Sunday, February 7, 2016

Relative Strength Index (RSI) အကြောင်းသိကောင်းစရာ (၃)



မင်္ဂလာပါ ….
          ကျွန်တော် Relative Strength Index (RSI) အကြောင်းသိကောင်းစရာ (၂) မှာ overbought and oversold အကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီမှာကတော့ RSI ကို အခြေခံပြီးတော့ ကျွန်တော်တို့ Divergences တွေ အကြောင်းကို ဆက်ပြီးတော့ လေ့လာမှာ ဖြစ်ပါတယ်။

Divergences
        Divergences တွေမှာ Bullish divergence နဲ့ Bearish divergence ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့ ဒီ divergence အမျိုးအစားတွေ အကြောင်းမပြောခင်မှာ divergences ဆိုတာ ဘာပါလဲ။
ဒီမှာ ကျွန်တော်တို့ စတင်လေ့လာသူတွေ အတွက်ပြောပါမယ်။ divergences signal ဆိုတာ potential reversal point တစ်ခုပါပဲ၊ ဘာကြောင့်လည်းဆိုတော့ directional momentum က price action ကို confirm မဖြစ်ပါဘူး ဆိုတာပါပဲ။ ရောနေမှာ စိုးလို့ပါ။
Price action ဟာ lower low တစ်ခုကို ဖန်တီးပြီးတဲ့အချိန်မှာ RSI ဟာ Higher low တစ်ခု ဖြစ်ပေါ်လာတဲ့ ခဲ့တယ်ဆိုရင်  Bullish divergence တစ်ခု ဖြစ်ပေါ်လာပါတယ်။ RSI ဟာ Price action ရဲ့  Lower Low ကို confirm မဖြစ်ပါဘူး။ ဆိုလိုတာကတော့ price action ဟာ Lower low ပေါ်လာခဲ့ရင် Down trend ကို confirm ဖြစ်တယ် လို့ နားလည်ထားကြပါတယ်။ ဒီမှာတော့ အဲ့ဒီလို မဟုတ်ပါဘူး။ RSI ဟာ Higher low ဖြစ်ပေါ်လာခဲ့တဲ့ အတွက် Bullish divergence ဖြစ်ပေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ strengthening(ခွန်အား တိုးလားသော) momentum ကို ပြသတာပဲ ဖြစ်ပါတယ်။ အလားတူစွာပဲ Price action Security records ဟာ higher high တစ်ခု ဖြစ်ပြီးတော့ RSI ဟာ lower high တစ်ခု ဖြစ်တဲ့ အချိန်မှာ bearish divergence တစ်ခု ဖြစ်ပေါ်လာပါတယ်။ RSI ဟာ Price ရဲ့ new high ကို confirm မဖြစ်ပါဘူး၊ ပြီးတော့ ဒါဟာ weakening momentum ကို ပြသတာပဲ ဖြစ်ပါတယ်။
Chart 5 ကတော့ August – October ထဲက bearish divergence တစ်ခု နဲ့ Ebay(EBAY) ကို ပြသတာပဲ ဖြစ်ပါတယ်။ Bearish divergence အတွက် RSI ဟာ lower highs တွေကို ဖြစ်ပေါ်စေပေမယ်လို့ Stock ဟာ new high တွေနဲ့ September – October ထိ ဆက်လက်ရွှေ့ရှားခဲ့ပါတယ်။ October လ လယ်လောက်မှာတော့ subsequent breakdown ဟာ weakening momentum ကို confirm ဖြစ်စေခဲ့ပါတယ်။ 


Bullish divergence တစ်ခုဟာ January-March မှာ ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။ Ebay ဟာ March လအတွင်း new lows ဘက်သို့ ရွှေ့ရှားပြီးတော့ RSI ဟာ သူ့ရဲ့ အရင် ဖြစ်နှင့်ပြီးသော lows တွေရဲ့ အပေါ်မှာ နေနေပြီး Bullish divergence ဖြစ်ပေါ်စေခဲ့ပါတယ်။ February – March ကျဆင်းမှု အတောအတွင်း ကျဆင်းခဲ့တဲ့ downside momentum ဟာ RSI ကို ရောင်ပြန်ဟပ်ခဲ့ပါတယ်။ March လ လယ်ရောက်တဲ့ အခါမှာတော့ improving momentum (တိုးတက်မှု အဟုန်) ကို breakout confirm ဖြစ်ခဲ့ပါတယ်။ Divergences တွေဟာ overbought or oversold reading တစ်ခု ဖြစ်ပေါ်လာပြီးမှ သူတို့(divergences) ဖြစ်ပေါ်လာတဲ့ အခါမှာ ပိုမို အားကောင်းတဲ့ဆီကို ဦးတည်ပါတယ်။
Great trading signals ကဲ့သို့ divergences တွေ အကြောင်း သိပ်မယုံကြည် မိသေးခင် မှတ်စု ရေးထားရမှာကတော့ divergences တွေဟာ strong trend တစ်ခုမှာ အထင်မှား စေနိုင်တဲ့ (ဦးဆောင်မှုဟာ လွဲသွားနိုင်တယ်) အခြေအနေဖြစ်နေပါတယ် ဆိုတာပါပဲ။ Strong up trend တစ်ခုဟာ အမှန်တကယ် ထိပ်ဆုံးသို့ မရောက်မှီ များစွာသော bearish divergences တွေ ပေါ်လာနိုင်တက်ပါတယ်။  အပြန်အလှန် အားဖြင့် bullish divergences တွေဟာ Strong downtrend တွေမှာ ဆက်တိုက် ဖြစ်ပေါ်လာနိုင်ပြီး downtrend တွေ အတိုင်း ဆက်လက်သွားတက်ပါတယ်။ 


Chart 6 မှာ ပြထားတာကတော့ S&P 500 ETF (SPY) ပါပဲ။ Three bearish divergences နဲ့ continuing uptrend တစ်ခု ပါပါမယ်။ အဲ့ဒီ bearish divergences တွေဟာ short-term pullback တွေကို သတိပြုမိစေပါတယ်။ ဒါပေမယ့် သူတို့ဟာ clearly major trend reversal တွေ မဟုတ်ပါဘူး။ ခြုံ၍ ဆိုရသော် Divergence တွေဟာလည်း တိကျခိုင်မာတဲ့ signals တွေ မပေးနိုင်ပေမယ့် မိမိတို့နဲ့ သဟဇာတ ဖြစ်နိုင်တဲ့ အခြေအနေများကို ခြုံငုံသုံးသပ်ပြီး သင့်တော်သလို အသုံးပြုနိုင်မယ်ဆိုပါက ထိုက်သင့်တဲ့ အကျိုး များ ခံစားရရှိနိုင်ပါတယ်။ မိတ်ဆွေများ အားလုံး သတိထားပြီး Trading မှာ အမြတ်များများ ရရှိနိုင်ပါစေ။

အောင်မြင်ကြပါစေ..။
****Nonentity Trader
----------------------------------------------------------

No comments:

Post a Comment