Sunday, May 22, 2016

Session Indicator Mt4 and Asian Session High Low Breakout Forex Trading System

မင်္ဂလာပါ…
ဒီနေ့တော့ ကျွန်တော် Session Indicator Mt4 အကြောင်းလေးနဲ့ အဲ့ဒါလေး နဲ့တွဲဖက်ပြီးတော့ ကျွန်တော်တို့ Asian Session High Low Breakout Forex Trading System လေး အသုံးပြုပုံကို လေ့လာသွားပါမယ်။ ဒါဟာ ရိုးရှင်းတဲ့ အတွက် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ အဆင်ပြေသလို အသုံးပြုမယ်ဆိုရင် အသုံးပြုနိုင်တဲ့ အတွက် လေ့လာသွားမှာလည်း ဖြစ်ပါတယ်။
ဒီ Session Indicator Mt4 လေးကတော့ ကျွန်တော် အွန်လိုင်းပေါ်မှာ ရှာဖွေတွေ့ရှိထားတဲ့ တကယ်ကောင်းတဲ့ indicator လေးပါပဲ။ သူဟာ ကျွန်တော်တို့ 3 major forex trading sessions တွေ တစ်ခုစီရဲ့ အစ မှ အဆုံး ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြပေးထားတာကို တွေ့နိုင်ပါတယ်။ 3 major forex trading sessions တွေကတော့ လူကြီးမင်းများ သိထားပြီး ဖြစ်တဲ့
Asian Trading Session
UK/European Trading Session
And US Trading Session တို့ပဲ ဖြစ်ပါတယ်။ tongue emoticon
ကျွန်တော်တို့ရဲ့ MT4 Forex brokers တွေဟာ forex trading sessions တွေကို ကျွန်တော်တို့ရဲ့ Mt4 charts တွေမှာ default အနေနဲ့ မပါဝင် မထည့်ထား ပေးကြပါဘူး။ စိတ်ပုတ်ကြတယ်ပေါ့ဗျာ.. tongue emoticon ။ အဲ့ဒီတော့ ကျွန်တော်တို့ သိပ်ချစ်စရာကောင်းတဲ့ D .. trading session indicator လေးကို ဒီမှာ Download ဆွဲလိုက်ပါ ခင်ဗျာ….။ http://forextradingstrategies4u.com/…/…/2016/02/Sessions.zip
ကဲ Download ဆွဲပြိးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ MT4 မှာ Upload လုပ်နိုင်ကြပါပြီ ခင်ဗျာ..။ Download လုပ်ထားတဲ့ Zip ဖိုင်လေးကိုဖွင့်၊ အထဲမှာရှိတဲ့ “Sessions” MQL4 Source file ဖိုင်ကို Right click > Copy လုပ်၊ Mt4 မှာ File > Open Data folder > MQL4 > Indicators ကိုသွား၊ Paste လုပ်၊ ပြီးသွားရင် Mt4 program ကို ပိတ်၊ ပြန်ဖွင့် ပေါ့။ ဒါဆိုရင်တော့ indicator ကို Upload လုပ်တာ ပြီးသွားပါပြီး။ Indicator ကို Insert လုပ်တာကတော့ လူကြီးမင်းတို့ လည်း သိပြီး သားဖြစ်မှာပါ။ Insert > Indicators > Custom အောက်မှာ Sessions ကို ၀င်ရှာပြီး ရွေးပေးလိုက်ယုံပါပဲ။
ဟုတ်ပါပြီး။ ကျွန်တော်တို့ ဒီ Sessions indicator လေးကို insert လုပ်လိုက်ပြီးဆိုပါက ကျွန်တော်တို့ရဲ့ Charts တွေပေါ်မှာ ဒါလေး လာပေါ်ပါပြီး။ အရောင် different colored boxes က သုံးမျိုးနဲ့ပါ။ ဒါဟာ ဘာကို ကိုယ်စားပြုသလဲ ဆိုတော့ ကျွန်တော် အထက်မှာ ပြောဆိုခဲ့တဲ့ အတိုင်း the Asian, UK/European and US trading sessions တွေပါပဲ။
ပူးတွဲပါ Chart (1) ကို ကြည့်နိုင်ပါတယ်။


ဒီ Sessions Indicator မှာ default setting အနေနဲ့ ထည့်သွင်း ရေးဆွဲထားတဲ့ Time Zone ကတော့ GMT နဲ့ပဲ ဖြစ်ပါတယ်။ ဒီမှာ Time sessions colored box တွေကို အရောင်ပြောင်းချင်လို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် sessions တွေ နဲ့ပဲ သုံးချင်တယ် ပြောင်းချင်တယ် ဆိုရင်ဖြင့် Chart (2) မှာ ပြထားသလို ပြောင်းနိုင်ပါတယ်။

 Chart ပေါ်မှာ Right Click နှိပ်၊ Indicator list ကိုသွား၊ Sessions ကို ရွေး၊ Edit ကို Click ပြီး ကိုယ်လိုချင်တာ ပြောင်းပေရော…။
ကဲ.. ဒါဆိုရင် ကျွန်တော်တို့ Time sessions indicator လေးလည်း ရလည်း ရပြီး။ ထည့်သွင်းလို့လည်း ပြီး ပြီး ဆိုတော့။ မိမိတို့ နဲ့ အဆင်ပြေမယ့် အခြား indicator တွေ၊ strategy တွေနဲ့ တွဲဖက်ပြီး စားသုံးနိုင်ပါပြီး။ အဲ့… အသုံးပြုနိုင်ပါပြီလို့.. tongue emoticon
ဒီနေရာမှာ သူ့နဲ့ လိုက်ဖက်တဲ့ Trading system တစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ post နိဒါန်းမှာ ဖေါ်ပြပြီး ဖြစ်တဲ့ Asian Session High Low Breakout Forex Trading System ပဲ ဖြစ်ပါတယ်။ သူက ဘာလဲဆိုတော့ ကျွန်တော်တို့ Asian Trading Session ရဲ့ High and Low အပေါ်မှာ Breakout ဖြစ်သွားတဲ့ အပေါ်မှာ capture လုပ်ပြီး ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ယေဘုယပြောရရင်တော့ Asian Trading session ဟာ အခြား UK and US trading sessions တွေ နှိုင်းစာရင် trading volumes ဟာ နည်းပါးလေ့ရှိပါတယ်။ ယေဘုယ အားဖြင့် ပြောတာပါ။ ဒါကြောင့်မို့လို့ နေ့ တစ်နေ့တာ အတွင်းမှာ ဆိုရင် Asian session အချိန်အတွင်း narrow trading range တစ်ခု မှာ actively traded resulting ဖြစ်ပေါ်လေ့ မရှိတက်ဘူး ဆိုပါတော့ဗျာ..။ ဒါပေမယ့် UK trading session စတဲ့ အချိန်ကစပြီးတော့ price ဟာ ခုနက Narrow Asian Trading Range ကို price ဟာ Break ဖြစ်လေ့ ရှိတက် တာကို ကျွန်တော်တို့ point ယူလိုက်တာပဲ ဖြစ်ပါတယ်။
ကဲ… ဟုတ်ပြီး။ ကျွန်တော်တို့ ရဲ့ ဒါကို ဘယ်လို အသုံးချပြီးတော့ Trade လုပ်မလဲ ပေါ့ဗျာ..။ ဒီ rule ဟာ အလွန်ပဲ ရိုးရှင်းတဲ့ ဆန့်ကျင်ဘက် pending order နှစ်ခုကို တပြိုင်နက် သုံးပါမယ်။ အဲ့ဒါတွေကတော့ Asian Trading session ရဲ့ High and Low နှစ်ဖက်စလုံးမှာ ဒီ order တွေကို ထားမှာ ပဲ ဖြစ်ပါတယ်။ အကယ်၍ တစ်ဖက်ဖက်ကို price ဟာ breakout ဖြစ်သွားခဲ့ရင် pending order နှစ်ခု ထဲက တစ်ခု ဟာ လှုပ်ရှား အသက်ဝင်လာမှာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒါ့အတွက် ရှင်းအောင် ပြန်ပြောပါ့မယ်။ ကျွန်တော်တို့ ဘာတွေလိုအပ်သလဲ ?
1. Forex Trading Sessions Indicator တစ်ခု လိုပါမယ်။ ဒါကို တော့ ကျွန်တော် Post အစမှာ တင်ထားပေးခဲ့တဲ့ link ကနေ ဒေါင်းပြီး တင်လိုက်ပါ။
2. Asian trading session အတွင်း less than 40 pips , ၄၀ pips ထက်ကို ငယ်တဲ့ trading range တစ်ခု ဖြစ်ပေါ်နေတဲ့ currency pairs ကိုသာလျှင် ဒီ နည်းစနစ်ကို သုံးပါမယ်။ ဘာလို့လဲ ဆိုတော့ trading range ဟာ 40 pips ထက် ကျော်လွန်နေပါက ကျွန်တော်တို့ Trade သင့်တဲ့ ဆုံးရှုံးနိုင်ချေ ထက် ပိုများသွားမှာ ဖြစ်ပါတယ်။ (Risk and Reward ratio ပိုများသွားမှာ ဖြစ်ပါတယ်) အဲ့ဒီတော့ Range ဟာ 40 pips ထက်ကျော်နေတယ်ဆိုရင်တော့ ဒီ Strategy ကိုမသုံးသင့်ဖူး ပေါ့ဗျာ..။
Trading Setup and Rules
1. Trading Sessions Indicator ကို Mt4 Chart မှာ တင်ပါ။ 15min, 30min တွေ အပြင် H1 Timeframe တောင်မှ သုံးနိုင်ပါတယ်။
2. ကျွန်တော်တို့ 3 colored boxes ကို chart မှာ မြင်တွေ့ပါလိမ့်မယ်။ Green, dark red and blue ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ 3 major forex trading sessions တွေပဲ ဖြစ်ပါတယ်။ Green က Asian trading session, dark red က UK/Europe Trading Session နဲ့ Blue ကတော့ US trading session ပဲ ဖြစ်ပါတယ်။
3. Asian trading session ပြီးဆုံးသွားတဲ့ အချိန်မှာ ဒီ session ရဲ့ Highs and Lows တွေကို သတ်မှတ်ရပါမယ်။
4. Buy Stop pending order တစ်ခုကို High ရဲ့ အထက် 2pips လောက်မှာ ထားပါမယ်။ Sell Stop pending order တစ်ခုကို Low ရဲ့ အောက် 2pips အကွာလောက်မှာ ထားပါမယ်။
5. Stop Loss တွေကိုတော့ ခုနက order နှစ်ခုမှာ တစ်ခုရဲ့ Entry မှာ အခြားတစ်ခုရဲ့ Stop Loss ကို ထားမှာ ဖြစ်ပါတယ်။
6. Take profit target ကိုတော့ Risk to Reward ratio 1:2 လောက်ယူပါမယ်။ ဥပမာ Asian trading range က 30 pips ဆိုရင် profit target ကို 60 pips ယူမယ် ဆိုပါတော့ ဗျာ..။

Buy setup တစ်ခုကို Chart (3) မှာ ဖော်ပြထားပါတယ်။ အားလုံးပဲ အောင်မြင်ကြပါစေ..။
****Nonentity Trader

No comments:

Post a Comment