Monday, February 8, 2016

Relative Strength Index (RSI) အကြောင်းသိကောင်းစရာ (၆)


Positive-Negative Reversals
          RSI မှာ Positive and negative reversals ဆိုတာကတော့ bearish and bullish divergences တွေနဲ့ ပြောင်းပြန် ဆန့်ကျင်ဘက် သဘောပါပဲ။ အချို့ Trader တွေဟာ bull market ရဲ့ သဘော သဘာဝဖြစ်စဉ် ကဲ့သို့  bearish divergences ကို တွေးတောပါတယ်။ အခြားစကားလုံး ဖြင့်ပြောရမယ်ဆိုရင် bearish divergences တွေဟာ Trend reversal Downtrend အစမှာ သုံးတယ် ဆိုပေမယ် Uptrends တွေမှာ သုံးဖို့ အတွက် ပိုမို နှစ်သက်ပြန်ပါတယ် တဲ့။  အလားတူစွာပဲ bullish divergences တွေဟာ bear market ရဲ့ သဘာဝ ဖြစ်စဉ် ကဲ့သို့ downtrend တစ်ခုမှာ ပြသဖို့ အတွက် စဉ်းစားပါတယ်။ ဒါပေမယ့် divergences တွေ နဲ့ reversals တွေဟာ ဆန့်ကျင်ဘက်သဘောတရား ဆင်ဆင်တူပေမယ့် အသုံးပြုတဲ့ Points တွေကတော့မတူကြပါဘူး။ divergences တွေမှာ overbought or oversold levels တွေကို သုံးသော်လည်း ဒီမှာတော့ အဲ့ဒီ levels တွေ မဖြစ်ရပါဘူး။


RSI က Lower low တစ်ခု ဖြစ်မယ် ပြီးတော့ security price action က Higher low တစ်ခု ဖြစ်ပေါ်မယ် ဆိုရင် A positive reversal တစ်ခု ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် RSI ဟာ oversold levels မဖြစ်ရပါဘူး ။ 30-50 ကြားထဲမှာသာ အမြဲတမ်းရှိနေရပါမယ်။ Chart 11 ကတော့ June 2009 မှာ ဖြစ်ပေါ်ခဲ့တဲ့ MMM ရဲ့ positive reversal တစ်ခုပဲ ဖြစ်ပါတယ်။ MMM ဟာ ရက်သတ္တပတ် အနည်းငယ် နောက်ကျပြီး resistance ကို breakout ဖြစ်ခဲ့ပြီး 70 အထက်ကို တက်သွားခဲ့ပါတယ်။ RSI ထဲမှာ lower low တစ်ခုနဲ့ အတူ weaker momentum ဖြစ်နေပေမယ့် MMM ဟာ သူရဲ့ ယခင် ဖြစ်ပေါ်ခဲ့တဲ့ Low ရဲ့ အထက်မှာ ပဲ ရှိနေပြီးတော့ underlying strength ကို ပြသပါတယ်။ အချုပ်ဆိုရသော် price action ဟာ momentum ကို အာဏာသုံး၍ ပယ်ချလိုက် သလိုပါပဲ။


Negative reversal ကတော့ positive reversal ရဲ့ ဆန့်ကျင်ဘက်ပါပဲ။ RSI ဟာ higher high တစ်ခု ဖြစ်မယ်။ ဒါပေမယ့် Security price ကတော့ lower high တစ်ခု ပုံဖော်မယ်။ ထပ်ပြီးတော့ Higher high ဟာ overbought levels ရဲ့ အောက် 50-70 ကြားမှာ ပဲ ရှိနေရပါမယ်။ Chart 12  ကတော့ Starbucks (SBUX) မှာ ဖြစ်ပေါ်ခဲ့တဲ့ Lower high နဲ့ RSI higher high ဖြစ်ပေါ်ခဲ့တာကို ပြသထားတာပဲ ဖြစ်ပါတယ်။ RSI ဟာ new high တစ်ခု ဖြစ်ပြီး momentum ဟာ strong ဖြစ်ခဲ့တယ်။ price action ဟာ lower high ဖြစ်ပေါ်သကဲ့သို့ ကျဆင်းဖို့ အတွက်လည်း confirm ဖြစ်ခဲ့ပါတယ်။ ဒီ negative reversal ဟာ the big support အဖြစ် နိမိတ်ပြနေပြီးတော့ June လ ကုန်လောက်မှာတော့ break ဖြစ်သွားပြီး ဖြတ်ဆင်းသွားပါတော့တယ်။
 
ကျွန်တော်တို့ Positive reversal မှာပဲ ဖြစ်ဖြစ်၊ Negative reversal မှာပဲဖြစ်ဖြစ် လေ့လာပြီးတော့ ဘယ်နေရာ မှာ ဘာလုပ်ရမလဲ ဆိုတာကို မိမိတို့ အဆင်ပြေသလို Trading လုပ်နိုင်ပြီး အမြတ်များများ ရပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

အောင်မြင်ပါစေ
****Nonentity Trader


No comments:

Post a Comment