Sunday, September 6, 2015

Slippage အကြောင်း သိကောင်းစရာ

Slippage အကြောင်း သိကောင်းစရာ
-------------------------------------------------------------------------------------------------------
ဒီနေ့ XAUUSD မှာ Trade တစ်ခုကို ကျွန်တော် T/P နှင့် တကွ S/L ကို ထားပြီး Buy Trade တစ်ခုကို Long လုပ်ထားဖြစ် ခဲ့ပါတယ်။ အဲ့ဒီမှာ Price ဟာ ရုတ်တရတ် ထိုးကျဆင်းသွား ခဲ့ပြီး pips တော်တော်များများကို ဆင်းသွားခဲ့ပါတယ်။ ဥပမာ S/L ကို 1081 မှာ ထား ထား တာကို 1073 ရောက်သွားတဲ့ အချိန် ကျမှ Stop Out ဖြစ်သွားပါတယ်။ ကိုယ် အရှုံးခံ နိုင်တာကို အကန့်အသတ် အနေဖြင့် ထားတဲ့ Risk ထက်ကို ပိုပြီး အတော်များများ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ကျွန်တော်တို့ ရဲ့ account ဟာ leverage အတော်များများ ဖြင့် Trading လုပ်နေတယ် ဆိုပါက မိမိတို့ ရဲ့ account ကိုပါ ဆုံးရှုံး သွားရဖို့ ရာခိုင် နှုံး အတော်များ နိုင်ပါတယ်။ ဒီလိုမျိုး ဘာကြောင့် ဖြစ်ရပါသလဲ ဆိုတာကို ကျွန်တော်တို့ မေးခွန်း ထုတ်စရာပါ။
ပထမဦး ဆုံးအနေနဲ့ ဆန်းစစ် ကြည့်ရမှာကတော့ ကျွန်တော်တို့ သုံးနေတဲ့ Platform ကိုပြန် စစ်ဆေး ရပါမယ်။ ရုတ်တရတ် ထိုးကျသွားတဲ့ Price ဟာ ကိုယ်သုံးနေတဲ့ Platform မှာ ရောက်ခဲ့တဲ့ နေရာသို့ အခြားအခြားသော Platform တွေမှာရော ရောက်ခဲ့သလား ဆိုတာကို ပြန်စစ်ကြည့်ပါ။ Broker platform ပေါ်မူတည်ပြီးတော့ ကွဲပြားတက်ပါတယ် ။ အထူး သဖြင့် volatile ဖြစ်တဲ့ အခါဆိုရင် ပိုးဆိုးတက်ပါတယ်။ ဈေး တက်လိုက်ကျလိုက် အချိန်တိုတို အတွင်းမှာ ဈေး အရမ်း ကစားတဲ့ အချိန်မှာ ဖြစ် တာကို ဆိုလိုပါတယ်။ တစ်ခါ တစ်လေ Market အဖွင့်မှာ gap up တို့ gap down ဆိုတဲ့ ဈေးခုန်ကျော်တဲ့ အခါ လည်း ဖြစ်တက်ပါတယ်။
အဲ့ဒီတော့ ကျွန်တော်တို့ ရဲ့ account ကို စိတ်ချနိုင်ဖို့ အတွက် ယေဘုယျ အားဖြင့် S/L ကို 100% ယုံကြည် ထားလို့ မရနိုင်တော့ပါဘူး ။ အထက်ပါ ဖေါ်ပြခဲ့သော ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အဖြစ်အပျက် အတွက်ပါ ထည့် စဉ်းစားဖို့ လိုလာပြီး ဖြစ်ပါတယ်။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို ၀ိုင်းစဉ်းစားကြဖို့ လိုပါတယ်။ ကျွန်တော်တို့ Broker တိုင်းကို ယုံကြည်လို့ မရပါဘူး။ အချို့ ဈေးပေါပေါ spread ပေးတဲ့ လူလိမ် ပွဲစားတွေ အများကြီး ရှိပါတယ်။
Stock ပဲ ဖြစ်ဖြစ် ၊ Forex ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ထား လိုက်တဲ့ S/L တို့ T/P ရောက်တဲ့ အခါကျလျှင် အခြား တစ်ဖက်က ကိုယ်နဲ့ ဆန့် ကျင်ဘက်မှ ရောင်းမယ့်သူ ၀ယ်မယ့်သူ လုံလုံလောက် လောက် ရှိနေဖို့ လိုပါတယ်။ ကိုယ်က ရောင်းမယ်ဆိုရင် တဖက်က ၀ယ်သူရှိရမယ်။ ကိုယ်က ၀ယ်မယ် ဆိုရင် ရောင်းသူရှိရမယ်။ ဥပမာ - ကျွန်တော်တို့က ၀ယ်ထားတဲ့ Trade တစ်ခုကို S/L တို့ T/P တို့ ရောက်လျှင် ပြန်ရောင်းမယ် ဆိုပြီး သတ်မှတ်ထားသော်လည်း အဲ့ဒီ Price ကို ဖြတ်ဆင်း သွားတဲ့ အချိန်က သိတ်မြန် တာရယ် ၀ယ်မယ့်သူ လုံလုံလောက်လောက် မရှိသေးတဲ့ အခါမှာ ဈေးထက်ကျပါတယ်။ အဲ့ဒီလို ဈေးထက်ကျတဲ့အခါမှာ ကျွန်တော်တို့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ Price အောက်ကို နိမ့်ကျ ကျော်လွန် သွားပြီးမှ ၀ယ်သူ ပေါ်လာတဲ့ အခါမှာ ကိုယ်ရောင်းချင် တဲ့ ဈေးနဲ့ မရတော့ပဲ ပိုနိမ့်ကျတဲ့ ဈေးနဲ့ မှ အရောင်းအ၀ယ် ဖြစ်သွားတဲ့ သဘောပါ။ ဒါဟာ အမှန်တကယ် ဖြစ်တာလဲ ရှိနိုင်သလို အချိန်အားဖြင့် စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက် ဖြစ်တဲ့ အတွက် Broker က နေပြီးတော့ ဖန်တီး လုပ်ယူလိုက် တာလည်း ရှိပါတယ်။ တခြား Broker တွေနဲ့ ယှဉ်ကြည့် လိုက်ရင်တော့ အဲ့ဒီ အချိန်မှာ အဲ့ဒီဈေးကို မရောက်တက်တာလည်း ရှိပါတယ်။ (မရောက်တဲ့ ဈေးကို Broker က ဖန်တီးယူလိုက်တဲ့ သဘောပါ။)
နောက်တစ်ခုက illiquidity ကြောင့် လို့ ဆိုပါတယ်။ ဆိုလိုတာက ၀ယ် မည်၊ ရောင်းမည့် သူနည်းပါးတဲ့ အချိန်မှာ ဖြစ်တက်ပါတယ်။ Trading ဆိုတာက နှစ်ဖက် ရောင်းသူ ၀ယ်သူ ရှိမှ အလုပ်ဖြစ် တက်တာပါ။ Forex လိုမျိုး တကမ္ဘာ လုံး က အချိန်နဲ့ တပြေးညီ Trading လုပ်နေကြတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်မျိုးက မဖြစ်လိုပါဘူး။ ရံဖန်ရံခါသာ ဖြစ်တက်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖြစ်နိုင်တဲ့ အခြေအနေ တစ်ခု ပေါ်လာရင် ဒါကို အခွင့်ကောင်းယူပြီးတော့ Broker အချို့ ကလည်း ရယူ အသုံးချ တက်ပါတယ်။ (ဥပမာ ဈေးတစ်ခု ဟာ လျှင်လျှင်မြန်မြန် ကျသွားတယ်။ ဒီနေရာမှာ Broker က ကျသွားတဲ့ ဈေး ထက်ကို ပိုမိုနိမ့်ကျတဲ့ ဈေးနဲ့ ကိုယ့်ရဲ့ အရောင်း order တွေကို ဈေးဖြတ်ပေးလိုက်တဲ့ သဘောပဲ။) သိပ်ကို မြန်ဆန်တဲ့ အတွက်ကြောင့် Trader တွေဟာ ပြန်စစ်ဆေးလို့ မရနိုင်ပါဘူး။ သိပ်ကို မြန်တဲ့ အတွက်ကြောင့် Broker က ဘယ်လို ဖန်တီး နိုင်မလဲ လို့ မေးစရာ ရှိပါတယ်။ ကွန်ပြူတာ system တွေနဲ့ ကြိုတင် ဖန်တီး ထားတာ ဖြစ်လို့ အဲ့ဒီလို မလုပ်နိုင်ဘူးလို့ မထင်ပါနဲ့ ။ ဒါကြောင့်မို့ Broker ရွေးချယ်တဲ့ နေရာမှာ မှန်မှန်ကန်ကန် ရွေးချယ် နိုင်ဖို့ လိုပါတယ်။
အဲ့ဒီလို ကိုယ် ၀ယ်/ရောင်း မယ်လို့ သတ်မှတ်ထားတဲ့ ဈေး နဲ့ အမှန်တကယ် အရောင်း/အ၀ယ် ဖြစ်ခဲ့တဲ့ ဈေး ဟာ ကွာခြားသွားနိုင်ပါတယ်။ ဒီလို သတ်မှတ်ဈေး နဲ့ အလုပ်ဖြစ်သွားတဲ့ ဈေးနဲ့ ကွာခြားသွားတာကိုပဲ Slippage လို့ ခေါ်ပါတယ်။
ကျွန်တော်တို့ order တစ်ခုကို ဈေးနှုံး တစ်ခုနဲ့ broker ဆီမှာ request လုပ်လိုက်တယ် ဆိုပါတော့။ သေချာ သတိထား မိရင် ချက်ချင်း မ၀င်ပါဘူး။ အနဲ ဆုံး စက္ကန့် ပိုင်းလေးတော့ စောင့်ရတာပါပဲ ။ ဒါကတော့ ကျွန်တော်တို့ request လုပ်လိုက်တဲ့ order နဲ့ ဆန့်ကျင်ဘက် အပိုင်းက (ရောင်းမယ် ဆိုရင် ၀ယ်မယ့်သူ ၊ ၀ယ်မယ် ဆိုရင် ရောင်းမယ့်သူ ) တွေရဲ့ order တက်လာတဲ့ အခါမှာ ချိတ်ဆက် ပေးတာ ဖြစ်ပါတယ်။ အကယ်၍ ကိုယ် order ဖွင့်လိုက်တဲ့ ဈေးဟာ တဖက်က ပြန်တက်တဲ့ order တွေရဲ့ ဈေးနဲ့ တူနေရင်တော့ ကိုယ်ဖွင့်လိုက်တဲ့ ဈေးနဲ့ broker က ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ မတူရင်တော့ အနီးစပ်ဆုံး ဈေးနီး တဲ့ ဆန့်ကျင်ဘက် order တွေကို ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ဒါကို ကိုယ့် order တွေကို broker က fill လုပ်ပေးတယ်လို့ ခေါ်ပါတယ်။
Slippage ဆိုတာ ကျွန်တော်တို့ရဲ့ order တစ်ခုကို requested လုပ်လိုက်တဲ့ price နဲ့ မတူညီပဲ အခြား Price တစ်ခုမှာ filled လုပ်ခြင်းခံရတဲ့ အတွက် ဈေးနှုံး ၂ခု အကြား ဈေးကွာသွားတာကို ခေါ်တာပါ။ Trade တစ်ခုရဲ့ မျှော်လင့်ထားတဲ့ ဈေးနှုံး နဲ့ အမှန်တကယ် အဲ့ဒီ Trade ရဲ့ အလုပ်ဖြစ်သွားတဲ့ ဈေးနှုံး ၂ခုရဲ့ ဈေးကွာခြား ချက် ဖြစ်ပေါ်လာပါတယ်။
Slippage ဟာ မြင့်မားသော ဈေးနှုံး ကစားတဲ့ အချိန်ပိုင်းတွေ မှာ မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ market orders တွေ များစွာပေးတဲ့ အခါ၊ ဈေးကွက် မှာ Traders တွေမှ orders အကြီးကြီး တွေ ကို ပြုလုပ်ခိုင်းခံရတဲ့ အခါ၊ Trade ရဲ့ ကြိုတင်ပေးထားတဲ့ ဈေးနှုံး ကို လက်ခံဖို့ အခြား Trader တွေရဲ့ စိတ်ဝင်စားခံရတာကို လုံလုံလောက်လောက် မရရှိတဲ့ price level (ဈေးနှုံး) တွေမှာ ဖြစ်တက်ပါတယ်။
Slippage ဟာ Forex နှင့် stock trading နှစ်ခုစလုံးမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးအတွက် အဓိပ္ပါယ် ကတော့ တူပေမယ့် ဖြစ်ပေါ်လာတက်တဲ့ အခြေအနေကတော့ မတူကြပါဘူး။
Forex မှာဆိုလျှင် order မှာ၊ limit order မှာ၊ ဒါမှမဟုတ် Stop Loss တွေမှာ မူလကြိုတင် သတ်မှတ်ပေးထားတဲ့ နှုံး နဲ့ မဟုတ်ပဲ ပိုမို ဆိုးရွားတဲ့ ဈေးနှုံးနဲ့ အလုပ်ဖြစ်သွားပြီး slippage ကို ဖြစ်ပေါ်စေတက်ပါတယ်။ နောက်ပြီး တက်လိုက်ကျလိုက် ဈေးကစားနေသော အချိန်၊ သတင်း အသစ် အဖြစ်အပျက်များ ဖြစ်လာ နိုင်သော အချိန် နဲ့ အခြားသူတွေ အတွက် မဖြစ်နိုင်တဲ့ သတ်မှတ်ဈေးနှုံး တစ်ခု မှာ ကျွန်တော်တို့ order တစ်ခုကို ပြုလုပ်ထားသော အခါ မျိုးတွင် မကြာခဏ ဖြစ်ပေါ်တက်ပါတယ်။ ဒီအခြေအနေမှာ Forex dealers အများစုဟာ နောက်တစ်ကြိမ် အကောင်းဆုံး ဈေးနှုံး မှာမှ Trade ကို ၀င်ကြပါတယ်။
Stocks trading မှာတော့ Slippage ဟာ spread ပြောင်းလဲမှု ဖြစ်လာတဲ့ အခါ မှာ ဖြစ်တက်ပါတယ်။ ဒီနေရာမှာ trader တွေရဲ့ market order တစ်ခု ထားခဲ့မယ် ဆိုရင် သတ်မှတ်ပေးသော ဈေးနှုံးထက် လွဲနေသော ဈေးနှုံး တစ်ခုဖြင့် လက်ခံ ဆောင်ရွက်တာကို ခံရနိုင်ပါတယ်။ long trade (buy trade) တစ်ခု အတွက် ကတော့ trader တွေအတွက် ၀ယ်ဈေး ask ဟာ မြင့်တက်နေပြီးတော့ short trade (sell trade) အတွက် ရောင်းဈေး bid တွေက အနှိမ်ခံရမှာ ဖြစ်တယ်။ မလိုအပ်တဲ့ အချိန်မှာ market orders တွေကို ရှောင်နေခြင်းအားဖြင့် Traders တွေဟာ slippage ဖြစ်ခြင်းမှ ကာကွယ် နိုင်ပါတယ်။
slippage ဟာ ဂရုစိုက်ပြီး အလေးထား သင့်တဲ့ အရာပါပဲ။ အမှန်တကယ် ရှိနေတာလဲ ဖြစ်ပါတယ်။ ပုံမှန် ဈေးကွက် မှာ traders တွေအတွက် အခြေအနေကောင်း တွေကို ပေးနိုင်ပါတယ်။ liquidity provider သို့မဟုတ် bank တွေ ဟာ order တွေ ပေးပို့လာတဲ့အခါမှာ market Broker တွေဟာ အကောင်းဆုံး ရနိုင်သော ဈေးနှုံး တွေနဲ့ ချိတ်ဆက်ပေးကြပါတယ်။ ချိတ်ပေးတဲ့ ဈေးနှုံး ကလဲ price requested ရဲ့ အပေါ် သို့မဟုတ် အောက် ဈေးနှုံးရှိတဲ့ အခြားဘက် ကသူတွေရဲ့ order တွေကို ရွေးချယ် ချိတ်ဆက် ပေးပါတယ်။ ဥပမာ ပေးရရင် ကျွန်တော်တို့ EURUSD ကို current market rate of 1.3650 မှာ ၀ယ်ဖို့ အတွက် အားထုတ်တယ်ဆိုကြပါစို့။ ဒီ order ကို ဖြည့်တဲ့ အခါမှာ potential outcomes အနေနဲ့ 3 မျိုး ဖြစ်နိုင်ပါတယ်။
Outcome #1 (No Slippage)
request order လုပ်လိုက်တဲ့အခါမှာ အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေး ဟာ 1.3650 မှာပဲ လက်ခံ ရရှိပါတယ်။ (ကျွန်တော်တို့ ကမ်းလှမ်းခဲ့တဲ့ ဈေးနှုံး တိတိကျကျပါပဲ) . order ဟာ 1.3650 မှာပဲ ပြည့်သွားပါတယ်။
Outcome #2 (Positive Slippage)
request order လုပ်လိုက်တဲ့ အခါမှာ အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေး ဟာ ရုတ်တရတ် ပြောင်းလဲ သွားတဲ့ 1.3640 မှာ လက်ခံရရှိပါတယ်။ ( ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips နည်းနေပါတယ်။) ကျွန်တော်တို့ရဲ့ order ဟာ ပိုမို ကောင်းမွန်တဲ့ ဈေးနှုံး 1.3640 မှာ ပြည့်သွားပါတယ်။
Outcome #3 (Negative Slippage)
request order လုပ်လိုက်တဲ့ အခါမှာ အကောင်းဆုံး ရနိုင်တဲ့ ၀ယ်ဈေး ဟာ ရုတ်တရတ် ပြောင်းလဲ သွားတဲ့ 1.3660 မှာ လက်ခံရရှိပါတယ်။( ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ဈေးထက် 10 pips များနေပါတယ်) ကျွန်တော်တို့ရဲ့ order ဟာ 1.3660 မှာပဲ ပြည့်သွားမှာ ဖြစ်ပါတယ်။
ဘယ် အချိန်မှာ မဆို ကျွန်တော်တို့ရဲ့ order တွေဟာ ကွဲပြားခြားနားတဲ့
price တွေနဲ့ အဖြည့်ခံနေရမှာ ဖြစ်ပါတယ်။ ဒါဟာ slippage ပါပဲ။
*** Nonentity Trader

No comments:

Post a Comment