Wednesday, January 27, 2016

Price အကြောင်း မှန်းဆမိသမျှ

Price အကြောင်း မှန်းဆမိသမျှ

.........................................
Price ရဲ့ ဦးတည်ချက်ကို သာမာန်အားဖြင့်မှန်းဆလို့မရနိုင်ပါဘူး။ သို့သော်လည်း price ဟာ သွားချင်ရာကို သွားနေတာတော့ မဟုတ်ပါဘူး။ Price ကို movement ဖြစ်အောင် လုပ်ပေးနေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ အဲ့ဒါကို ရှာဖွေပြီး ကျွန်တော်တို့ အမြတ်များများ ရအောင်ဖန်တီးရပါမယ်။ သေချာတာ တစ်ခုက ဒီ price action တွေ ရွှေ့ ရှားစေတဲ့ အကြောင်းက လူသားတွေ ဖန်တီးကြတာပဲ ဖြစ်ပါတယ်။ ( price action ထိပ်တွင် လူသားဝိဉာဉ် တွေ ပူးကပ်နေတယ် ဆိုတာကို သတိထားပါ) အဲ့ဒီ လူတွေထဲမှာ ကျွန်တော်တို့ trader တွေ ရင်းနှီးမြုပ်နှံသူတွေ သုံးစွဲသူတွေ ကုန်ထုတ်လုပ်ငန်း လုပ်သူတွေ စသည်အားဖြင့် အများအပြား ပါဝင်ကြပါတယ်။ price action ဟာ ထိုသူတွေ မောင်းနှင်တဲ့ဘက်ကို ရွှေ့ ရှားရတာပဲ ဖြစ်ပါတယ်။
လူတွေဟာ price တွေကို ဘယ်ဘက်ကို ရွေ့ဖို့ မောင်းနှင်နေကြပါသလဲ။ အတက်ဘက်ကိုလား၊ အကျဘက်ကိုလား။ တကယ်တော့ လူတိုင်းကိုယ်စီ မိမိအတွက် အကျိုးရှိမယ့် မြတ်မယ်လို့ထင်တဲ့ဘက် ကို price ကို မောင်းနှင်ကြပါတယ်။ အဲ့ဒီတော့ လူတိုင်းအကျိုးရှိကြပါသလား။ ကျွန်တော်တို့ရော မြတ်ကြပါသလား။ မြတ်တဲ့ အခါရှိသလိုမမြတ်တဲ့ အခါလည်း ရှိပါတယ်။ ဘာကြောင့်ပါလဲ။ ဒါဟာ price action ဟာ ကျွန်တော်တို့ မောင်းတဲ့ဘက်ကို မသွားတာ သေချာနေလို့ပါပဲ။ price action ဟာ ကျွန်တော်တို့ မောင်းတဲ့ဘက်ကို ဘာကြောင့် မသွားတာလဲ။ သူမှာ ကျွန်တော်တို့ တွန်းပို့တဲ့ အားကို ပြန်ဆန့်ကျင်ဖို့အတွက် အားကိုးရှိနေလို့ပါပဲ။ အဲ့ဒါကတော့ ကျွန်တော်တို့နဲ့ ဆန့်ကျင်ပြီး price action တွေကို ပြန်ခံတွန်းနေတဲ့သူတွေ ရှိနေလို့ပါပဲ။
မြတ်တဲ့သူက မြတ်ပြီး ရှုံးတဲ့သူက ဘာကြောင့် ရှုံးရတာပါလဲ။ လူတွေဟာ ကိုယ်မြတ်မယ်ထင်တဲ့ဘက်ကို ဆန့်ကျင်ဖက်တွေ တွန်းမိကြရင်းနဲ့ အားချင်းတူနေတဲ့ အချိန် ဆိုရင် Price ဟာ ဘယ်ဘက်ကိုမှ သွားမည်မဟုတ်ပဲ တဖက်ဖက်က အားသာသွားရင်တော့ အားနည်းတဲ့ဘက်ကို ရွေ့သွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝင်လိုက်တဲ့ဘက်က အားကြီးတဲ့ ဘက်ဆိုရင်တော့ အမြတ်ရမယ့် ဘက်ကပေါ့။
ဆက်ပြီးတော့ price ကို ဘယ်လိုရွှေ့ သလဲဆိုတာ လေ့လာကြရအောင်။ ရောင်းသူ ဝယ်သူ price တွန်းကြရာမှာ အားများရာ မှ နည်းရာသို့ price ဟာ တဖြည်းဖြည်း ရွေ့သွားမှာဖြစ်ပါတယ်။ ဥပမာ ရောင်းတဲ့ဘက်က များရင် ဈေးက အကျဘက်ကိုသွားမယ် ဆိုတာပါပဲ။ ရောင်းတဲ့ ဘက်က အရှိန်ကျသွားပြီး ရောင်သူ ဝယ်သူမျှသွားရင် မူလဈေးကို ပြန်တက်ပါသလား ဆိုရင်တော့ မတက်တော့ပါဘူး။ ရောင်းသူ ဝယ်သူ ညီသွားတာ ဖြစ်တဲ့ အတွက် ရောက်တဲ့ဈေးမှာ ငြိမ်နေပါတယ်။ အဲ့ဒီ နောက်ပိုင်း တဖက်ဖက်က အားသာသွား ရင် အားနည်းတဲ့ ဘက်ကို ရွေ့ပြန်ပါတယ်။
အဲ့ဒီတော့ price action တွေဟာ အကြောင်းမဲ့ ဖြစ်ချင်သလို ဖြစ်လာတာ မဟုတ်ပဲ လူတွေပြုပြင်လို့ ဖြစ်ပေါ်လာတာ ဆိုပေမယ့် ရည်ရွယ်ချက်တွေ အမျိုးမျိုးကွဲပြားတဲ့ သူတွေကြောင့်ဖြစ်လာတဲ့ အတွက် မည်သို့မျှ တိတိကျကျ ခန့်မှန်းတွက်ချက် ၍ ရကောင်းသော အရာတော့ မဟုတ်ပေ။
Price ကို ရွေ့စေနိုင်တဲ့ အကြောင်းများ
၁။ ပုံမှန် အရောင်း/အဝယ် မှ တဖက်ဖက်မှ ရောင်း/ဝယ်လို အား များလာလျှင်
၂။ ပုံမှန် မှ တဖက်ဖက်မှ ရောင်း/ဝယ် လိုအား လျော့နည်း သွားလျှင်
၃။ ဝင်လာ သမျှ အရောင်း/အဝယ် အော်ဒါများ တောက်လျောက် wall ကဲ့သို့ လက်ခံနေရာမှ လက်မခံနိုင်တဲ့ အဆုံး ပိုလျံ ထွက်လာလျှင်
၎။ အရောင်း/အဝယ် မရှိ နည်းနေရာမှ ရုတ်တရက် အရောင်း/အဝယ် ထဖြစ်လျှင်
၅။ အရောင်း/အဝယ် များပေမယ့်လည်း တဖက်နဲ့တဖက် Balance ဖြစ်နေရာမှ တဖက်ဖက်မှ လျော့ကျသွားလျှင်
ရွေ့နေသော Price ကို ရပ်တန့်သွားစေ နိုင်သော အကြောင်းရင်းများ
၁။ ပုံမှန် အရောင်း/အဝယ် မှ တဖက်ဖက်မှ ရောင်း/ဝယ် လိုအား များလာလျှင် ဖြစ်ပေါ် လာသော price ရွေ့ရှားမှုကို ရပ်တန့်စေတဲ့ အကြောင်းကတော့
(a) များသွားသော အား လျော့ကျဆင်းသွားခြင်း
(b) နည်းတဲ့ ဘက်မှ များသောဘက်နဲ့ တူအောင်ပြန်များလာခြင်း
(c) နည်းသော ဘက်မှ ဒိုင်ခံ ရောင်းဝယ် တဲ့ (wall) ဈေးသို့ ရောက်သွားသဖြင့် wall ထဲသို့ စိမ့်ဝင်သွားခြင်း (အားကြီးစွာ စိမ့်ဝင်တာ ဖြစ်တဲ့အတွက် bounce ဖြစ်ဖို့ထက် break out ဖြစ်ဖို့က ရာခိုင်နှုံး ပိုများပါသည်)
၂။ ပုံမှန် တဖက်ဖက်မှ ရောင်း/ဝယ်လိုအား နလျော့နည်းသွား လျှင် ဖြစ်ပေါ်လာသော Price ရွေ့ရှား မှုကို ရပ်တန့်စေတဲ့ အကြောင်းကတော့
(a) နည်းသွားသော အားပြန်တက်လာခြင်း
(b) များတဲ့ ဘက်မှ နည်းတဲ့ ဘက်နဲ့ တူအောင် လိုက်နည်းသွားခြင်း
(c) နည်းသော ဘက်မှ ဒိုင်ခံရောင်း/ဝယ် တဲ့ (wall) ဈေးသို့ ရောက်သွားသဖြင့် wall ထဲသို့ စိတ်ဝင်သွားခြင်း (အားနည်းစွာ စိမ့် ဝင်တာ ဖြစ်တဲ့အတွက် breakout ဖြစ်ဖို့ထက် bounce ဖြစ်ဖို့ ရာခိုင်နှုံး ပိုများပါသည်)
(d) များသောဘက်မှ စ၍ နှစ်ဖက်စလုံး အရောင်း/အဝယ် တူညီစွာ ရပ်တန့်လုနီးပါး ဖြစ်သွားခြင်း
၃။ ဝင်လာ သမျှ အရောင်း/အဝယ် အော်ဒါများ တောက်လျောက် wall ကဲ့သို့ လက်ခံနေရာမှ လက်မခံနိုင်တဲ့ အဆုံး ပိုလျံ ထွက်လာလျှင် ဖြစ်ပေါ်လာသော price movement ကို ရပ်တန့်စေတဲ အကြောင်းကတော့
(a) ပိုလျံသော အား လျော့ကျကုန်ဆုံးသွားခြင်း
(b) ပိုလျံသော အား နှင့် ဆန့်ကျင်ဘက် အားတို့ တူညီသွားခြင်း။ ဤနေရာတွင် ပမဏ များပြီးတူညီခြင်း၊ ပမာဏနည်းပြီး တူညီခြင်း ဟူ၍ နှစ်မျိုးရှိပါသည်။
၎။ အရောင်း/အဝယ် မရှိ နည်းနေရာမှ ရုတ်တရက် အရောင်း/အဝယ် ထဖြစ်လျှင် ဖြစ်ပေါ်လာသော price movement ကို ရပ်တန့်စေတဲ့အကြောင်းကတော့
(a) အရှိန်ကုန်သွားခြင်း
(b) ဈေး တစ်နေရာတွင် ဆန့်ကျင်ဘက်အားနှင့် ညီသွားခြင်း ။ ဤနေရာတွင် ပမဏ များပြီးတူညီခြင်း၊ ပမာဏနည်းပြီး တူညီခြင်း ဟူ၍ နှစ်မျိုးရှိပါသည်။
၅။ အရောင်း/အဝယ် များပေမယ့်လည်း တဖက်နဲ့တဖက် Balance ဖြစ်နေရာမှ တဖက်ဖက်မှ လျော့ကျသွားလျှင် ဖြစ်ပေါ်လာသော price movement ကို ရပ်တန့်စေတဲ့ အကြောင်းကတော့
(a) လျော့ကျသွားသော အား ပြန်တက်လာခြင်း
(b) ဆန့်ကျင်ဘက်မှလည်း လိုက်ပါလျော့ ကျသွားခြင်း
အဲ့ဒီတော့ Price movement တွေဖြစ်ရတဲ့ အကြောင်းတွေ ပေါ် အခြေခံပြီးတော့ ကျွန်တော်တို ကြိုတင် ဘယ်လိုခန့်မှန်း နိုင်မလဲ ဆိုတာကို ပြန်စီစစ်ပါအုံးစို့။
Price တွေဟာ ဘယ်အချိန်မှာ ဘယ်လိုမျိုး အနေအထား ရှိကြပါသလဲ။
၁။ အရောင်း/အဝယ် ပုံမှန်ရှိနေရာမှ တဖက်ဖက်မှာ များသွားပါက ဘယ်လိုဖြစ်နိုင်ပါသလဲ။ ဥပမာ - အရောင်း order ပိုတက်သွားတယ် ဆိုပါစို့။ ဝယ်သူလည်း ပုံမှန်ရှိနေတယ်၊ ရောင်းသူ ကျွံသွားတဲ့ ဒီဖြစ်ရပ်မှာ ရောင်သူကျွံသွားတဲ့ အတွက် ဈေးကျမှာ အမှန်ဖြစ်ပါတယ်။ price ဟာ ကျလာပါတယ်။ ပုံမှန် ရောင်းဝယ်နေသူတွေ အဖို့ မိမိတို့ လိုချင်သော ဈေးမှာ သာလျှင် ရောင်းဝယ်လိုကြသော်လည်း ဈေးနှုံး ပမာဏ တစ်ခု ပြောင်းသွားလျှင် မိမိဘက်က ဈေးသာနေလျှင် ဆက်လက်ရောင်းဝယ် လိုကြသော်လည်း မိမိတို့ဘက်က နာမည်ဆိုပါက ရောင်းခြင်း ဝယ်ခြင်းကို ရပ်တံ့လိုက်မည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ပါ၍ price ကျလာတဲ့ အချိန်မှာ ဝယ်သူက အဝယ်မပျက် ဆက်လက်လုပ်နိုင်ပေမယ့် ရောင်းသူက ဆက်မရောင်းနိုင်တော့ပေ။ ဒီအခါမှာ ဝယ်သူအား ပိုလာသဖြင့် မူလဈေးသို့ ပြန်လည် ရောက် နိုင်ချေရှိပေသည်။ ဒါကြောင့်မို့ အရောင်းအဝယ် ပုံမှန် ရှိနေရာမှ တဖက်ဖက်သို့ ကျွံထွက်သွားသော ဈေးသည် မူလ ဈေးသို့ ပြန်ရောက်နိုင်သည့် ရာခိုင်းနှုံးများပေသည်။
၂။ အရောင်း/အဝယ် ပုံမှန်ဖြစ်နေရာမှ တဖက်ဖက်မှာ နည်းသွားသည် ရှိသော် မည်သို့ဖြစ်နိုင်ပါသလဲ။ ဥပမာ - အရောင်း order ကျသွားတယ် ဆိုပါစို့။ အရောင် order ဘာလို့ ကျရသလဲ ဆိုတော့ လက်ရှိပေါက်ဈေးကို မနှစ်သက်လို့ ကျတာပဲဖြစ်တယ်။ ဒီအချိန်မှာ အဝယ်အော်ဒါက ပုံမှန်ရှိနေတော့ price ကို ဆွဲတင်ပါတယ်။ အဝယ်အော်ဒါက တက်သွားတဲ့ price ကို မနှစ်သက်တော့ဘူးဆိုရင် price ဟာ ရပ်တန့်သွားမှာဖြစ်ပါတယ် ။ သို့သော်လည်း ဝယ်လိုအားက ဆက်ရှိနေမယ် ဆိုရင်တော့ ဈေးဟာ ဆက်တက်သွားမှာပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ဆိုရသော် အရာင်းအဝယ် လျော့ကျမှုကြောင့် ဖြစ်ပေါ်တက်သော Price movement များသည် မူလနေရာသို့ ပြန်ရောက်ဖို့ ရာခိုင်းနှုံး နည်းပါသည်။ အကယ်၍ အထက်ပါဥပမာအရ တက်သွားသောဈေးကြောင့် အရောင်း အော်ဒါပြန်တက်လာရင်တောင် မူရင်းဈေးသို့ ပြန်ရောက်ချင်မှရောက်ပေမည်။ အကယ်၍ ပြန်ရောက်ခဲ့လျှင်လည်း ဤ process နှင့် သက်ဆိုင်တော့မည် မဟုတ်တော့ချေ။
၃။ တခါတရံ မှာ ညင်သာစွာ ဖြစ်စေ၊ ရုတ်တရတ် ဖြစ်စေ၊ ပြောင်းလဲလာ7သော Price movement သည် price တန်ဖိုးတစ်ခုတွင် ပုံမှန်အရောင်းအဝယ် တန်ဖိုး မပြောင်းလဲပဲ သို့မဟုတ် အနည်းငယ်ပို၍ ရုတ်တရတ် ရပ်တန့် သွား တက်ပါသည်။ ဒါဟာဘာကြောင့်ပါလဲ။ ဥပမာအားဖြင့် ရောင်းလိုအားများလာသဖြင့် တသတ်မတ် ကျဆင်းနေသော price movement တစ်ခု ရပ်တန့်သွားခြင်းကို ယေဘုယျ သုံးသပ်မယ်ဆိုရင်တော့ တစ်စုံတစ်ယောက် တဖွဲ့ စတဲ့ ရင်းနှီမြုပ်နှသူတစ်ဦးဟာ ရပ်တန့်သွားတဲ့ဈေးမှာ ပြန်ခံပြီး wall ပုံစံမျိုး အဝယ်အော်ဒါ ဖွင့်ထားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ အကြောင်းနှစ်ခု ပေါ်ပါတယ်။ ပထမတစ်ခုက wall အဖြစ် ဝယ်သူ investor တစ်ဦးပဲ ရှိတက်တာမျိုးပါ။ ဒီအခြေအနေမှာ ပြန်ကန်ထွက်လေ့မရှိပဲ wall ဈေးမှာ ငြိမ်သွားတာမျိုး ဖြစ်တက်ပြီးတော့ အဝင်အော်ဒါ အလွန်များပြားလာပါက ပိုလျံ တက်သဖြင့် break out ဖြစ်နိုင်ခြေ ပိုမျာူတက်ပါတယ်။ နောက် ဒုတိယ အကြောင်းတစ်ခုက investor နှင့် အတူ player လေးတွေ အတူရှိနေတဲ့ သဘောပါ။ ဒီ အချိန်မှာတော့ re-bounce တွေ ဖြစ်ဖြစ်လာတာပြီးတော့ price ဟာ breakout ဖြစ်ဖို့ ထက်ကို turn back ဖြစ်သွားနိင်ခြေက ပိုမိုများပြား တက်ပါတယ်။
****Nonentity Trader

No comments:

Post a Comment