Saturday, May 23, 2015

ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင် Forex Trading Plan တည်ဆောက်ခြင်း

Forex Trading Plan ဆိုတာ ဘာပါလဲ..။
ဘာကြောင့် ကျွန်တော်တို့ Plan လိုအပ်ပါသလဲ
အဲ့ဒီ Plan ကို ဘယ်လို ရေးဆွဲမလဲ

------------------------------------------------------------------------------------------------------
Forex trading plan တစ်ခုရှိခြင်းဟာ တသမတ် အမြတ်အစွန်းထွက်ရရှိနေသော Trader တစ်ယောက် ဖြစ်လာဖို့ အတွက် အရေးကြီးသော အကြောင်းအချက် များစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်..။ များလှစွာသော Traders တွေ အတွက် Forex Trading Plan တစ်ခု ကို တည်ဆောက်ရာတွင် ကိုယ်တိုင် မလုပ်နိုင်တဲ့ အရာတွေ သို့မဟုတ် မဖြစ်နိုင်ဘူးလို့ ထင်တဲ့ အရာတွေ နဲ့ ဖန်တီးထားတယ် လို့ မြင်ကောင်း မြင် နိုင်ပါတယ်.။ သူတို့ဟာ နောက်ဆုံးတော့ ဒါတွေကို ကောင်းကောင်းကြီးကို လုပ်နိုင်ကြပါတယ်..။
ခပ်ပေါ့ပေါ့ တွေးလေ့ရှိတဲ့ အတွေးအခေါ်တွေဟာ Traders တွေကို သူတို့ရဲ့ Trading accounts တွေ ကျရှုံးစေနိုင်တဲ့ ပြဿနာ နဲ့ အခြားကိစ္စ ရပ်တွေကို ပြုလုပ်မိစေပါတယ်..။ ဈေးကွက်တွေထဲက ရရှိတဲ့ အောင်မြင်မှု ဆိုတာ စည်းကမ်းဥပဒေ ရှိခြင်းရဲ့ အခမ်းအနား တစ်ခုပဲ..လို့ ပြောနိုင်ပါတယ်..။ ပြီးတော့ လူအများစုဟာ သူတို့ရဲ့ စိတ်ခံစား လွယ်စွာ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ Trade လုပ်နေကြတယ် ဆိုလျှင် ဆုံးဖြတ်ချက် ချဖို့အတွက် ကိုယ်ပိုင် နည်းဥပဒေသ လုံလုံလောက်လောက် အလွယ်တကူ မရှိကြပါဘူး..။ Forex trading plan ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ကို ဖေါ်ပြရမယ် ဆိုရင်….. Trading Plan တစ်ခုဟာ စည်းကမ်းဥပဒေ ရှိသော Trading လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ အနေနဲ့ တည်ရှိနေနိုင်ဖို့အတွက် လမ်းညွန်ချက် တစ်ခုကဲ့သို့ ပါဝင်ကပြ အသုံးတော်ခံမှာ ဖြစ်ပါတယ်..။
အကြို အဓိပ္ပါယ် ဖွင့်ဆိုချက် အနေနဲ့ ဖေါ်ပြရမယ် ဆိုလျှင် Trading plan ဟာ ကျွန်တော်တို့အား အချို့အရာတွေ အတွက် မိမိကိုယ်ကို တာဝန်ခံမှု အဖြစ် ဆုပ်ကိုင်ထားရန် လုံ့လ တစ်ခု ပြုလုပ်နေတယ်လို့ ဆိုပါတယ်..။ ဒါဟာ forex trading success ဖြစ်ဖို့ အတွက် လိုအပ်နေတာ ဖြစ်ပါတယ်..။ ဘာကြောင့်လည်း ဆိုတော့ Trader တစ်ယောက်အတွက် တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ ဘယ်သူမှ မရှိလို့ပါပဲ..။ Markets တွေကို Trade လုပ်သောအခါမှာ ကျွန်တော်တို့မှာ ကျွန်တော်တို့ ကိုယ်တိုင်ပဲ တာဝန်ခံမှု ရှိပါတယ်..။ the BEST THING FOR YOUR TRADING ACCOUNT, ကျွန်တော်တို့ရဲ့ Trading account အတွက် အကောင်းဆုံး ကံကြမ္မာ ကို ပြုလုပ်နိုင် ဖို့ အလွန့်အလွန် ခက်ခက်ခဲခဲ ကိစ္စရပ်တွေကို Trading Plan က တက်နိုင်နေပါတယ်..။ ဒါဟာ ၀င်မှတ်တွေ ရှိတဲ့ Trading plan ပါ..။ ဘယ်လို အခွင့်အရေး ပေးလာတဲ့ အချိန်မှာ မဆို ရှိနေတဲ့ ကျွန်တော်တို့ရဲ့ trading account အတွက် အကောင်းဆုံး အရာဟာဘာလဲဆိုတာကို မှတ်ထားပေးမယ့် ရုပ်ပိုင်းဆိုင်ရာ မှတ်တမ်း တစ်ခု ရှိနေမယ် ဆိုတာပါပဲ..။
ကျွန်တော်တို့ ဟာ ဈေးကွက် ရဲ့ ပြောင်းလဲမှုများစွာကို လွန်ကဲစွာ စီစစ်နေခြင်း အားဖြင့် တွန်းတိုး လှုပ်ရှားနေတယ်။ ထိုအခါ ကျွန်တော်တို့ရဲ့ Trading account ဟာ ချိနဲ့နဲ့ ဝေဒနာခံစား နေရသူအဖြစ်သို့ သွားနေကြရတယ်လို့ ခံစားနေရပါရော..။ ဒါဟာ အကြီးမားဆုံးသော ၀ိရောဓိ ဖြစ်စေတဲ့ စိတ်ဓါတ်ရေးရာ ဖြစ်ပေါ်မှု နှင့် အခက်အခဲ အကြပ်အတည်း တစ်ခုပါပဲ..။ Trader တွေ ဟာ market technicians တွေကဲ့သို့ သူတို့ရဲ့ စွမ်းရမ်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော် အသုံးပြုနိုင်ခြင်း မရှိခင်မှာပဲ အောင်မြင်ကျော်လွှားချင် နေကြပြန်ပါတယ်..။ ဒီအဖြစ်မှန်က ဈေးကွက်မှ ဆုလတ်အဖြစ် ချီးမြင့်စေတဲ့ patience in Forex trading ဆိုတဲ့ အမြင်သဘောထားကို တိုက်ရိုက် ပက်သက် ဆက်စပ်နေပါတယ်..။ Patience သည်းခံနိုင်မှု ဟာ အကောင်းဆုံး ထဲက တစ်ခု ဖြစ်ပြီးတော့ ဘယ် trader မဆိုရယူနိုင်တဲ့ most important virtues အကောင်းဆုံး အရေးကြီးတဲ့ သူတော်ကောင်းတရား လည်း ဖြစ်ပါတယ်..။ the best Price Action တွေအတွက် ကိုသာ စိတ်ရှည် သည်းခံ မလောပဲနဲ့ စောင့်ဆိုင်း နေခြင်းသည် ကျွန်တော်တို့ရဲ့ အောင်မြင်မှု နှုံးကို ကြီးပွား တိုးတက်လာအောင် စွမ်းဆောင်ပါတယ်..။ ကျွန်တော်တို့ ရဲ့ ယုံကြည်ချက် ကိုလည်းပဲ ထို့အတူ ဖြစ်စေပါတယ်..။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ ဟာ တိကျမှန်ကန်ဆုံး နည်းစနစ် တစ်ခုနှင့် Trading လုပ်သောအခါ ယုံကြည်ချက် ကို မြှင့်တင်ရန် အတွက် သဘာဝ အတိုင်း သွားနေတာကြောင့် ဖြစ်ပါတယ်..။
ဒါဟာ အားလုံးအတွက် ကောင်းလည်း ကောင်းပါတယ်..။ ပိုမို နှစ်သက်စရာလည်း ဖြစ်စေပါတယ်..။ ကျွန်တော်တို့ရဲ့ winning percentage ကို တိုးတက်စေသကဲ့သို့ ကျွန်တော်တို့ရဲ့ သည်းခံနိုင်မှု စွမ်းအားကို ထိမ်းသိမ်းနိုင်ဖို့အတွက် စီမံ ရာလည်း ရောက်ပါတယ်..။ ဒီ သည်းခံနိုင်မှုဟာ Traders တွေအတွက် အောင်မြင်ဖို့ ပထမဆုံး မြင်ရတဲ့ အကြောင်းအရာ တစ်ခုဖြစ်သလို ပြောင်းပြန်ဆိုရသော် သည်းမခံနိုင်မှုဟာ Traders အများစုရဲ့ ကျဆုံးစေတဲ့ အကြောင်းပြချက် များစွာထဲက တစ်ခုဖြစ်ပါတယ်..။ ရွှင်လန်းဝမ်းမြောက်ခြင်း ၀မ်းသာပီတိ သို့မဟုတ် စိတ်ချယုံကြည်မှု လွန်ကဲခြင်း တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ် တစ်ခုရဲ့ နောက်ကွယ်က စိတ်ခံစားချက်ဟာလည်းပဲ မကြာခဏ Traders တွေကို ထိုးနက်ပါတယ်.။ ဘယ်လို ထိုးနှက်သလဲဆိုတော့ ဥပမာ - သူတို့ဟာ သူတို့ရဲ့ Trades တွေထဲမှာ ပိုမို တိကျသော အခြေအနေ ဖြစ်ပေါ်လာသလိုမျိုး ခံစားရလာတာ ဖြစ်ပါတယ်..။ High quality Setup တစ်ခုအတွက် စောင့်ဆိုင်းရန် ကြာရှည် သည်းခံနိုင်မှု မျိုး ကို အမြဲတမ်းနီးပါး လုပ်နေရတာကို မလုပ်ချင်လာတဲ့ ခံစားချက်များ ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ..။
Traders အများစု ဖြစ်လေ့ရှိသော emotional trading mistake တွေကို ကုစားရန် အကောင်းဆုံးကုသနည်းကတော့ အချိန်အပိုင်းအခြားတစ်ခု သူတို့ရဲ့ trade station မှ အဝေးသို့ လမ်းလျှောက်ထွက်သွားခြင်း အားဖြင့် မိမိတို့ရဲ့ခံစားချက် အပေါ်မှာ မတုန်မလှုပ် သတိရှိစွာ ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်..။ ရွှင်လန်းဝမ်းမြောက်ခြင်း သို့မဟုတ် ယုံကြည်ချက်လွန်ကဲ ခြင်း ဆိုတဲ့ ခံစားချက်တွေကိုလည်းပဲ ထို့အတူ ပါဝင် အသိအမှတ်ပြုထားရမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ရဲ့ trading success အားလုံးကို တမင် ဖျက်ဆီးစေနိုင်တဲ့ ၀မ်းသာပီတိဖြစ်သော ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို သည်းခံနိုင်အောင် နာလည်းသဘောပေါက်အောင် အခြားသော နည်းဗျူဟာတွေ ထဲက တစ်ခုခု ကိုလည်း ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်..။ အကယ်၍ note cards တွေကို ပြုလုပ်ရန် ကျွန်တော်တို့ လိုအပ်လာလျှင် ပြီးတော့ ကျွန်တော်တို့ ရဲ့ trading desk ပေါ်မှာ သူတို့ကို နေရာချထား မယ်ဆိုရင် ဒီလို ပြောရပါလိမ့်မယ်..။ Trades တွေ အောင်မြင်ပြီးနောက် ၀မ်းမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို နားလည်သဘောပေါက်လိုက်ပါ..။ သို့မဟုတ် စိတ်ရှည် သည်းခံနေမှုကို မရပ်တန့်ရပါဘူး..။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်တော်တို့မှာ winning trade တစ်ခု ရှိခဲ့တယ် ဆိုပါတယ်...။ ဒါတွေ အားလုံးဟာ ဖြစ်ခဲ့တယ် ဆိုတာပါပဲ..။
winning trade တစ်ခု သို့မဟုတ် winning trades တွေ ဆက်တိုက် ဖြစ်ပေါ်မှု တစ်ခု ဖြစ်ပေါ်ပြီးနောက်..အချိန်ပိုင်း ဟာ pros traders တွေမှ အပျော်တမ်း traders ကို ခွဲခြားလိုက်တဲ့ အချိန်ထဲက တိကျတဲ့ အမှတ်ပါပဲ..။ Pro traders တွေဟာ သူတို့ရဲ့ Trading လှုပ်ရှားမှုတွေ က သူတို့ရဲ့ စိတ်ခံစားမှုတွေအပေါ် သြဇာလွှမ်းမိုးနေ သလား မလွှမ်းမိုးဘူးလား ဆိုတာနဲ့ သူတို့တွေ ဟာ ဘယ်လိုခံစား နေရသလဲ ဆိုတာကို နဲ့ သတိရှိစွာ အမြဲတမ်း နားလည် သဘောပေါက်နိုင်ကြပါတယ်..။
ကျွန်တော်တို့ရဲ့ Trading လှုပ်ရှားမှုတွေ အပေါ်မှာ စိတ်ခံစားလွှမ်းမိုးမှုတွေ မရှိရလေအောင် အကောင်းဆုံး နည်းလမ်းများစွာထဲက တစ်ခုကတော့ Trading Plan လို့ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ အရာ တစ်ခု ရှိဖို့ပါပဲ..။ ဒါဟာ ပေးလာတဲ့ ဘယ်ဈေးကွက် ရဲ့ အလားအလာမျိုး မဆိုထဲက မင်းဘာလုပ်မှာလဲ ဆိုတာကို အခိုင်အမာ လက်ဆုတ်လက်ကိုင်ပြနိုင်သော စည်းကမ်းသတ်မှတ်ချက်များ နဲ့ ဖော်ပြထားပါတယ်..။ Traders အများဟာ Trading plan တစ်ခု ရရှိဖို့ ကြံစည်အားထုတ်ခြင်း မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ အစစ်အမှန် အသေအချာ ဘယ်ကနေစရမယ် ဆိုတာ သို့မဟုတ် ဘယ်လိုစရေးရမယ် ဆိုတာ မသိပါဘူး..။ ၄င်းဟာ အကျိုးသက်ရောက်မှု ရှိစေရန် ခက်ခဲ ရှုတ်ထွေးစေခြင်း သို့မဟုတ် အလွန့်အလွန် ကာလ ရှည်ကြာရန် မလိုအပ်ဘူး ဆိုတာကတော့ တကယ့် အမှန်ပါပဲ..။
Trading plan တစ်ခုရဲ့ အခြေခံ point ကတော့ ကျွန်တော်တို့ နဲ့အတူ ကျွန်တော်တို့ ကိုယ်တိုင် ရိုးသာမှုကို ထိမ်းသိမ်းဖို့ပဲ ဖြစ်ပါတယ် ..။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ မလုပ်ရင် ဘာတစ်ခုမှ ဖြစ်မလာပါဘူး..။ပြီးတော့ Traders များဟာ ဈေးကွက်ထဲမှာ ပြဿနာတွေ ရှိတယ်ဆိုတာ တိတိကျကျပါပဲ..။ ဒီနေရာမှာ ဘယ်သူမှလည်း တာဝန်မခံပါဘူး..။ ကျွန်တော်တို့ ရဲ့ ငွေအားလုံး ဆုံးရှုံးတယ် ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်ကြောင့် ပါပဲ..။ ကျွန်တော်ဟာ pro trader တစ်ယောက် မဟုတ်ပဲနဲ့ ကျွန်တော့်ရဲ့ Boss သို့မဟုတ် တစ်စုံတစ်ယောက်အတွက် Trade လုပ်ပေးလို့ မရပါဘူး ..။ ဒါပေမယ့် traders အများစုဟာ အဲ့လို မလုပ်ကြပါဘူး..။ ဒါဟာ အောင်မြင်မှုနဲ့ ဝေးကွာပါတယ်.. ။ ဘာလို့လည်းဆိုတော့ သူတို့ဟာ သူတို့ကိုယ် တိုင်တောင်မှ တာဝန်ခံနိုင်မှု မရှိကြပါဘူး..။
ဒါကြောင့်မို့လို့ ထိန်းချုပ်ရန် လိုအပ်တဲ့ Trading plan ကောင်းကောင်း ကို တိတိကျကျ ဘယ်လို သတ်မှတ်မလဲ ..။ ကောင်းပြီး.. အလွန့်အလွန် ရှုတ်ထွေးဖို့ရန် မလိုအပ်ပါဘူး..။ အရင့် အရင် တိုင်းပဲ စလိုက်ကြပါစို့ .. ။ သက်ရောက်မှု ရှိတဲ့ forex trading plan တစ်ခုရဲ့ အရေးကြီးဆုံးသော ရှု့ထောင့် လက္ခဏာ သွင်ပြင်ကတော့ အမှန်တကယ် အဲ့ဒါကို အသုံးပြုဖို့အတွက် ဘယ်နည်းနဲ့ မဆို ကျွန်တော်တို့ ကိုယ်တိုင် အားစိုက်နိုင်ဖို့ပဲ ဖြစ်ပါတယ်..။ ထပ်ပြောပါ့မယ်..။ THE MOST important aspect of an effective forex trading plan is that you can somehow force yourself to ACTUALLY USE IT. အဲ့ဒါကို မလွဲမသွေ မှတ်ထားပါ၊ အကောင်အထည် ဖော်ပါ လို့ အကြီးအကျယ် တိုက်တွန်းပါတယ်..။
ကျွန်တော်တို့ Trade တဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့ ဒါကို မြင်ရပါ လိမ့်မယ့်။ ဘယ်နေရာမဆို ဒါကို ချည်နှောင်ထားရပါမယ်...။ ဒါကို နေ့တိုင်းဖက်ရပါမယ်..။ ကျွန်တော့်မှာ ကိုယ်ပိုင် trading plan ရေးထားတဲ့ စာအုပ် ရှိပါတယ် ဆိုပြီးတော့ နောက်တစ်ခါ အဲ့ဒီ စာအုပ်ကို ဘယ်တော့မှ ဖွင်ဖို့ မရှိတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ..။ ဒီလိုလည်း မလုပ်ပါနဲ့ဗျာ..။ဘယ်လိုလဲ ဆိုတော့ Note book စာအုပ် အနေနဲ့ မရေးချပါနဲ့..။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ကွန်ပြူတာ ပေါ်မှာ ရေးရပါမယ်..။ ပြီးတော့ လိုအပ်ရင် print out ထုတ်ရပါမယ်..။ ပြီးတော့ ကျွန်တော်တို့ ရဲ့ trading desk ပေါ်မှာ ထားရပါမယ်.။ ရေခဲသေတ္တာ ကဲ့သို့သော အမြဲတမ်းမြင်ရတဲ့ နေရာတွေမှာ ချိတ်ဆွဲထားရပါမယ်..။ ဘယ်မှာမဆို ကျွန်တော်တို့ ယူဆောင်သွားရပါမယ်.။. ပြီးတော့ you READ IT EVERYDAY. နေတိုင်း ဖတ်ရပါမယ်...။
Trading plan တစ်ခု မှာ အဓိက ပါဝင်သင့်တဲ့ အရာတွေက ဘာတွေပါလဲ..။ ဒါတွေကတော့ အကြမ်းမျဉ်း ဖော်ပြထားတာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ အတွက် ဘာတွေ ဆက်ပြီးလိုအပ်သလဲ ဆိုတာကတော့ ဆက်လက် ရှာဖွေရဦးမှာပါ..။ အကောင်းဆုံး မဖြစ်သေးပေမယ့်လည်း အကောင်းဆုံး ဖြစ်ဖို့ စတင်မှု လေး တစ်ခုပဲ ဖြစ်ပါတယ်..။
1. ကျွန်တော်တို့ ရဲ့ Trade တွေကို ၀င်ရမယ့် နည်းဗျူဟာကို အဓိပ္ပါယ် သတ်မှတ်ရပါမယ်.။ Define your entry strategy. လို့ ဆိုပါတယ်..။ အဆင့်တွေ ပေးရပါမယ်..။ ဆိုလိုတာကတော့ Trade တွေကို ၀င်မယ့် စံပြုထားတဲ့ စနစ်တစ်ခုပေါ့..။ ဥပမာ.. Trend ရဲ့ လားရာ အတိုင်း reversal pin bar တစ်ခုရဲ့ ဈေးကွက် အပိတ်မှာ သို့မဟုတ် moving average တစ်ခုရဲ့ bounce တစ်ခုရဲ့ အပိတ် မှာ ၀င်လိုက်မယ် ဆိုလိုတာမျိုး..။ ဒါမှမဟုတ် မိမိတို့ သီးခြား analyze လုပ်ထားတဲ့ နည်းစနစ်မျိုး ကိုလည်း ဆိုလိုပါတယ်..။ ဒါကို ကျွန်တော်တို့ အဓိပ္ပါယ် ဖွင့်ဆို ထားနိုင်တာကတော့ သေသေချာချာ စီစစ် ပြုလုပ်ပြီး ထားတာနဲ့Trades တွေကို ၀င်ဖို့ ကျွန်တော်တို့ အသုံးပြုမှာ ဖြစ်ပါတယ်..။ ပြီးတော့ HIGHQUALITY or PERFECT ဆိုရင် A+ လို့ အဓိပ္ပါယ် သတ်မှတ်ပြီးတော့ Quality သို့မဟုတ် Perhaps ပိုနည်းတဲ့ အနေအထား ဆိုရင်တော့ B သို့မဟုတ် C လို့သတ်မှတ်ကြပြီးတော့ Trade ၀င်မယ့် ၀င်မှတ်တွေကို သတ်မှတ်မယ် ဆိုတာမျိုးကိုပါ..။
2. အလားအလာ ရှိတဲ့ ဘယ် Trade setup မျိုး ပေါ်မဆို အဲ့ဒီ Trades တွေကို မ၀င်ခင် မှာ အနာဂတ်ဖြစ်နိုင်ခြေ ကို မှန်းဆမှု အဖြင့် Risk to Reward ကို သတ်မှတ်ရပါမယ်။ Determine the risk to reward scenario. Forex position sizing အကြောင်းကို လည်းပဲ ကျွန်တော်တို့ အနေနဲ့ သေသေချာချာ မခြွင်းမချန် နားလည်ဖြတ်သန်းထားရပါမှာ ဖြစ်ပါတယ်..။
3. လိုအပ်သော stop-loss အကွာအဝေး ကို သတ်မှတ် ပေးနိုင်ဖို့အတွက် Trade အပေါ်မှာ အကျိုးသက်ရောက်မယ် position size ကို အရင် ထိန်းညှိပေးရမှာ ဖြစ်ပါတယ်..။ Adjust the position size on the trade to meet the necessary stop-loss distance. ဆုံးဖြတ်ချက် ချထားပြီးသား position size ဖြင့် အဆင်ပြေစေရန် Stop-loss ကို ဘယ်တော့မှ နောက်က လိုက်ပြီး မထိန်းညှိရပါ.။ ဆိုလိုတာက တော့ .. ကျွန်တော်တို့ရဲ့ Risk ဟာ money management မှ ထွက်လာတာ ဖြစ်တဲ့ အတွက် ကိန်းသေ ဖြစ်ပါတယ်..။ Stop loss ဟာလည်းပဲ Trading strategy မှ တွက်ထုတ်ထားတာဖြစ်တဲ့ အတွက် ကိန်းသေ ဖြစ်ပါတယ်..။ ဒါကြောင့်မို့ Trade ၀င်မယ့် position size ကိုသာလျှင် ဒီနေရာမှာ ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်..။ အကယ်၍ position size ကို မပြောင်းလဲပဲ Stop loss ကို ပြောင်းလဲ ပါက Trading Strategy ကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီးတော့ ဒါဟာ အစားလောဘကြီးတာ နဲ့ တူပါတယ်..။
4. Trade မ၀င်ခင်မှာပဲ ကျွန်တော်တို့ရဲ့ ၀င်လိုက်မယ့် Trade မှ ပြန်ထွက်ရမယ့် အချိန်ရောက်ရင် ထွက်ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းဗျူဟာကို ကြိုတင် သိထား ဖို့ပါပဲ..။ Know what your exit strategy is BEFORE entering the trade. risk reward setup ရဲ့ pre-set တစ်ခုအပေါ်မှာ ထွက်ဖို့အတွက် ကြိုတင်စီစဉ် မှု မရှိဘူး၊ ၄င်း အစီအစဉ်များကို figure out မလုပ်ထားဘူး ဆိုလျှင် ကျွန်တော်တို့ ကိုယ်တိုင်ကို သေသေချာချာ ဘာလုပ်ရမယ် ဆိုတာ မသိတဲ့အတွက် Trading ကို ဘယ်တော့မှ မလုပ်ပါနဲ့ ဆိုတာပါပဲ.။ ကျွန်တော်တို့ ဟာ Trade တစ်ခုထဲကို ၀င်ပြီး ပြန်ထွက်ဖို့ ကို စောင့်မကြည့်နိုင်တဲ့ အချိန်တွေကို ဖြတ်သန်းတာထက် ပိုမို ဓမ္မဒိဌာန်ကျတာကတော့ သတ်မှတ်ချက်ဘောင်တွေနဲ့ plan စနစ်တကျရေး ဆွဲပြီး ဘယ်လိုနေရာမှာ exit လုပ်မယ်ဆိုတာကို Trade အားလုံးအတွက် ကြိုတင်စီစဉ်ထား တာကတော့ ကျွန်တော်တို့အတွက် အကောင်းဆုံးအချိန် တွေကို ဖြတ်ကျော်မှုပါပဲ..။
5. Trade သည် ပြီးဆုံးသွားသောအခါ ၄င်း Trade ဟာ နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ ကျွန်တော်တို့ဟာ Trade တစ်ခုမှ ထွက်သွားခဲ့ပြီးနောက် ကျွန်တော်တို့ ပြုလုပ်တဲ့ အရာမျိုးတွေ လိုမျိုး အချို့သော စည်းမျဉ်းစည်းကမ်း ပြဌာန်းချက် အရာတွေ သို့မဟုတ် price တွေရဲ့ လှုပ်ရှားသွားလာမှု activities တွေ ပါဝင်တဲ့ Trading plan ကို သေချာစွာပြန်လည် ပြုလုပ်ရမှာ ဖြစ်ပါတယ်..။ ပြီးဆုံး သွားတဲ့ Trades တွေအတွက် ပြန်လည် စီစစ်၍ ပိုမိုကောင်းမွန်သော Trading plan တစ်ခု ဆန်းသစ်တဲ့ သဘောပါပဲ..။
Traders တွေအတွက် ဆက်ဆက်ထိမခံသော စိတ်ပိုင်းဆိုင်ရ ခံစားချက် ဖြစ်ပေါ်လေ့ ဖြစ်ပေါ်ထ ရှိတဲ့ အချိန်တွေ အများကြီး မဖြစ်ရင်တောင် အဲ့ဒီ အများထဲက တစ်ခုဟာ Trade တစ်ခု ဖြစ်သွားပြီးတဲ့ အခါမှာ အချိန်ပိုင်းတစ်ခု အနေနဲ့ ပေါ်လာတက်ပါတယ်..။ ဖြစ်နိုင်ဖွယ် ရှိ၍ အမှန်တကယ် သေသေချာချာ တည်ဆောက်ထားခြင်း မရှိပဲနဲ့ နားလည်ရခတ်သော ဈေးကွက်ထဲသို့ ကျွန်တော်တို့ အား အမြန် ပြန်လည် ခုန်ဝင်လာနိုင်စေတဲ့ အကြောင်းတရားတွေကတော့ လက်တုန့်ပြန်လိုတဲ့ ခံစားချက်တွေ၊ အချီးနှီး အလဟဿ ဖြစ်သွားမှုတွေ နှင့် စိတ်ပျက်ခြင်း စိတ်ထိခိုက်ခြင်း တွေပဲ ဖြစ်ပါတယ်..။ ဒါဟာ ဖြစ်နိုင်ဖွယ်ရှိတဲ့ စိတ်ဓါတ်ရေးရာ ထိခိုက်နစ်နာအောင် အကျိုးပြုမယ် ဆိုရင်တောင်မှ ကျွန်တော်တို့အပေါ် သက်ရောက်လာမယ့် အကြောင်းတရားပဲ ဖြစ်ပါတယ်..။ အဘယ်ကြောင့်ဆိုသော ကျွန်တော်တို့ဟာ ငွေများစွာ ပို၍ ဆုံးရှုံးမယ် ဆိုမယ့် အလားအလာ ရှိနေမယ် ဆိုရင်တောင် ဒီ သံသရာ ဟာ ဆက်လက် လည်ပက်နေမှာ ဖြစ်ပါတယ်..။
Winning trades တွေမှာလည်းပဲ သူတို့ကို ပိတ်တဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်တွေကို မလှုပ်ရှားစေတဲ့ အချိန်ပိုင်း တစ်ခု လိုအပ်ပါတယ်.။ Winning trades တွေရဲ့ ဖြစ်ပေါ်လာပြီးနောက် ဈေးကွက်ရဲ့ ထိန်းချုပ်မှု အောက်သို့ သို့မဟုတ် အတွေ့အကြုံရင့်ကျတ်တဲ့ သူအဖြင့် ခံစားရန် အလွန် လွယ်ကူပါတယ်..။ မိမိကိုယ်ကိုယ် စိတ်ကြီးဝင်လာသလိုမျိုးပေါ့..။ နားလည်ရခက်သော trade ဆီသို့ ထပ်မံပြီးတော့ traders တွေဟာ မကြာခဏ ပြန်ဝင် နေတာ ဘာဖြစ်လို့ပါသလဲ .. သို့သော် အဲ့ဒီ အချိန် သူတိုဟာ risk တွေ ကြီးမားနေရင်တောင်မှ လုပ်တက်ကြပါတယ်.။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ Trade တွေ အပေါ်မှာ ခံစားကြပါတယ်..။ သူတို့ဟာ အဆင်ပြေနေပြီး ရွင်လန်းဝမ်းမြောက်စွာ ခံစားနေပြီး ဆိုရင် သူတို့ ရဲ့ risk တွေကို ပုံမှန်ထက် ပိုမို ထားရန် ဆုံးဖြတ်ကြပါတယ်..။ မကြာသေးခင်ကဖြစ်သော သူတို့ရဲ့ အမြတ်တွေ အားလုံးဟာ မျက်စေ့ တမှိတ် လျှပ်တပြတ် အတွင်းမှာ အငွေ့ပျံသွား တာ မြင်ရန် မျှသာ ဖြစ်ပါတယ်..။
ဒီ ဆောင်းပါးဟာ ကျွန်တော်တို့ အနေနဲ့ ဘာကြောင့် ကျွန်တော်တို့ ရဲ့ Trading plan ထဲမှာ ဘာတွေ ပါဝင်ဖို့ လိုအပ်တယ် ဆိုတဲ့ အကြောင်း အချို့သော အလွန်ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းနှင် Forex trading plan တစ်ခု ရှိဖို့ ဘာ လိုအပ်သလဲ ဆိုတာကို အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်..။ ကောင်းမွန်တဲ့ trading plan တစ်ခု ပြုလုပ်ဖို့ရန် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ နည်းလမ်း မရှိပါဘူး သို့သော်လည်းပဲ 5 ခုသော အယူအဆတွေ ပါဝင်ခဲ့တဲ့ ဒီဆောင်းပါးကတော့ ကြီးမားသော စတင်မှု တစ်ခုပါပဲ..။ လွတ်လွတ်လပ်လပ် ခံစားပေါင်းစပ်ကြဖို့ပဲဖြစ်ပါတယ်..။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ် သန်းများ သို့မဟုတ် ဖော်ပြခဲ့ပြီးသော အယူ အဆများဟာ ကျွန်တော်တို့ရဲ့ forex trading course ထဲက နေပြီးတော့ outline အနေနဲ့ တင်ပြခဲ့တာ ဖြစ်ပါတယ်..။
Trading plan ဆိုတာကို ခြုံငုံပြီး အဓိပ္ပါယ် ဖွင့်ပြရရင် ကျွန်တော်တို့ ရဲ့ တာဝန်ခံမှုကို ထိမ်းသိမ်းရန် နှင့် ဓမ္မဓိဌာန်ကျကျ တွေးခေါ်မှု လမ်းကြောင်း အပေါ်မှာ ထိမ်းသိမ်းရန် ပဲ ဖြစ်တယ်ဆိုတာ အမှတ်ရနေဖို့ပါပဲ ..။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ဘက် သေနတ်ပြောင်းဝ ပြန်လှည့်လာမယ့် အချိန် အများစုကဲ့သို့ Trading decisions တွေကို trade တစ်ခုကို ဖွင့်နေစဉ် မှာ ဘယ်တော့ မှ မချမိစေဖို့ပါပဲ..။ Trading decisions တွေကို ကြိုတင် ချမှတ်ရမှာပဲ ဖြစ်ပါတယ်..။
ကျွန်တော်တို့ ရဲ့ trading decisions တွေကို ချမှတ်ဖို့ အကောင်းဆုံး အချိန်ကတော့ ကျွန်တော်တို့ ဟာ ဘယ် Trades တွေကိုမှ မ၀င်ရသေးတဲ့ အချိန်ပါပဲ..။ logical Forex trading plan တစ်ခုကို ဖန်တီးခြင်းဖြင့် ပြီးဆုံးလိုက် ပါ..။ ဒါဟာ ကျွန်တော်တို့ ကို ဈေးကွက်ဆီသို့ လမ်းပြသွားပါလိမ့်မယ်..။ ဒါဟာ သတိထားရမယ့် အစစ်အမှန် သက်ရောက်မှု နည်းလမ်း မျှသာ ဖြစ်ပါတယ်..။ လုံ့လ တစ်ခု ပြုလုပ်ပါတယ်..။ စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်သော trading mistakes တွေကို ဖယ်ထုတ်သော အခါ၌ ပြုလုပ်သော လုံ့လ တစ်ခု ဖြစ်ပါတယ်..။

1 comment: