Sunday, May 24, 2015

ဝယ်လိုအား ဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား။ ရောင်းလိုအားဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား…။

ဝယ်လိုအား ဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား။ ရောင်းလိုအားဟာ ဆက်လက်ထိမ်းထား နိုင်မလား ဒါမှမဟုတ် ကျိုးပျက်သွားမှာလား…။
------------------------------------------------------------------------------------------------------------
Supply or Demand zone တွေဟာ ဆက်လက်တည်ရှိနေမယ်.. သို့မဟုတ် break ဖြစ်သွားနိုင်ဖို့ အလားအလာ ရှိတယ် ဆိုလျှင် ဒါကို ဘယ်လိုပြောမယ်ဆိုတာကို သိဖို့ အတွက် ကျွန်တော်တို့ စောင့်နေပါတယ် ဆိုတဲ့ အကြောင်းကို များစွာသော Traders တွေဟာ ရှိလာပါတယ်..။ နားလည်ဖို့ကတော့ ဒါဟာ trading အတွက် တွေးတော နိုင်မှုပဲ ဖြစ်ပါတယ်..။ ၀ယ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ရောင်းတဲ့အခါမှာပဲ ဖြစ်ဖြစ် ပိုမိုကြီးမားတဲ့ အမြတ်များများ နဲ့ ချမ်းသာမှုကို ဖြစ်စေဖို့ အခွင့် အရေးပေးတဲ့ အခါမှာ မှားယွင်းတဲ့ အချိန်မှာ ရောင်းမိတယ် သို့မဟုတ် ၀ယ်မိတယ် ဆိုရင် ကျွန်တော်တို့ ဟာ ငွေတွေကို ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်..။
ကျွန်တော်တို့ ဟာ ကျွန်တော်တို့ရဲ့ အောင်မြင်နိုင်မှုကံကြမ္မာ ရဲ့ အရေးပါဝင်မှုကို ကြောင့်ကြ ရမှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ ရယူသင့်တဲ့ အကောင်းဆုံး Trade တွေကို ရှာဖွေရန် နှင့် အားနည်းတဲ့ အခွင့်အရေးတွေကို စစ်ထုတ်နိုင်တဲ့ နည်းလမ်း တခုကဲ့သို့ ကျွန်တော်တို့ ရဲ့ အောင်မြင်မှုကံကြမ္မာရဲ့ အရေးပါမှုကို ကြောင့်ကြမိတာ ဖြစ်ပါတယ်..။ သို့သော်လည်း Supply and Demand ကို အသုံးပြုခြင်းရဲ့ နည်းဗျူဟာ ဟာ အခြားသော နည်းဗျူဟာတွေ နှင့် နှိုင်းစာရင် ရိုးရှင်းပါတယ်..။ Traders တွေနဲ့ investors တွေအတွက် အကောင်းဆုံး ဖြစ်နိုင်တဲ့ Trading အခွင့်အရေးတစ်ခုဟာ ဈေးကွက်ထဲက အမြဲတမ်းလှည့်နေတဲ့ အမှတ်တွေ မဟုတ်ဘူး ဆိုတာကို တော်တော် များများ ကောင်းကောင်းသိကြပါတယ်..။ သို့သော်လည်း အသိပညာ နှင့် လေ့ကျင့်မှုတို့နဲ့ အတူ အဲ့ဒီ အခွင့်အရေးတွေကို အသုံးပြုလိုက်တာဟာ ဒုတိယ သဘာဝ ဖြစ်လာပြီးတော့ ဈေးကွက်ထဲက ကျွန်တော်တို့ရဲ့ အပြောင်းအလဲ မရှိခြင်း တွေကို ယေဘုယျအားဖြင့်တော့ တိုးတက်လာစေတာပါပဲ..။
အောင်မြင်မှုကံကြမ္မာ တစ်ခုအနေနဲ့ ဖေါ်ပြရတော့မည် ဆိုရလျှင် strength အားကောင်းတဲ့ Zone တစ်ခုကို သတ်မှတ်ပြီးသော အခါ အဲ့ဒီ Zone ကနေ price ဟာ ဘယ်လို ချန်ထားခဲ့လဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်တာပါပဲ..။ ရေတစ်ဖန်ခွက်ကို စားပွဲပေါ်တင်ပြီးတွေးကြည့်ပါ..။ အပူလောင်နိုင်လောက်အောင် ပူနေတဲ ရေတွေ ဖြည့်ထားတဲ့ ဖန်ခွက်ဆိုရင် ဖန်ခွက်ကို ရုတ်တရက် ကိုင်မိတယ် ဆိုလျှင် ကျွန်တော်တို့ဟာ အလွန် လျှင်မြန်စွာပဲ ဆုပ်ကိုင်ထားတာကို လွတ်ချဖို့ ကို အလားအလာ ရှိနေပါတယ်..။ သို့သော်လည်း ဖန်ခွက်ဟာ အခန်းအပူချိန်မှာ ရှိတဲ့ ရေကို ဖြည့်ထားတယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဟာ ဖန်ခွက်ကို ကိုင်ထားပြီး ကြာရှည်စွာ ကျွန်တော်တို့ နှစ်သက်သလို ပြုမူတော့မှာ ဖြစ်ပါတယ်..။ အဆင်ပြေမယ်ဆိုရင် တစ်ငုံချင်းစီတောင် စုပ်သောက်နေဦးမှာပါ..။
price ဟာလည်း တူညီတဲ့ နည်းလမ်းနဲ့ အလုပ်လုပ်ပါတယ်.။ Traders တွေဟာ Supply and Demand Zone ရဲ့ မူလ ဇစ်မြစ်ကို ချန်ထားခဲ့တဲ့ price မှာရှိတဲ့ Strength အား အပေါ်မှာ အာရုံစိုက်ရန် လိုအပ်ပါတယ်..။ price ဟာ လျှင်လျှင် မြန်မြန် ချန်ထားခဲ့မယ် ဆိုရင် ဒါဟာ ဘာပြသလဲ ဆိုတော့ Supply and Demand တို့ရဲ့ imbalance ကြီးကြီးမားမား ဖြစ်တာကိုပါပဲ ..။ ဒါဟာ အားကောင်းတဲ့ Stronger Zone တစ်ခုပါပဲ..။
ပူးတွဲပါ Chart 1 ကို ကြည်နေလိုက်ပါ..။ ကျွန်တော်တို့ မြင်နိုင်တာကတော့ Demand ဖြစ်ပေါ်လာတဲ့ အခါ ကြီးမားတဲ့ Green Candles နှင့် demand zone ကိုကျွန်တော်တို့ ချန်ထားခဲ့ရတယ် ဆိုတာပါပဲ..။ ဒီ အဓိပ္ပါယ်ကတော့ ဒါဟာ buyers တွေဟာ sellers တွေထက် ပိုမို stronger ဖြစ်တဲ့ ဧရိယာ တစ်ခုပါပဲ..။ ဖန်ခွက်ဟာ ပူနေတာပေါ့နော်..။ price ဟာ အဲ့ဒီ level ကို ပြန်လှည့်လာသောအခါ ကျွန်တော်တို့ဟာ မြင့်မာတဲ့ အဖြစ်နိုင်ဆုံး ၀ယ်ဖို့ အခွင့်အရေး ကို လက်ခံရရှိမှာပါ..။ သည်နောက်မှာတော့ sellers တွေဟာ ဒီနေရာမှာ အားနည်းသွားပါပြီး ပြီးတော့ price ဟာ ထက်မံ ပြန်လည် မြင့်တက်သွားဖို့ အလာအလာ ရှိနေတာပါပဲ..။
အကယ်၍ ကျွန်တော်တို့ Price ဟာ အဲ့ဒီနေရာကို ဖြေးညှင်းစွာ ချန်ထားခဲ့မယ် ဆိုရင် ဘာဖြစ်မလဲ..။ ကျွန်တော်တို့ဟာ သေးငယ်တဲ့ candles တွေ ဒါမှမဟုတ် red and green candles တွေကို ရောနှောပြီး မြင်ရပါလိမ့်မယ်..။ ၀ယ်သူ နဲ့ ရောင်းသူ စစ်ပွဲဟာ ပုံမှန် လှပနေပါတယ်..။ ပြီးတော့ အဓိကကျတဲ့ အရေးသာမှု ဘယ်ဘက်မှာမှ မရှိသေး ပါဘူး..။ အဲ့ဒီ Zone ထဲမှာ ရှင်းလင်းတဲ့ လားရာ Clean direction မရှိပါက prices ဟာ လျှင်မြန်စွာ Bounce ဖြစ်ဖို့ရန် အလားအလာ ဟာ အလွန်နည်းပါတယ်..။ Chart 2
Supply Zones တွေ အတွက်လည်း ဒီအတိုင်းပဲ ပြောနိုင်ပါတယ်..။ ဒီ Zone မှာ လည်းပဲ ကျွန်တော်တို့ကို ဖြစ်နိုင်ခြေ များတဲ့ ရောင်းဖို့ အခွင့်အရေး တစ်ခုကို ကမ်းလှမ်းပါတယ်..။ ဒီ Level မှ မြန်မြန်ဆန်ဆန် ကျဆင်းသွားမှု တစ်ခကို မြင်ရန် တော့ လိုအပ်ပါတယ်..။ ဥပမာ - Chart ပေါ်မှာ ထူးခြားတဲ့ သွင်ပြင်လက္ခဏာ အဖြစ် ကြီးမားတဲ့ red candles တွေ၊ အောက်သို့ကျနေသော gaps များ နှင့် ပထမ တန်းစား tails မျာရှိတဲ့ candles တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်.။ Chart 3
ဒီ ဖြစ်ပေါ်မှုတွေ မမြင်ရဘူး ဆိုရင် အဲ့ဒီ levels တွေမှာ ရောင်းနေဖို့ဆိုတာ အောင်မြင်ဖို့အတွက် အလား အလာကောင်းတစ်ခု မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ သိထားရမှာ ဖြစ်ပါတယ်..။ Chart 4
ဒါဟာ ယေဘုယျအားဖြင့် Supply and Demand Zone ကို ရှာဖွေပြိး အောင်မြင်မှု ကံကြမ္မာ တစ်ခုကို သိမှတ် လေ့လာရတာ ဖြစ်ပါတယ်..။ အောင်မြင်ဖို့အတွက် အခွင့်အရေးတွေ တိုးပွားစေရန် ကျွန်တော်တို့ အသုံးပြုနိုင်ပါတယ်..။ Trading မှာ ဘယ်ဈေးကွက်မဆို နှင့် ဘယ် Timeframe မှာမဆိုပေါ့ အသုံးပြုလို့ရပါတယ်..။ ကျွန်တော်တို့ ထိုထက်ပိုပြီးလေ့လာ အသုံးပြုနိုင်ရဦးမှာပါ..။




No comments:

Post a Comment