Boom and Bust Cycle ဆိုတာကတော့
စီးပွါးရေး ဖွံ့ဖြိုးတိုးတက် မှု နဲ့ နိမ့်ကျ ဆုတ်ယုတ်မှု ဖြစ်စဉ် တွေဟာ
တဖန်တလှည့်စီ ထပ်ခါတလဲလဲ ပြောင်းလဲ ဖြစ်ပေါ်တက်တဲ့ ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။
နောက်ပြီး The boom and bust cycle ဆိုတာ ယနေ့ အရင်းရှင် စီးပွါးရေးလုပ်ငန်း
များရဲ့ သွင်ပြင်လက္ခဏာ သော့ချက် တစ်ခုလည်းပဲ ဖြစ်ပါတယ်။ Boom ကို
အဓိပ္ပါယ်ဖွင့်ဆိုရရင် ၄င်းဖြစ်စဉ် အတောအတွင်း စီးပွါးရေး ဟာ ဖွံ့ဖြိုး ကြီးထွားလာပါတယ်၊
အလုပ်အကိုင်တွေဟာ ပေါများလာမယ်၊ ပြီးတော့ ဈေးကွက် မှ ရင်းနှီးမြုပ်နှံသူတွေ ဆီကို
အကျိုးဖြစ်ထွန်းမှုဟာ အလုံးအရင်းနဲ့ ပြန်ဝင်လာပါတယ်။ Bust ကို ရှင်းပြရရင်တော့ Bust
ဖြစ်တဲ့ ကာလတွေ ဟာ စီးပွါးရေးတွေ အတော်အတန် လျော့နည်း ကျဆင်းသွားပါတယ်။ လူတွေဟာ
သူတို့ရဲ့ အလုပ်တွေကို လက်လွတ်ဆုံးရှုံးလိုက်ကြရပါတယ်၊ ပြီးတော့ ရင်းနှီးမြုပ်နှံသူတွေဟာလည်းပဲ ငွေကြေးများစွာ
ဆုံးရှုံးသွားကြတဲ့ အချိန်ပါပဲ။ Boom-bust cycles ဟာ အချိန်ကာလ ရှည်ကြာမှု အလိုက်
ပြောင်းလဲတာ ကြာတက်ပါတယ်။
BREAKING DOWN 'Boom And Bust
Cycle'
၁၉၄၀ နှစ်လည်လောက်ကဖြစ်စဉ် တစ်ခုပါ။ အမေရိကန် ပြည်ထောင်စု ဟာ 12 boom-bust cycles experience
ရှိနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော်တို့ တည်ငြိမ်တဲ့
စီးပွါးရေး ဖွဲ့ဖြိုးမှု ကာလရှည်ကြာမှု တစ်ခုဖြစ်နေရမယ့် အစား boom and bust cycle တစ်ပတ် ဘာကြောင့် ဖြစ်ရပါသလဲ
? အဖြေကတော့ ဗဟိုဘဏ်က money supply ကို ကိုင်တွယ် လိုက်တဲ့ နည်းလမ်းကြောင့် ဆိုတာ
သွားတွေ့ပါတယ်။
Boom ကာလ တစ်ခု အတွင်း ဗဟိုဘဏ်ဟာ
ဒါကို ဘာကြောင့်လုပ်ရသလဲ ဆိုတော့ အကြွေးတွေကို အလွယ်တကူ ပြန်ရဖို့ အတွက်ပဲ
ဖြစ်ပါတယ်။ ဘယ်လိုလုပ်သလဲ ဆိုတော့ အတိုးနှုံး အနည်းငယ်ဖြင့် ချေးငွေ တွေကို
ထုတ်ချေးတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ပုဂ္ဂလိက တစ်ဦးချင်းစီ နဲ့ စီးပွါးရေး
လုပ်ငန်းများ ဟာ အလွယ်တကူ နဲ့ ဈေးပေါပေါ ငွေများကို ချေးယူနိုင်ပါတယ်။ ပြီးတော့ ပြောရရင်
technology stocks or houses ကဲ့သို့သော အဲ့ဒီမှာ ရင်းနှီးမြုပ်နှံကြပါတယ်။
လူများစွာဟာ သူတို့ရဲ့
ရင်းနှီးမြုပ်နှံမှုများမှ ၀င်ငွေ မြင့်မားစွာ ပြန်လည်ရရှိကြပါတယ်။ အဲ့ဒီအခါမှာ
စီးပွါးရေး ဟာ တဟုန်ထိုး မြင့်တက်လာကြပါတယ်။
ပြဿနာ က အဲ့ဒီမှာ စတာပါပဲ။
အကြွေးတွေဟာ ချေးဖို့လွယ်လာသလို အတိုးနှုံးတွေကလည်း သိပ်နည်းပါးလွန်းတယ်။
ဒီအချိန်မှာ ဘာဖြစ်လာသလဲ ဆိုတော့ လူတွေဟာ overinvest ဖြစ်လာပါတော့တယ်။ ဒီလိုမျိုး ရင်းနှီးမြုပ်နှံမှု
ပိုမိုလွန်ကဲလာတာကို “malinvestment” လို့ခေါ်ပါတယ်။ overinvestment ဖြစ်လာတဲ့
အတွက် supply ဟာ လိုတာထက်ပိုလာပါတော့တယ်။ အဲ့ဒီအခါမှာ လုံလောက်တဲ့ ၀ယ်လိုအား
enough demand ဟာ ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ အိမ်တွေမှာ
ရင်းနှီးမြုပ်နှံသူတွေအတွက် အိမ်တွေအားလုံးဟာ ဆောက်ပြီးကုန်ပါပြီ လို့
ပြောလို့ရပါတယ်။ ဒီတော့ bust cycle ဟာ စလာတော့တာပါပဲ။ အရာရာတိုင်း ဟာ overinvested
ဖြစ်လာတဲ့အတွက် တန်ဖိုးတွေဟာ နိမ့်ကျလာပါတော့တယ်။ ရင်းနှီးမြုပ်နှံသူ investors
တွေဟာ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတယ်။ စားသုံးသူ consumers တွေဟာ
အသုံးစားရိတ်တွေ လျော့ချလိုက်ကြတယ်။ companies တွေဟာ အလုပ်တွေ ရပ်ဆိုင်းလိုက်ကြတယ်။
ချေးငှါးသူ တွေဟာ Boom time မှာ သူတို့ရဲ့ ချေးငွေ တွေကို ပြန်လည် ဆပ်ရန်
လွယ်ကူသလောက် Bust periods မှာ ပိုမို ခက်ခဲလာကြပါတယ်။ The bust periods ဟာ
ဆုတ်လျော့ခြင်းကို ရည်ညွန်းပါတယ်။ ဆုတ်လျော့ခြင်းဟာ အထူးသဖြင့်
ပြင်းထန်ခဲ့တယ်ဆိုရင် ဒါကို depression လို့ ခေါ်ပါတယ်။ ဒါဟာ bust cycle
ဖြစ်လာတာပါပဲ။
အဲ့ဒီအခါမှာ အစိုးရဟာ ထောက်ပံ့ကြေး
တွေနဲ့ ရင်းနှီးမြုပ်နှံမှု ကို
တန်ဖိုးလျော့ကျစေအောင် ပြုလုပ်ပြန်ပါတယ်။ အစိုးရဟာ ကုမ္ပဏီတွေနဲ့ တစ်ဦးချင်း
လုပ်ငန်းတွေကို ၄င်းရဲ့ မူဝါဒ ဆိုင်ရာ တိုက်တွန်းခြင်း အားဖြင့် boom-bust cycle
ကို လည်း ဖြည့်ဆည်းပေးပါတယ်။ ဥပမာအားဖြင့် ပေါင်နှံစာချုပ် အတိုးနှုံးအပေါ်
အခွန်လျော့ချခြင်းဖြင့် ထောက်ပံ့ခြင်း ၊ အပေါင်စာချုပ် အတိုးနှုံး လျော့နည်း အောင်
ပြုလုပ်ခြင်း အားဖြင့် အိမ်ဝယ်ယူခွင့် များရရှိစေခြင်း၊ လူတွေ ပိုမိုပြီး အိမ်တွေ ၀ယ်နိုင်အောင် ထောက်ပံ့ခြင်း
အစ ရှိသဖြင့် မူဝါဒ ဆိုင်ရာ ထောက်ပံ့ခြင်း မျိုးကို ဖြည့်ဆည်းပေးပါတယ်။ ဒါဟာ Boom
And Bust Cycle ဖြစ်ပေါ်လာ တက်တဲ့ အခြေခံ အကြောင်းတရား တစ်ချို့ပဲ ဖြစ်ပါတယ်။
****Nonentity Trader
No comments:
Post a Comment