျရှုံးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အထက်မှာ ပြောခဲ့သလိုပဲ Data တွေက noise တွေကို ဖယ်ရှားတက်ဖို့ လိုပါတယ်။
Decide on the phase of the cycle.
ကျွန်တော်တို့ ပထမ ဦးစွာ ဆုံးဖြတ်ချက် ချရမှာကတော့ လက်ရှိအခြေအနေဟာ global scale တစ်ခုမှာ ရှိနေတဲ့ the phase of economic cycle ပါပဲ။ Boom လား၊ Bust လားပေါ့။ ကျွန်တော်တို့ Global default rates တွေကို စစ်ဆေးရမှာကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအရံ စုဆောင်းမှု များနဲ့  အဓိက အင်အားကြီးစီးပွါးရေး လုပ်ငန်းများရဲ့ ဘဏ်ချေးငွေ စစ်တမ်း တွေကိုပါပဲ ဖြစ်ပါတယ်။ ဒါဟာ global economic cycle ရဲ့ changing phase ကို သတိထားမိနိုင်စေရန် အတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ဒုတိယအဆင့် indicators တွေဖြစ်ပြီးတော့ phase of the cycle ကို အနည်းငယ်နောက်ကျပြီး ပြနေရင်တောင်မှ confirm ယူလို့ ရပါတယ်။
Phase of cycle ဟာ ခုနက ပြောခဲ့သလို နောက်ကျပြီး ပြတာတောင် confirm ယူရပေမယ့် သူတို့ဟာ still safe ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ market actors တွေဟာ အဲ့ဒီ data တွေဟာ အရေးကြီးတယ်ဆိုတာကို လက်ခံဖို့ မကြာခဏ ငြင်းပယ်လေ့ ရှိကြပါတယ်။ ဘယ်အချိန်ထိ အောင် ငြင်းပယ်ကြသလဲ ဆိုတော့ phase of cycle ရဲ့ တော်တော် နောက်ကျမှ ဖြစ်ပေါ်လာတက်တဲ့ စက်မှုထုတ်ကုန်တွေ ကျဆင်းခြင်း နဲ့ အလုပ်လက်မဲ့ ဖြစ်ပေါ်တိုးတက်လာခြင်း တွေ သေချာ confirm ဖြစ်လာတဲ့ အချိန်ထိအောင်ငြင်းပယ်လေ့ ရှိကြပါတယ်။ 

နည်းပညာ ဆန်းသစ် တီထွင်မှု - technological innovations တွေ၊  နိုင်ငံရေး အရ ဖြစ်တည် လာသော ပတ်ဝန်းကျင် - political environment ၊  ပေါ်ထွက်လာသော ဈေးကွက် အခြေခံ သဘောတရားတွေ - emerging market fundamentals  ကို စစ်ဆေးခြင်း
လက်ရှိ ဖြစ်ပေါ်နေတဲ့ Phase of cycle ဟာ ဘာ Phase ဖြစ်နေလဲ။ Boom phase လား ဒါမှမဟုတ် Bust phase လား ဆိုတဲ့ ဆုံးဖြတ်ချက် ပေါ်မူတည်ပြီးတော့ global scale တစ်ခု အပေါ်မှာ ရှိတဲ့ ကုန်ထုတ်စွမ်းအားတွေ တိုးမြင့်လာနိုင်သလား၊  ပြီးတော့ Non-inflationary economic expansion period တစ်ခုကို ဖန်တီးနိုင်တဲ့ dynamics တွေလား ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ကျိုးစား ရပါလိမ့်မယ်။
Emerging economies (ထွန်းသစ်စ စီးပွါးရေး) တွေဟာ ကမ္ဘာနဲ့ အ၀ှမ်းဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် အသစ်အသစ်သော နည်းပညာများ ကို ရယူအသုံးချလာတဲ့ အခါမှာ ပြီးတော့ အခြေခံ စက်မှုထုတ်ကုန် အသစ်တွေကို ဖန်တီးလာတဲ့ အခါမှာ ကုန်ထုတ်စွမ်းအားတွေဟာ မြင့်တက်လာပါတယ်။ ဒါဟာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွါးရေး ဖောင်းပွမှု မဟုတ်တဲ့အတွက် တိုးတက်မှု နှုံးဟာ ရေရှည်တည်တံ့လာနိုင်တယ်လို့ ပြောလို့ရပါတယ်။
အလားတူပဲ လေကြောင်းခရီးသွားလုပ်ငန်း၊ mass production - အစုလိုက် အပြုံလိုက် ထုတ်လုပ်မှု၊ ဒါမှမဟုတ် အင်တာနက် ကဲ့သို့သော နည်းပညာ အသစ်လုပ်ငန်းတွေဟာ ပထမပိုင်းအခြေအနေ အကောင်အထည်ဖော်တဲ့ အခါမှာ ထုတ်လုပ်မှုကုန်ထုတ်စွမ်းအား ဟာ တိုးမြင့်လာပါလိမ့်မယ်။ ပြီးတော့ ပစ္စည်းဥစ္စာ များပြားလာ ပြီး ၀ယ်လိုအား တွေတိုးပွားလာပါလိမ့်မယ်။ အရာရာကို ငွေကြေး ဖောင်းပွတာ မျိုး မဟုတ် ပဲ တသမတ်တည်း တိုးတက် ပြောင်းလဲလာမယ့် ကာလတစ်ခုကို ဦးဆောင်သွားနေပါလိမ့်မယ်။ ဒျါိက ယေဘုယျ အားဖြင့် technological innovation တွေကို စစ်ဆေးချက် အချို့ကို ဖော်ပြပေးတာ ဖြစ်ပါတယ်။
Global Political environment အရ ကမ္ဘာ့နိုင်ငံရေး ပတ်ဝန်းကျင် မှာလည်းပဲ ကြီးမားတဲ့ ငွေဖောင်းပွမှု တွေဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေး အတက်အကျပေါ်မူတည်ပြီးတော့ ဖြစ်ပွားတက်ပါတယ်။ ဥပမာ ပြရရင် ၁၉၇၀ နှစ်များက European Research Area (ERA) high inflation  မြင့်မားတဲ့ငွေကြေးဖောင်းပွမှုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဘာကြောင်ဖြစ်ပေါ်လာရသလဲ ဆိုတော့ နိုင်ငံရေး နဲ့ ပက်သက်တဲ့ အကြောင်းတရားများ သြဇာလွမ်းမိုးမှုကြောင့် ပေါ်ထွက်လာတဲ့ economic fundamentals ကြောင့်ပဲ ဖြစ်ပါတယ်။ အလားတူစွာ ပထမကမ္ဘာစစ်ရဲ့ ကြေကွဲဖွယ်ရာ နောက်ဆက်တွဲမှာ ဂျာမဏီ နိုင်ငံဟာလည်း ခေါင်ခိုက်အောင် ကုန်ဈေးနှုံးတက်မှု ဒဏ်ကိုခံခဲ့ရပါတယ်။ ဒါဟာ စီးပွါးရေး ဖြစ်စဉ် အဖြစ်အပျက် ကို ပုံမှန်လမ်းကြောင်းပေါ်ကနေ သွေဖယ်စေခဲ့တဲ့ အကြောင်း အရင်း တစ်ရပ်လည်းဖြစ်ခဲ့ပါတယ်။
ပထမ အဆင့်အနေနဲ့ ကောက်ချက် ချရမယ်ဆိုရင် ။       ။ဖွံ့ဖြိုးတိုးတက်လာတဲ့ global environment တစ်ခုကတော့ ကုန်ထုတ်စွမ်းအားကို အကျိုးဖြစ်ထွန်းစေမှာကတော့ အသေအချာပါပဲ။ ဒါဟာ Boom Phase တစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ technological innovations တွေဟာ fully absorbed ဖြစ်သည့်တိုင်အောင်ကို ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ သို့သော် ဒီဖြစ်ရပ်တွေဟာ အလွန်တရာကြီးမား စွာပဲ ပူပေါင်းတွေ ဖန်တီးနေသလို တွန်းပို့နေတာ ဖြစ်ပါတယ်။
အကယ်၍ cycle ဟာ bust phase ဘက်ကို ဖြတ်သွားနေပြီးဆိုရင်တော့  အားလုံးသော speculative activity တွေဟာ ပြန်လည် ထိန်းချုပ်ခံ လိုက်ရပြီ ဖြစ်ပါတယ်။ Carry trades တွေနဲ့ aggressive emerging market တွေ ကစားနေတာကို လျော့ချလိုက်ရပါမယ်။ leverage တွေကို လျော့ချပစ်ရပါမယ်။ currency pairs တွေဟာ အောက်ခြေသို့ ရောက်ရှိနေသကဲ့သို့ long-term positions တွေကို ရွေးချယ် တည်ထောင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ Cycle ဟာ boom phase ကို ဖြတ်သွားနေပြီ ဆိုရင် အဲ့ဒီအချိန်ဟာ correlation studies and money management methods အတိုင်း ကျွန်တော်တို့ရဲ့ risk portfolio တည်ဆောက်ရန် နဲ့ ကျွန်တော်တို့ရဲ့ risk allocations  ကို manage လုပ်ရန် ပဲ ဖြစ်ပါတယ်။
နားပါဦးမယ်..
အောင်မြင်ပါစေ…..
          ****Nonentity Trader